BEC-TERO TV

အမျိုးသားချင်း လိင်ဆက်ဆံသူများ လိင်အင်္ဂါကင်ဆာ ဖြစ်နိုင်ခြေများ

13 Dec 2016     2,292 Views


Human Papillomavirus ဟုခေါ်သော HPV ဗိုင်းရပ်စ်သည် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်သော အဖြစ်အများဆုံးရောဂါဖြစ်ကာ ကင်ဆင်ရောဂါဆီသို့ ဦးတည်သွားနိုင်သည်။ HPV ဗိုင်းရပ်စ်က အမျိုးသမီးများတွင် ကူးစက်ပြီး အခြေအနေဆိုးရွားပါက သားအိမ်ခေါင်းကင်ဆာ အမျိုးအစားအချို့ ဖြစ်ပေါ်စေနိုင်သကဲ့သို့ အမျိုးသားများတွင်လည်း လိင်အင်္ဂါကင်ဆာနှင့် စအိုကင်ဆာ ဖြစ်စေနိုင်သည်။
 
HPV ဗိုင်းရပ်စ် ကူးစက်ခံရသော အမျိုးသားအများစုတွင် ရေားဂါလက္ခဏာများ ပြသလေ့မရှိသော်လည်း ကြွက်နို့များ၊ အကျိတ်များ ဖြစ်ပေါ်လာပြီး ယောက်ျားအင်္ဂါ၊ ဝှေးစေ့၊ စအို၊ ပေါင်ခြံနှင့် ပေါင်၊ လည်ပင်းနောက်ဖက်တို့တွင် တွေ့ရတတ်သည်။
 
လိင်ဆက်ဆံဖော် အများအပြားရှိခြင်း၊ ကြီးကောင်ဝင်စ အရွယ်တွင် ရောဂါဖြစ်ဖူးခြင်း၊ ကိုယ်ခံအားစနစ် အားနည်းခြင်း၊ လိင်တံအရေပြားထိပ်ပိုင်းကို ဖြတ်တောက်ခြင်း၊ အသားအရေ ထိခိုက်ပျက်စီးနေခြင်းတို့ကြောင့် HPV ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ ပိုများသည်။ မျိုးပွားအင်္ဂါတွင် ကြွက်နို့များကဲ့သို့ ထူးခြားမှုများ တွေ့ရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန် အရေးကြီးသည်။ 
 
HPV ရောဂါဖြစ်ပွားမှု၏ ၉၀ ရာခိုင်နှုန်းမှာ ကိုယ်ခံအားစနစ်က သယာဝအလျှောက်တုံ့ပြန်မှုကြောင့် ၂ နှစ်အတွင်း အလိုလို ပျောက်သွားလေ့ရှိသော်လည်း အချို့ HPV ရောဂါက မျိုးပွားအင်္ဂါတွင် ကြွက်နို့များထွက်စေပြီး အခြားအမျိုးအစားကြောင့် ကင်ဆာဖြစ်နိုင်ခြေပိုများသည်။
 
အမျိုးသမီးနှင့်သာ ဆက်ဆံသောအမျိုးသားများနှင့် နှိုင်းယှဉ်ပါက ယောက်ျားခြင်းဆက်ဆံသော အမျိုးသားများတွင် စအိုကင်ဆာ၊ လိင်အင်္ဂါကင်ဆာများ ဖြစ်နိုင်ခြေ ပိုမိုများသည်။ HPV ဗိုင်းရပ်စ်အတွက် ကုသရန် ဆေးမရှိသေးသော်လည်း ဗိုင်းရပ်ကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများအတွက် ဆေးဝါးများရှိသည်။ မျိုးပွားအင်္ဂါဆိုင်ရာ ကြွက်နို့များကို မကုသပဲထားပါက ကင်ဆာအကျိတ်များ အဖြစ်သို့ပြောင်းလဲသွားနိုင်သည်။
 
Credit:7Day

13 Dec 2016     2,292 Views




RELATED

Most Popular of Health Fix

Most Popular of NEWS