BEC-TERO TV

ဆံပင်နဲ့ပက်သက်သော ပြဿနာများကို အလွယ်ဆုံး ပြန်လည်ကုစားနည်း

14 Dec 2016     1,545 Views


ဆံပင်တွေကို မကြာခဏ အရောင်ဆိုးခြင်း၊ ခေါင်းလျှော်ရည်နဲ့ ဓါတ်မတည့်ခြင်း၊ ရေမသန့်ရှင်းခြင်း စသည်အကြောင်း အမျိုးမျိုးတို့ကြောင့် ဆံပင်များ ကျွတ်ခြင်း၊ ကျဲပါးလာခြင်း ဆို့အတွက် အကုန်အကျ၊ ကရိကထမများပဲ အမြန်ဆုံး ဆံပင်တွေ ပြန်လည် ရှင်သန်လာမယ့် နည်းလမ်းလေးကို ဝေမျှပါရစေ။
 
မည်သည့် ဈေးမှာမဆို အလွယ်တစ်ကူဝယ်ယူနိုင်တဲ့ မုန့်ဖုတ်ဆော်ဒါက ကိစ အတော်များများမှာ အသုံးတည့်ပါတယ်။ နေ့စဉ်အသုံးပြုနေတဲ့ ခေါင်းလျှော်ရည်အစား မုန့်ဖုတ်ဆော်ဒါနဲ့ ခေါင်းလျှော်ခြင်းက သဘာဝနည်းနဲ့ ဆံပင်ကို သန့်ရှင်းပေးတာဖြစ်လို့ အံ့သြစေနိုင်လောက်တဲ့ ဆံပင်၏ကောင်းခြင်း ရလာဒ်တွေကို ပိုင်ဆိုင်နိုင်စေပါတယ်။ 
မုန့်ဖုတ်ဆော်ဒါနဲ့ ဘာကြောင့် ခေါင်းလျှော်သင့်လဲဆိုတဲ့ အချက် အချို့ကိုလည်း ဆက်လက်ဖတ်ကြည့်ပါဦး။
 
၁။ ဆံပင်သုံးပစ္စည်းများမှ ဓါတုဗေဒများကို ရှင်းလင်းနိုင်ခြင်း
 
ဆံပင်နဲ့ပက်သက်တဲ့ ခေါင်းလျှော်ရည်၊ ရှန်ပူ၊ ဟဲစပရေး၊ ကွန်ဒီရှင်နာ စတာတွေအားလုံးဟာ ဓာတုဗေဒပစ္စည်းများ ပေါင်းစပ်ပါဝင်တာကြောင့် ခေါင်းလျှော်လိုက်သည့်တိုင် ဆံပင်မှာ ကပ်ညိကျန်နေခဲ့ပါတယ်။ ဒီလိုကျန်နေခဲ့တာက ဆံပင်ရဲ့ သန်စွမ်းမှုကို ထိခိုက်စေနိုင်သလို သာမန်ထက်လည်း ပိုပြီး ဆံပင်ကို အဆီပြန်စေပါတယ်။ 
မုန့်ဖုတ်ဆိုဒါနဲ့ ခေါင်းလျှော်ချလိုက်ခြင်းဖြင့် လုံးဝသန့်စင်သွားစေပြီး ဆံပင်မှာ ကပ်ညိနေမှုအားလုံး ကင်းစင်သွားမှာဖြစ်ပါတယ်။
 
၂။ ကလိုရင်းကို ဖယ်ရှားပေးနိုင်ခြင်း
 
ပိုးသန့်စင်ရန် ရေတွင်ထည့်သွင်းထားသော ကလိုရင်း ကလည်း ဆံပင်ရဲ့ မူလအရောင်ကို ဖျော့တော့ အရောင်ကိုပြောင်းလဲစေနိုင်ပါတယ်၊ အထူးသဖြင့် ရေးကူးကန်တွင် ရေးကူးလေ့ရှိသူများ ကလိုရင်းပါသော ရေနှင့် မဖြစ်မနေ ထိတွေ့ရတတ်ပါတယ်။ 
ဒီလိုအခါမျိုးမှာ မုန့်ဖုတ်ဆိုဒါနှင့် ပြန်လည်ခေါင်းလျှော်ခြင်းဖြင့် ဆံပင်တွင် ကျန်နေသာ ကလိုရင်းဓါတ်များကို လုံးဝသန့်စင် ဖယ်ရှားပေးပါလိမ့်မယ်။
 
၃။ ဆံပင်သန်စေရန် ပံ့ပိုးပေးခြင်း
 
ဆိုးဆေး၊ ခေါင်းလျှော်ရည် အစရှိသည်တို့ကြောင့် သင်၏ဦးရေဖျားတွင် ဆံပင်ကျဲပါးစပြုနေပြီ၊ ဆံပင်တွေ ကျွတ်စပြုနေပြီဆိုရင်တော့ မုန့်ဖုတ်ဆော်ဒါနဲ့ ခေါင်းလျှော်ခြင်းက သင့်ရဲ့ဆံပင်တွေ ပြန်လည်ပေါက်ပွား ရှင်သန်ဖို့ကို ပံ့ပိုးကူညီမှာဖြစ်ပါတယ်။
 
 
အသုံးပြုနည်း
 
- မုန့်ဖုန်ဆော်ဒါ (၁) ဆ ကို ရေကြက်သီးနွေး (၃)ဆ နှင့် သမအောင် ရောမွှေပါ။ ဆံပင်၏ ပမာဏ အရှည်အလိုက် သင့်တော်အောင် ရောစပ်ပါ။
 
 
- ဆံပင်အရင်းမှ အဖျားသို့ ပုံမှန်ခေါင်းလျှော်သကဲ့သို့ နှံ့စပ်အောင် ပွတ်နယ်ပြီး လျှော်ပါ။
 
 
- မိနစ်အနည်းငယ်ခန့် လျှော်ပြီးရင်တော့ ရေကြက်သီးနွေးနှင့် ခေါင်းကို စင်အောင် လျှော်ပါ။
 
ရနံ့မွှေးစေရန်
 
-ေ လျှာ်ပြီးစစ်ထားသော ဆံပင်ကို ပန်းသီးရှာလကာရည် (၁)ဆ နှင့် ရေ (၄)ဆ ရောစပ်ထားသည့် ခွက်ထဲသို့ ရနံ့မွှေးပျံ့စေရန် နှစ်သက်ရာရနံ့ပါသော အဆီ(Essential Oil) ကို အနည်းငယ်ထည့်ပြီး ဆံပင်ကို နှံ့အောင်လျှော်ပွတ်ပါ။ 
 
 
ထို့နောက် ရေအေးနှင့် နောက်ဆုံးအဆင့် ခေါင်းလျှော်ချနိုင်ပါပြီ။
 

14 Dec 2016     1,545 Views




RELATED

Most Popular of Health Fix

Most Popular of Life Style