BEC-TERO TV

ဟီးရီုးအသစ် စွန်းဝူခုံးပါဝင်လာသည့် Dota 2 UPDATE

14 Dec 2016     1,847 Views


အမေရိကန်အခြေစိုက် ဂိမ်းကုမ္ပဏီ Valve က ထုတ်လုပ်သော DOTA 2 ဂိမ်းကို လစဉ်ကစားသူ  သန်းပေါင်းများစွာရှိပြီး ဒေါ်လာသန်းပေါင်းများစွာ ဆုချီးမြှင့်သည့် ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးသည်။ နောက်ဆုံးပြုလုပ်ခဲ့သည်မှာ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့တွင် ကျင်းပခဲ့သော ဘော်စတွန်မေဂျာ ပြိုင်ပွဲတွင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ သုံးသန်း အသုံးပြုခဲ့သည်။
 
Dota 2 အတွက် Update အသစ်ထွက်ရှိလာသော patch 7.00 မှာဘော်စတွန်မေဂျာဗိုလ်လုပွဲအပြီး ၂၄ နာရီအတွင်း ကြေညာခဲ့ခြင်းဖြစ်ပြီး မနှစ်က Dota 2 Source အင်ဂျင်အသစ် ပြောင်းလဲစဉ်ကထက် ပိုများသော လုပ်ဆောင်ချက် ပြောင်းလဲမှုများ ပါဝင်နေသည်။
 
ပြောင်းလဲသွားသော Dota 2 patch 7.00 တွင် User Interface အသစ်၊ ဟီးရိုးအသစ် Talent tree လုပ်ဆောင်ချက်အသစ်များသာမက ရင်းနှီးပြီးသား အသွင်အပြင်များကိုပါ ပြောင်းလဲထားသည်ကို တွေ့ရသည်။ အသစ်ပါဝင်လာသော ဟီးရိုးမှာ Sun Wukong(စွန်းဝူခုံး) ခေါ် မျောက်ဘုရင်ဖြစ်ပြီး Dota မူရင်းဂိမ်းတွင် မပါဝင်ခဲ့သော ပထမဆုံးအကြိမ် အသစ်စက်စက် Dota 2 ဟီးရိုးဖြစ်သည်။ 
ထို့ပြင် Valve က လုပ်ဆောင်လေ့ရှိသည့်အတိုင်း စွန်းဝူခုံး ဟီးရိုးအသစ်အတွက် ingame item များကိုပါ ငွေကြေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။
 
Gameplay ပြောင်းလဲမှုများ သိသာစွာ ပြုလုပ်ထားသည့် patch 7.00 တွင် ယခင် ကစားသမားများ အသားကျနေသော မြေပုံအနေအထား၊ leveling စနစ်တို့ကို အသစ်တစ်ဖန်ပြောင်းလဲထားသောကြောင့် Dota 3 ဟုပင် တင်စားပြောဆိုနေကြသည်။
 
နောက်ထပ် မေဂျာပြိုင်ပွဲကို ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တွင် ၂ဝ၁၇ ခုနှစ် ဧပြီလ၌ ပြုလုပ်မည်ဖြစ်၍ ပရော်ဖက်ရှင်နယ် ကစားသမားများအတွက် လုံလောက်သော ပြင်ဆင်ချိန် ရရှိနိုင်မည်ဖြစ်သည်။
အဆိုပါ ကိယက်ဗ်မေဂျာပြိုင်ပွဲတွင်လည်း ဆုကြေးငွေ ဒေါ်လာသုံးသန်း ထပ်မံပေးအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ အင်တာနက် ဂိမ်းဆိုင်အများစုတွင်လည်း အခြားအွန်လိုင်းဂိမ်းများထက်  Dota 2 ကစားသူဦးရေမှာ သာလွန်များပြားကြောင်း တွေ့ရသည်။
 
Credit:mmtimes
 

14 Dec 2016     1,847 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family