BEC-TERO TV

ခရီးသည် တစ်ဦးကို ငါးယောက်ဝိုင်းဝန်းထိုးကျိတ်မှုကို မ.ထ.သ ကအရေးမယူလို့ လူစုပြီးတုံ့ပြန်

22 Dec 2016     2,166 Views


လွန်ခဲ့သော တစ်ပတ်ကျော်ခန့်က ၂၃၆ ယာဉ်လိုင်း၊ ယာဉ်အမှတ် 6G/1322 မှ ဒရိုင်ဘာနှင့် စပယ်ယာများ အပါအဝင် လူ(၅)ဦးက အမှတ် ၃ လမ်းမကြီးပေါ်တွင် ခရီးသည်အမျိုးသားတစ်ဦးကို ကာပေါ်မှ ဆွဲချကာ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ 
 
အဆိုပါ ဖြစ်စဉ်အား ယာဉ်ပေါ်တွင် ပါလာသူ ခရီးသည်တစ်ဦးမှ ဗီဒီယိုမှတ်တမ်း တင်ထားခဲ့ပြီးနောက် လူမှုကွန်ယက် ဖေ့စ်ဘုတ်ပေါ်သို့ သက်ဆိုင်ရာနှင့် အများသိရှိစေရန် တင်ပေးခဲ့သော်လည်း အရေးယူမှုတစ်စုံတစ်ရာမျှ မရှိခဲ့သည့်အတွက် နောက်ရက်များတွင် မခံမရပ်နိုင်ကြသူများစုစည်းကာ အဆိုပါ ယာဉ်အမှတ် 6G/1322 ၊ ၂၃၆ ယာဉ်လိုင်းကို စီးနင်းခဲ့ပြီးနောက် ယာဉ်နောက်လိုက်နှင့် ယာဉ်မောင်းကို တုံ့ပြန်ပညာပေး ဆုံးမခဲ့ကြသည်။ ဓါတ်ပုံသက်သေနှင့်တစ်ကွ လုပ်ကိုင်ခဲ့ကြသော်လည်း သူတို့မဟုတ်ကြောင်း အကြောက်အကန်ငြင်းဆိုနေသည့် အတွက် သတိပေးဆုံးမမှုများပြုလုပ်ခဲ့ကြသည်။
 
မ.ထ.သ ယာဉ်လိုင်းများတွင် ခရီးသွားပြည်သူများအား မိုက်ရိုင်းစော်ကားခြင်း၊ ယာဉ်မဆင်မခြင် မောင်နှင်မှုများကြောင့် မကြာခဏ ပြဿနာများတက်နေရသည့်တိုင် ထိရောက်စွာ အရေးယူမှု အားနည်းခြင်းတို့ကြောင့် မော်တော်ယာဉ်လိုင်းနှင့် ခရီးသွားများအကြား နေ့စဉ်ပဋိပက္ခများ ဖြစ်ပေါ်လျှက်ရှိသည်။
 
 
Ref:လူပါးဝဘတ်စ်များရပ်(BowdawMinkyawswar)

22 Dec 2016     2,166 Views




RELATED

Most Popular of Special or Others

Most Popular of NEWS