BEC-TERO TV

ကျောက်ကပ် တခုခု ဖြစ်နေရင် သိနိုင်မယ့် လက္ခဏာများ

22 Dec 2016     2,327 Views


ကျောက်ကပ် ဟာတခုခု ဖြစ်လာရင် ထူးထူးခြားခြား လက္ခဏာ မပြတဲ့ အတွက် ရောဂါကျွမ်းတဲ့ အခြေအနေ ရောက်မှာသာ သိကြတာများပါတယ် ။ ထို့ကြောင့် အချိန်လွန်မှ သိတာ မဖြစ်ရလေအောင် ကျောက်ကပ်ရောဂါ ရဲ့ လက္ခဏာလေးတွေကို သတိထားမိအောင် ဖော်ပြလိုက်ရပါတယ် ။
 
အချိန်တိုင်းလိုလို မောပန်းနေခြင်း
 
ကျောက်ကပ် မကောင်းတော့တာနဲ့ ခန္ဓကိုယ်တွင်း အဆိပ်အတောက်တွေ များလာစေသလို သွေးမသန့်တော့တာကြောင့် မောပန်းပြီး လေးလံထိုင်းမှိုင်းလာတတ်ပါတယ် ။ အာရုံစူးစိုက်နိုင်စွမ်းလျှော့ကျလာကာ မူးဝေခြင်း ၊ အားနည်းခြင်းတွေ ဖြစ်လာပီဆိုရင် သတိထားဖို့ လိုအပ် လာပါပြီ ။ ခံတွင်းပျက်ခြင်း ၊ ကျောက်ကပ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အတွက် ခံတွင်းပျက် တာဖြစ်နိုင်သလို လျှာက ကောင်းကောင်းအရသာ မခံနိုင်တဲ့ အတွက် အလိုလိုအစားနည်းလာပြီး ကိုယ်အလေးချိန် ပါ လျှော့ကျလာစေနိုင်ပါတယ် ။
 
မျက်လုံးတစ်ဝိုက် မို့နေခြင်း
 
ကျောက်ကပ်ပျက်စီးနေတဲ့ အခါ အဆိပ်အတောက်တွေ စစ်ထုတ်နိုင်စွမ်း လျှော့နည်းလာတဲ့ အတွက် ပြတဲ့ လက္ခဏာ တခုလဲ ဖြစ်ပါတယ် ။
 
အိပ်မပျော်ခြင်း
 
ကျောက်ကပ်လုပ်ငန်းစဉ်တွေ ပုံမှန် မဟုတ်တော့ရင် ဆီးကနေ တစ်ဆင့်အဆိပ်အတောက်တွေ စွန့်ထုတ်ပစ် တဲ့ အစား သွေးထဲကို အဆိပ် အတောက်တွေ ဝင်သွားတာကြောင့် ဖြစ်ပါတယ် ။
 
 
 
ဆီးနဲ့ ပတ်သတ်ပြီး ထူးခြားမှု များ ကြုံခြင်း
 
ဆီးမကြာခဏ သွားခြင် း ၊ ဆီးအမြုပ်ထခြင်း ၊ သွေးပါခြင်း တို့ ဖြစ်လာပြီဆိုရင်တော့ မပေါ့ဆ သင့်တော့ပါဘူး ။ ခြေဆစ်လက်ဆစ်များ ရောင်ရမ်းခြင်း ဒီလက္ခဏာ ကတော့ ကျောက်ကပ်ရောဂါ မှာသာမက နှလုံး နှင့် အသည်းရောဂါ ရှိနေသူတွေမှာပါ ဖြစ်တက်ပါတယ် ။
 
အသားအရေခြောက်ပြီး ယားယံခြင်း
 
ကျောက်ကပ် ပြသာနာ ရှိနေတဲ့ အခါ ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ အာဟာရ နဲ့ သတ္တု ဓာတ်တွေမမျှတ တော့ဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေက အရေပြားဆီသို့ ရောက်သွားတဲ့ အတွက်ကြောင့် အသားအရေခြောက်ပြီး ယားယံခြင်းတွေ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ် ။
 
မူးဝေအော့အန်ခြင်း
 
ကိုယ်တွင်းအဆိပ်မတောက်တွေကို အော့အန်ခြင်းဖြင့် ထုတ်ပစ် တတ်တဲ့အတွက်ကြောင့် သတိပြုစရာ အချက်တစ်ချက်လဲ ဖြစ်ပါတယ် ။
 
 
 
ဟီမိုဂလိုဘင် လျှော့ကျခြင်း
 
ကျောက်ကပ်ပျက်စီးတဲ့ အခါ လုံလောက်တဲ့ သွေးနီဥတွေ ထုတ်ပေးနိုင်ခြင်းမရှိတော့တဲ့ အတွက် သွေးအားနည်း ရောဂါလဲ ဖြစ်လာစေပါတယ် ။
 
ဒီအချက်လေးတွေကို သတိထားပြီး ကျောက်ကပ်ရောဂါ ကိုသတိထားပြီး ရောဂါ မကြီးမားခင် အမြန်ဆုံး သက်သာ ပျောက်ကင်းနိုင်ကြပါစေ ။
 
Credit: 

22 Dec 2016     2,327 Views




RELATED

Most Popular of Special or Others

Most Popular of Life Style