BEC-TERO TV

ဆီးချိုရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မယ့်ဆေးတွေ့ရှိပြီ

23 Dec 2016     3,793 Views


ဆီးချိုရောဂါကို ကုသနိုင်မည့်ဆေး စမ်းသပ်စစ်ဆေး ရှာဖွေတွေရှိပြီဖြစ်ကြောင်း အမေရိကန် ဆီးချိုအဖွဲ့က ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ၇၅ ကြိမ်မြောက် သိပ္ပံဆိုင်ရာကဏ္ဍတစ်ခုကနေ တစ်ကမ္ဘာလုံးကို တရားဝင်ကြေညာခဲ့ပါတယ်။
 
ဆီးချိုမှာ အမျိုးအစား (၁) နှင့် (၂) နှစ်မျိုးရှိပြီး နံပါတ်(၁) ဆီးချိုဝေဒနာရှင်ဟာ အမေရိကန်နိုင်ငံ တစ်ခုထဲမှာတင် ၁.၅ သန်းလောက်ရှိနေတဲ့အတွက် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့်ဆိုပါက ဆီးချိုရောဂါဟာ ကပ်ရောဂါသဖွယ် ဖြစ်လို့နေပါတယ်။ ဆီးချိုရောဂါ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဟာ ယခုမှ အသစ်ဖော်စပ်လိုက်တဲ့ ဆေးအသစ်မဟုတ်ပဲ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာလောက်ထဲက အသုံးပြုခဲ့ဖူးတဲ့ တီဘီရောဂါကာကွယ်ဆေး အရည်ပဲ ဖြစ်ပါတယ်။  
 
အဆိုပါ ကာကွယ်ဆေးရည်ကို ထိုးသွင်းစမ်းသပ်ပြီး ခုခုံအားစနစ်၏ တုံ့ပြန်ပုံကို လေ့လာစောင့်ကြည့်ခဲ့ရာက အဆိုပါဆေးရည်ဟာ ဆီးချိုရောဂါ အမှတ်(၁)ကို ကုသလာနိုင်ကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ထိုဆေးရည်ဖြင့်ပင် ဆီးအိတ်ကင်ဆာကိုလည်း ကုသရာတွင် အသုံးပြုခဲ့ဖူးပြီး ဆီချိုဝေဒနာအတွက်ကိုတော့ ယခုမှပင် သိရှိခဲ့ခြင်းဖြစ်သည်။
 
ဆီးချိုအမျိုးအစား(၁)၏ သဘောသဘာဝမှာ လူခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က အင်ဆူလင်ကို ထုတ်လုပ်ပေးသော ဆဲလ်များ သတ်ခံလိုက်ရသည့်အတွက် အင်ဆူလင်အစား ပန်ကရိယအသေးလေးတွေထဲထိ ဒုက္ခပေးနိုင်တဲ့ တီဆဲလ်များကို ထုတ်လုပ်နေခြင်းဖြစ်သည်။ ယခုတွေ့ရှိရသော ဆေးရည်မှာ တီဆဲလ်များကို ဖယ်ရှားပေးနိုင်သော ဂုဏ်သတ္တိရှိသည့်အတွက် ဆီးချိုရောဂါ(၁) ကို သက်သာပျောက်ကင်းစေပါလိမ့်မည်။
 
စမ်းသပ်မှုများအရ ဆီးချိုဝေဒနာရှင်ကို လေးပတ်အတွင်း တီဘီဆေး နှစ်ကြိမ်ထိုးသွင်းပေးခဲ့ရာ တီဆဲလ်များအားလုံး သေကုနပြီး အင်ဆူလင် ပြန်လည်ထုတ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
 
ဘော်စတွန်မြို့ရှိ မန်ဆာချူးဆက် အထွေထွေဆေးရုံကြီးရဲ့ ကိုယ်ခံအားဇီဝဗေဒ စမ်းသပ်ခန်းမှ ညွှန်ကြားရေးမှူး ဒေါက်တာဒင်နိုက်စ်က “ဘီစီဂျီဆေးအတွက်တော်တော်စိတ်လှုပ်ရှားခဲ့ပြီး ဒီအဆင့် ၁ အခြေခံအကြိုစမ်းသပ်မှုမှာ စာရင်းဇယားအရ ကျနော်တို့ ဘီစီဂျီကို အားကြီးကြီးနဲ့ တုန့်ပြန်နိုင်မှုကို တွေ့ခဲ့ကြပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပန်းတိုင်က အပြီးသပ်ကုသနိုင်မှုပါ။   ဆီးချိုအမျိုးအစား (၁)ရှိနေတာနှစ်ရှည်ကြာပြီဖြစ်တဲ့ လူနာတွေနဲ့ ကျွန်တော်တို့ ထပ်လုပ်ကြည့်ကြမယ်ဗျာ။ ဒါဟာကာကွယ်ရေး ကြိုးစားမှုမဟုတ်ဘူး ရောဂါအရင့်စားကိုတောင်ကုနိုင်မဲ့စမ်းသပ်မှုပါ” လို့ သူကပြောခဲ့ပါတယ်။
 
ပထမအကြိမ် စမ်းသပ်မှုမှာ အသက် (၅)နှစ်ကနေ (၁၈)နှစ် လူနာတွေကို စမ်းသပ်ခဲ့တာဖြစ်ပြီး ဒုတိယ စမ်းသပ်မှုအသစ်မှာတော့ (၁၈)နှစ်ကနေ (၆၀)ကြား လူနာတွေကို ပထမ စမ်းသပ်မှုပုံစံအတိုင်း လေးပတ်မှာ နှစ်ကြိမ် ဆေးထိုးမှာဖြစ်သလို လေးနှစ်မှာ တစ်ကြိမ် ထပ်မံထိုးတာကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါတယ်။
 
အဆိုပါ ကာကွယ်ဆေးကို တစ်ကမ္ဘာလုံးက ဆီးချိုဝေဒနာရှင်များ ကုသနိုင်ရန်အတွက် ပဋိဇီဝဆေးအဖြစ် အမြန်ဆုံး ထုတ်လုပ်ဖြန့်ချိဖို့ကိုလည်း မျှော်လင့်ထားပါတယ်။
 
Credit:AungKo

23 Dec 2016     3,793 Views




RELATED

Most Popular of Health Fix

Most Popular of NEWS