BEC-TERO TV

ဗိုက်ပူနေသူ အမျိုးသား၊အမျိုးသမီးများအတွက် သက်တောင့်သက်သာနှင့် ဗိုက်ချပ်စေနည်း

25 Dec 2016     1,991 Views


အမျိုးသမီးများရော အမျိုးသား အများစုပါ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုကတော့ ဗိုက်အဆီတက်လာပြီး ဗိုက်ပူထွက်လာခြင်းပဲ ဖြစ်ပါတယ်။ ဗိုက်ပူလာတဲ့အတွက် အဝတ်အစား ဝတ်ရာမှာလည်း အခက်အခဲရှိသလို၊ ခပ်စူစူဗိုက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း နည်းလာစေပါတယ်။ အဆိုးဆုံးကတော့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေပါ ရှိလာနိုင်လို့ဖြစ်ပါတယ်။
 
လူအတော်များများက အစားအသောက် လျှော့စားရင် (သို့မဟုတ်) ညစာ လုံးဝရှောင်လိုက်ရင် ဝိတ်ကျပြီး ဗိုက်မပူနိုင်တော့ဘူးလို့ တွေးထင်တတ်ကြပါတယ်။ မှားသည်လို့ မဆိုလိုနိုင်သော်လည်း အပြည့်အဝလည်း မမှန်ပါဘူး။ ဗိုက်ပူနိုင်တဲ့ အကြောင်းအချက်တွေ အများကြီရှိပါတယ်။ ခန္ဓာကိုယ်အလေးချိန် တက်လာတာနဲ့အမျှ ဝမ်းဗိုက်သားကလည်း စူထွက်ပူလာတာကြောင့် အချိုစားလွန်းခြင်း၊ စိတ်ဖိစီးခြင်း၊ အသက်ရလာခြင်း၊ အိပ်ရေးဝ,ဝ မအိပ်စက်ရခြင်းတို့ကလည်း ကိုယ်အလေးချိန်တက်လာနိုင်တဲ့ အဓိကအကြောင်းတွေ ဖြစ်ပါတယ်။
 
အတွင်းကလီစာများ ကာကွယ်ရန်၊ လိုအပ်သည့်အခါ အားအင်အတွက် အထောက်အပံ့ဖြစ်ရန်၊ အဆိပ်အတောက်များကို ကာကွယ်ရန် အတွက် စတဲ့အချက်တွေကို လုပ်ဆောင်နိုင်ဖို့ လူရဲ့ ခန္ဓာကိုယ်ဟာ အဆီသိုလှောင်တဲ့ အလုပ်ကို မဖြစ်မနေလုပ်ဆောင်ရပါတယ်။ ဒီလိုလုပ်ဆောင်နေရင်းနဲ့ အဆီပိုတွေများလာတဲ့အခါ ဗိုက်ပူလာတာ၊ ဗိုက်ခေါက်ထူပြီး ခါးမှာ အဆီစုလာတတ်ပါတယ်။
 
ဘယ်လိုကြောင့်ပဲ ဗိုက်ပူနေပါစေ ပြေးပြေးလွှားလွှား ပြင်းပြင်ထန်ထန် လေ့ကျင့်ခန်းတွေ မလုပ်ရပဲနဲ့ ပူနေတဲ့ ဗိုက်လေး ချပ်ရပ်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်းလေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ စုလာတဲ့ အဆီပိုတွေကို ဖယ်ရှားပစ်တဲ့နည်းကတော့ သူတို့ကို လောင်ကျွမ်းစေခြင်းပဲ ဖြစ်ပါတယ်။ 
 
ယခုဖော်ပြမယ့်နည်းလမ်းဟာ အိပ်ယာထဲမှာတင် သက်တောင့် သက်သာ ပြုလုပ်နိုင်ပြီး နံနက်စာ မစားသောက်မီ တစ်ကြိမ်၊ ညအိပ်ခါနီး တစ်ကြိမ်နဲ့ တစ်ရက်ကို (၂) ကြိမ်သာ ပြုလုပ်ရန်လိုအပ်ပြီး တစ်ခါ ပြုလုပ်လျှင် ၂ မိနစ်ခန့်သာ ပြုလုပ်ရန် လိုသည့်အတွက် သက်တောင့်သက်သာနှင့် အလွယ်ကူဆုံး ဗိုက်ချပ်စေနိုင်မည့် နည်းလမ်းတစ်ခုဖြစ်၍ နေ့စဉ် မှန်မှန်ပြုလုပ်ရန်သာ အရေးကြီးပါသည်။
 
>>လုပ်ငန်းစဉ်<<
 
၁) ညီညာပြန့်ပြူးသော နေရာတွင် ပက်လက်အနေအထားနှင့် သက်တောင့်သက်သာ လဲလျောင်းပါ။
 
၂) ဝမ်းဗိုက်ပြင်၏ ညာဘက်အပိုင်းတွင် ညာဘက်လက်ကို လက်ဝါးဖြန့်အနေအထားနဲ့ ထားပါ။
 
၃) ဖြန့်ထားသော ညာဘက် လက်ခုံပေါ်သို့ ဘယ်ဘက်လက်ဝါး ဖြန့်ပြီး ထပ်လျှက်အုပ်ပါ။
 
၄) လက်နှစ်ဖက် ဟန်ချက်ညီစွာဖြင့် ဝမ်းဗိုက်ညာဘက်ဘေးမှ အပေါ်သို့တွန်းပြီး ဝမ်းဗိုက် ဘယ်ဘက်ခြမ်းသို့ ပွတ်တွန်းပြီး ဝမ်းဗိုက်၏ ဘေးသားနေရာများကို စက်ဝိုင်းလှည့်သကဲ့သို့ တစ်ဖြည်းဖြည်း ပွတ်တွန်းပါ။  မှတ်ချက်။  ။ ညာမှဘယ်သို့ ညာဝိုက်သာ ပြုလုပ်ရမည်။
 
၅) ဝမ်းဗိုက်ပူနွေးလာသည်ကို ခံစားရရမိပါက အဆီများ စတင်လောင်ကျွမ်းနေကြောင်း ခံစားရမိပါလိမ့်မည်။
 
နှစ်မိနစ်ခန့် ပုံမှန်ပွတ်နယ်ပေးခြင်းဖြင့် အဆီပိုများ လောင်ကျွမ်းကာ ဗိုက်ချပ်ချပ်ရပ်ရပ်နှင့် ဖက်ရှင်ကျကျ ဝတ်စားနိုင်သော အချိုးအစားကို ပြန်လည်ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းလိုပါက အချိုရှောင်ကျဉ်ခြင်း ကယ်လိုရီနှင့် အဆီများပါသော အစားအသောက်များကို လျှော့ချခြင်းဖြင့် ဗိုက်ပူခါးတုတ် မဖြစ်စေရန် ထိန်းသိမ်းနိုင်ပါသည်။
 
>>သတိပြုရန်<<
 
ဖော်ပြပါ လေ့ကျင့်ခန်းကို အစာများများစားပြီးချိန်၊ ကိုယ်ဝန်ဆောင်သယ်များ၊ အစာအိမ်ရောဂါရှိသူများ၊ ကိုယ်တွင်းကလီစာ ရောဂါဝေဒနာကြောင့် ခွဲစိပ်ကုသမှုခံယူဖူးသူများ အတွက် မသင့်တော်ပါသဖြင့် မပြုလုပ်ပါရန် သတိပေးအပ်ပါသည်။
 
လေ့ကျင့်ခန်း အပြည့်အစုံကို ပိုမိုသဘောပေါက် နားလည်စေရန် ဗီဒီယိုသင်ခန်းစာနှင့်တစ်ကွ ဖော်ပြပေးလိုက်ပါသည်။
 

 


25 Dec 2016     1,991 Views




RELATED

Most Popular of Health Fix

Most Popular of Life Style