BEC-TERO TV

“The Wonderful World of Disney On Ice 2017” ၂၀၁၇ အံ့ဖွယ်ကမ္ဘာဒစ်စနေး ဖျော်ဖြေပွဲကြီး လာပါပြီ

27 Dec 2016     1,540 Views


၂၀၁၇ ခုနှစ် “The Wonderful World of Disney On Ice” အံ့ဖွယ်ကမ္ဘာ ဒစ်စနေးရဲ့ ရေခဲပြင်ပေါ် ဖျော်ဖြေပွဲကြီးကို မတ်လ (၃၀)ရက်ကနေ ဧပြီလ (၂) ရက်နေ့ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ပါတော့မှာဖြစ်ပါတယ်။ 
 
 
ဒစ်စနေးရဲ့ ကမ္ဘာကျော် “Frozen” ဇာတ်ကားထဲက အန်နာ(Anna)၊ အယ်လ်ဆာ(Elsa) ညီအစ်မနှစ်ဦးတို့နဲ့အတူ ကလေးလူကြီးတိုင်း ချစ်ကြတဲ့ မစ်ကီမောက်စ်၊ မီနီမောက်စ်၊ ဒေါ်နယ်လ်ဒတ်ခ်နဲ့ ဂူလ်ဖီတို့က ပါဝင်ဖျော်ဖြေပေးကြမှာဖြစ်ပါတယ်။
 
 
ရဲတိုက်ထိပ်ဖျားမှာ တစ်ဦးထဲနေရတဲ့ ထူးခြားတဲ့ ရွှေရောင်ဆံပင်အရှည်ပိုင်ရှင် ရပန်ဇယ်လ်(Rapunzel)၊ ကောင်းဘွိုင်ဝတ်စုံနဲ့ “Toy Story” ထဲက ဝူဒီ(Woody) တို့ကလည်း ဒစ်စနေးရဲ့ နာမည်ကြီး လူကြိုက်များတဲ့ ဇာတ်ကောင်ပေါင်း ၅၀ ကျော်နဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေကို ပရိသတ်တွေဆီ ယူဆောင်လာပါတော့မယ်။
 
 
ထူးထူးခြားခြား ရေခဲပြင်စကိတ်နဲ့အတူ ခမ်းနားလှပတဲ့ အပြင်အဆင်များနှင့် ဒစ်စနေးရဲ့ နာမည်ကြီး ဇာတ်လမ်း ဇာတ်ကွက်များကို ကြက်သီးထရလောက်အောင် ဖျော်ဖြေတင်ဆက်မှာမို့ လက်မလွတ်သင့်တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။
 
 
အံ့ဖွယ်ကမ္ဘာဒစ်စနေး ရေခဲပြင်ဖျော်ဖြေမှုကို ထိုင်းနိုင်ငံ ဘန်ကောက် “Impact Arena, Muang Thong Thani” ဇာတ်ရုံကြီးများ ပြုလုပ်မှာဖြစ်ပါတယ်။ လက်မှတ်များကို ဇန်နဝါရီ (၁၄)ရက်နေ့မှ စတင်၍ “Thai Ticket Major” အရောင်းဆိုင်များတွင် ကြိုတင်လက်မှတ်များကို ဝယ်ယူနိုင်ပါပြီ။
 
လက်မှတ်ဈေးနှုန်းများကို ထိုင်းဘတ် (၆၀၀) စထားပြီး ၂၀၁၇ ဇန်နဝါရီ (၁၄ မှ ၃၁) အတွင်း ဝယ်ယူသူတိုင်းကို အထူးဈေးနှုန်းအဖြစ် ၂၀% လျှော့ပေးသွားမှာ ဖြစ်ပါတယ်။
 
(၁၉ ဒီဇင်ဘာ ၂၀၁၆) မှ (၃၁ ဇန်နဝါရီ ၂၀၁၇) အတွင်း www.bectero.com တွင် အွန်လိုင်းပုံစံနှင့် ဝယ်ယူသူများအတွက်လည် ၂၀% လျှော့ပေးသွားမှာ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 
 
 
 
>>The Wonderful World of Disney On Ice (30 March – 2 April) 2017<<
 
**ကျင်းပမည့်နေရာ**
 
- Impact Arena, Muang Thong Thani, Bangkok, Thailand
 
 
**လက်မှတ်ဝယ်ယူရန် နေရာများ**
 
- Thai Ticket Major အရောင်းဆိုင်များ
 
**ဆက်သွယ်ရန်**
 
- 01 556 817 (Myanmar)
- 01 549 297 (Myanmar)
- 0-2262-3838 (Thailand)
 
 
** ဖျော်ဖြေပွဲနှင့်ပက်သက်သော သတင်းအသစ်များ ဖတ်ရှုရန် **
 
- @BEC_Tero_Ent on Twitter
- BECTERO_ENTERTAINMENT on Instagram
 
 

27 Dec 2016     1,540 Views




RELATED

Most Popular of Concerts & Events

Most Popular of NEWS