BEC-TERO TV

အင်္ကျီရောင်းလို့ ရတဲ့ ငွေနဲ့ ပရဟိတအလှူလုပ်မယ့် စန္ဒီမြင့်လွင်

03 Jan 2017     1,204 Views


Queen ဒီဗီဒီစတင်ဖြန့်ချိ မည့် ဇန်န၀ါရီ ၇ ရက်တွင် ရောင်းချပေးမှာ ဖြစ်ပြီး တစ်ထည်ကို ကျပ်တစ်သောင်းခွဲဖြစ်ပါတယ်။ စီးပွားရေး အနေနဲ့ လုပ်ဖြစ်တာ မဟုတ်ပဲ အမှတ်တရ အနေနဲ့ ကြုံတဲ့ အချိန် ပရဟိတလုပ်ချင်တဲ့ စိတ်ဖြစ်လာတဲ့ အချိန်မှာ ထုတ်ရောင်းဖြစ်မှာ လဲဖြစ်ပါတယ်။ လိုချင်လို့ အော်ဒါတွေ အများကြီးထပ်မှာရင်တော့ လုပ်ဖြစ်မှာပါ ။အဓိက ကတော့ အလှူလုပ်ချင်တာပါ ။အမြဲတန်းတော့ လုပ်ဖြစ်မှာ မဟုတ်ပါဘူးလို့ ပြောထားပါတယ် ။

‘‘အခွေရောင်းလို့ရလာတဲ့ အမြတ်ကို ပရဟိတလုပ်ချင်ပေ မယ့် အခွေရောင်းရတာနဲ့ ဒီးဒီတို့ ရိုက်ထားတာတွေက ပြန်ပြီး အ မြတ်အစွန်းမရတာတွေရှိတယ်။ အခုဆိုပိုဆိုးတာက အွန်လိုင်းက နေ ဗီဒီယိုတွေရှယ်ကြတယ်။ ဒေါင်း လုတ်တွေ လုပ်ကြတယ်ဆိုတော့ ဒီးဒီတို့အတွက် အများကြီးနစ်နာ တာရှိတယ်။ အဲဒီအတွက် တစ်ခု စဉ်းစားတယ်။ Queen အခွေထွက်မယ့် အမှတ်တရအနေနဲ့ Queen အမှတ်တံဆိပ်နဲ့ အင်္ကျီတွေကို ချုပ်ပြီးရတဲ့ အမြတ်အစွန်းတွေကို ပရ ဟိတအနေနဲ့ ကလေးသူငယ်တွေ၊တခြား HIV/AIDS ရောဂါခံစား နေရတဲ့ ကလေးငယ်တွေကို လှူ ဒါန်းသွားမယ်’’လို့ပြောထားပါတယ် ။

စန္ဒီမြင့်လွင်၏ စတုတ္ထမြောက်တစ်ကိုယ်တော်အခွေ ဖြစ်တဲ့ Queen ဒီဗီဒီ ကို ဇန်န၀ါရီ ၇ ရက်တွင် ဖြန့်ချိ ပေးမှာ ဖြစ်ပြီး Junction Square အပြင်ဘက် ဧရိယာမှာ ပရိုမိုးရှင်းပွဲပြုလုပ်မှာဖြစ်ပြီး ဇန်န၀ါရီ ၈ ရက်နေ့မှာ မန္တလေးမြို့ Amazing Shopping Mall အပြင်ဘက်ဧရိယာတွင် ပရိုမိုးရှင်းပွဲပြုလုပ်မှာလဲ ဇြစ်ပါတယ် ။

Credit:7day daily


03 Jan 2017     1,204 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment