BEC-TERO TV

သင်သိရင် ပျော်ရွှင်သွားမယ့် နေ့စဉ်ဘဝမှာ အသုံးဝင်သော နည်းလမ်း(၂၀)

03 Jan 2017     1,983 Views


၁။ သော့ကွင်းထဲကို သော့တံတစ်ခု ထပ်ချိပ်ဖို့ လက်နဲ့ဆွဲခွာရင် အခန့်မသင့်တဲ့အခါ လက်သည်းတွေ ထိခိုက်နာကျင်နိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ စတယ်ပလာပင်နှုတ်တဲ့ ပစ္စည်းလေးသုံးလိုက်ရင် လွယ်ကူပြီး အန္တရာယ်လည်းကင်းပါတယ်။
 
 
၂။ ပဲပြုတ်ထားတဲ့အိုး ဒါမှမဟုတ် ငပ်ရည်ကြိုအိုးတည်ထားပြီး ပွက်ပွက်ဆူလာတဲ့အခါ အမြုတ်တွေဝေမကျစေတဲ့နည်းကတော့ အိုးအဖုံးကိုဖွင့်ထားပြီး သစ်သားယောက်မတစ်ချောင်း ကန့်လန့်ဖြတ်တင်ထားလိုက်ပါ။
 
 
၃။ ပေါင်မုန့်ထုတ်လေးတွေမှာ သက်တမ်းကုန်ဆုံးတဲ့နေ့ကို ရေးသားထားတဲ့ ပလပ်စတစ် ကော်ပြားလေးတွေကို မလွှင့်ပစ်နဲ့နော်… လိုအပ်တဲ့အခါ ဒီလိုတွေလည်း အသုံးပြုနိုင်ပါသေးတယ်။
 
 
 
၎။ အချို့ပစ္စည်းတွေကို (ဥပမာ နားကျပ်) ပလပ်စတစ်အမာစားနဲ့ ပါကင်ပိတ်ထားတတ်ပါတယ်။ အဲဒါလို ပစ္စည်းတွေကို ဖွင့်ဖို့အတွက် စည်သွပ်ဗူးဖောက်တံကသာ အလွယ်ကူးဆုံးဖြစ်ပါတယ်။ အန္တရာယ်မဖြစ်အောင် နဲနဲတော့ ဂရုစိုက်ပေါ့။
 
 
၅။ ခရီးသွားတဲ့အခါ တယ်လီဖုန်းအားသွင်းတဲ့ ချာဂျာမပါလို့ စိတ်မညစ်သွားပါနဲ့ အားသွင်းကြိုးပါလာတဲ့အခါ တည်းမယ့်ဟိုတယ်အခန်းထဲက တီဗီရဲ့အနောက်က USB ပေါက်နဲ့ ချိပ်ပြီးသာ အားသွင်းလိုက်ပါ။
 
 
၆။ စာရွက်စာတမ်းတွေ ညှပ်တဲ့ ကလစ်နဲ့သာဆိုရင် ကွန်ပျူတာကြိုး၊ အားသွင်းကြိုး စတာတွေကို အလုပ်စားပွဲဘေးမှာ သပ်သပ်ရပ်ရပ် စီစီရီရီနဲ့ အလွယ်တစ်ကူ သုံးနိုင်ပါပြီ။
 
 
၇။ ဘေဇင်ပိုက်ခေါင်းကရေကို လိုအပ်လို့ ရေပုံးကြီးထဲ ထည့်ချင်တယ်ဆိုရင်တော့ အမှိုက်လှည်း ဂေါ်ပြားအသန့်နဲ့ဆိုရင် အဆင်ပြေပြီပေါ့။
 
 
၈။ Ice-Coffee ကြိုက်တတ်သူတွေအတွက် ကော်ဖီရည်ကို ရေခဲခွက်လေးတွေထဲထည့်ပြီး အအေးခံထားတဲ့အခါ သောက်ချင်တဲ့အချိန်ကျတော့ ကော်ဖီခဲလေးတွေ ဖန်ခွက်ထဲ ထည့်ရုံပဲပေါ့။
 
 
၉။ ခရီးသွား၊ အပြင်သွားရင် ရေအေးအေးလေးတာရှည်ခံအောင် ယူသွားဖို့ဆိုရင် ရေဗူးထဲကို ရေတစ်ဝက်ထည့်ပြီး ခဲခန်းထဲမှာ လှဲရက် အအေးခံထားလိုက်ပါ။ အပြင်သွားချိန်ကျ ကျန်တဲ့တစ်ဝက်ကို ရေဖြည့်လိုက်တာနဲ့ ရေအေးအေးလေး ရပြီပေါ့။
 
 
၁၀။ အိမ်မှာ သော့တွေများလွန်းလို့ ရောပြီး ခဏခဏစိတ်ညစ်နေရင် လက်သည်းနီ အရောင်လေးတွေနဲ့ ခွဲပြီးမှတ်ထားလိုက်ပါ၊ ဖက်ရှင်လဲကျ မှားလည်း မမှားတော့ဘူးပေါ့။
 
 
၁၁။ ဆေးသုတ်တဲ့အခါ သရေကွင်းအကြီးတစ်ခုကို ဆေးပုံးရဲ့ အလယ်မှာ ပတ်ထားလိုက်ရင် ဆေးတွေကို အစက်မကျအောင် စုတ်တံစစ်လို့ရပြီလေ။
 
 
၁၂။ ဖုန်းအတွက် စပီကာတစ်လုံး အမြန်လိုနေလား တစ်ရှုးလိပ်ရဲ့ အလယ်က အဝိုင်းလိပ်လေးနဲ့ စပီကာ ဖုန်းစတန်းတစ်ခု လုပ်လို့ရပါတယ်။
 
 
၁၃။ ချောင်းသာ၊ ငွေဆောင်တို့လို ကမ်းခြေတွေမှာ ရေထဲဆင်းတဲ့အခါ အခန်းသော့၊ ပိုက်ဆံ စတာတွေကို လိုးရှင်းဗူးအဟောင်းလေးထဲ ထည့်ယူသွားတာက လုံခြုံတယ်၊ သယ်ရတာလဲ ပေါ့ပါးတယ်လေ။
 
 
၁၄။ အင်္ကျီချိပ် ချိပ်ဖို့ နေရာမရှိတော့ဘူးလား အအေးဗူးတွေရဲ့ ထိပ်ကကွင်းလေးတွေက ကူညီနိုင်ပါတယ်၊ သိမ်းထားနော်။
 
 
၁၅။ ဖန်ခွက်ထဲ ထည့်ထွန်းတဲ့ ဖယောင်းတိုင်ကို မီးညှိဖို့ဆိုရင် အီတလီခေါက်ဆွဲ စပါဂတ်တီ အချောင်းလေးတွေကို မီးတို့ပြီး မီးကူးနိုင်ပါတယ်။
 
 
၁၆။ မိုဘိုင်းအားသွင်းကြိုးတွေ ရေရှည်ခံဖို့အတွက် မသုံးတော့တဲ့ ဘောပင်အဟောင်းလေးတွေက စပရိန်လေးတွေ စွပ်ထားလိုက်ပါ။
 
 
၁၇။ စတော်ဘယ်ရီသီးရဲ့ အညှာလေးတွေကို အအေးသောက်တဲ့ ပိုက်တဲ့လေးတွေနဲ့ လွယ်လွယ်လေး ဖောက်ထုတ်လို့ရတယ်နော်။
 
 
၁၈။ အိမ်သာသုံးစက္ကူ တစ်ရှုးလိပ်ထဲက အလယ်ကွင်းလေးတွ မလွှင့်ပစ်ပါနဲ့ အားသွင်းကြိုး၊ ဝါယာကြိုးတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် သိမ်းနိုင်ပါတယ်။
 
 
၁၉။ ရေခဲသေတ္တာထဲမှာ ဖောက်ပြီးသား အထုတ်လေးတွေ သပ်ရပ်လှပဖို့ဆိုရင်လည်း စာအုပ်ညှပ်ကလစ်ကို အသုံးပြုနိုင်ပါတယ်။
 
 
၂၀။ သွားတိုက်ဆေးကို သုံးပြီး ကားရှေ့မီးလုံးတွေ ပြောင်လက်သွားအောင် တိုက်ပေးလို့ရတယ်ဆိုတာသိရင် သင်ပျော်သွားမလား။
 

03 Jan 2017     1,983 Views




RELATED

Most Popular of Idea Can Do

Most Popular of Life Style