BEC-TERO TV

မီနီအယ်လ်ဘမ်သစ်တွဲပြီး ထွက်ဖို့စီစဉ်ထားတဲ့ သူတို့ညီအမ

05 Jan 2017     1,241 Views


သရုပ်ဆောင်အပိုင်းကော အဆိုပိုင်းမှာပါ နာမည်ရနေတဲ့ အကယ်ဒမီ စိုးပြည့်သဇင်တစ်ယောက် အမ ဖြစ်သူ စန္ဒီမြင့်လွင်နဲ့ တွဲပြီး မီနီအယ်လ်ဘမ် သစ်ကို ဇန်နဝါရီလတွင်ထွက်ရှိသွားမှာ ဖြစ်ပြီးOnline ကနေဖြန့်ချီရောင်းချမှာလဲ ဖြစ်ပါတယ် ။ သီချင်းအပုဒ်ရေ(၂)ပုဒ်ပါဝင် မှာ ဖြစ်ပြီးဂျေမောင်မောင်နဲ့မိုးထက်တို့မှက ရေးသားပေးထားပါတယ် ။

''စိုးပြည့်ဒီခွေလေးကိုဇန်နဝါရီလကုန်ပိုင်းမဟုတ်ရင်လလယ်ပိုင်းအတွင်းထွက်ရှိနိုင်အောင်တော့စီစဉ်နေတယ်မဒီးဒီကလည်းQueen Mtv ထွက်ထားတော့စိုးပြည့်က Online ကနေဘဲဖြန့်ဖို့စီစဉ်ထားတာဖြစ်တယ်ဒီခွေလေးမှာ သီချင်းဟောင်းတစ်ပုဒ်ပါတယ်ဘယ်သီချင်းလည်းဆို တာတော့မပြောသေးဘူးသီချင်းအဟောင်းကိုစိုးပြည့်ဟန်လေးနဲ့ပြန်ဆိုထားတာဆိုတော့မူလအဆိုတော်ထက် မကောင်းရင်တောင်အကောင်းဆုံးကြိုးစားသီဆိုထားတယ်နောက်ပြီးမဒီးဒီနဲ့စိုးပြည့်တို့ညီအမတွေရဲ့အမှတ်တရတစ်ခုဆိုလည်းမမှားဘူးနောက်ပြီးစိုးပြည့်သရုပ်ဆောင်ပိုင်းထက်အဆိုပိုင်းကိုပိုလုပ်ဖြစ်နေတယ်သရုပ်ဆောင်ပိုင်းကိုလည်းသေချာပြန်လုပ်မယ်ဒီနှစ်တွင်းမှာစိုးပြည့်ဇာတ်ကားကြီးတွေရိုက်ဖို့လက်ခံထားတာလည်းရှိပါတယ်အနုပညာနဲ့ပတ်သတ်ရင်အကောင်းဆုံးလုပ်ဆောင်ဖြစ်နေပါတယ်''လို့ပြောထားပါတယ် ။

Credit:posh magazine 


05 Jan 2017     1,241 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment