BEC-TERO TV

Chokerတွေနဲ့ဆံပင်ကိုအလှဆင်နည်း

06 Jan 2017     1,427 Views


အများသိသားကြတဲ့  Chokerတွေက လည်ပင်းမှာပဲ ၀တ်ပြီး အလှဆင်လို့ ရတာမဟုတ်ပါဘူး။ ဆံပင်မှာလည်း အမျိုးမျိုးအလှဆင်လို့ရပါသေးတယ်။ ကိုယ့်ရဲ့ Chokerလေးတွေက ချစ်စဖွယ်Crystalလိုမျိုးလေးတွေပါဝင်တယ်ဆိုရင် Fairy Princessလေးလိုမျိုး အလှဆင်လို့ရပါတယ်။

ဆံပင်ကို တစ်ဝက်စည်းပြီးနောက်မှာ ကျစ်ဆံမြီးပုံစံလေးပေါ်ကိုမှ အပေါ်ကနေ Chokerလေးထပ်လို့ရပါတယ်။Bobby Pinလေးတွေကို သုံးပြီး ဆံပင်ရဲ့အဆုံးနှစ်ဖက်မှာ ထိန်းထားပေးလို့ရပါတယ်။ ပိုနီတေးလ်လေးစီးတဲ့အခါ ကိုယ့်ရဲ့ခေါင်းစီးကွင်းကရိုးရှင်းနေတယ်ဆိုရင် Chokerလေးကို ပတ်ပြီး အလှဆင်လို့ရပါတယ်။

Chokerတွေကို ခေါင်းစီးပတ်အနေနဲ့လည်းသုံးလို့ရပါသေးတယ်။ ကိုယ့်ရဲ့Chokerလေးက ကျောက်တွေပန်းပွင့်လေးတွေပါတယ်ဆိုရင်တော့ ဘီးကုတ်ပုံစံလေးအဖြစ်သုံးလို့အရမ်းလှသွားပြီပေါ့။

ငါးရိုးပုံစံကျစ်ဆံမြီးကို ခပ်ပွပွဒီဇိုင်းဖော်ထားတဲ့အပေါ်မှာ ခပ်ရှည်ရှည် Chokerလေးကို ထပ်လိုက်တာကလုံးဝကိုမိန်းမဆန်ပြီး ချစ်စရာကောင်းနေမှာအသေအချာပါပဲ။ အခုဆို ဆံထုံးကို Messy Bunပုံစံလေးတွေထုံးလာကြတော့ ဆံထုံးမှာလည်း Accessoryတစ်ခုလို ဆင်ယင်လို့ရပါတယ်။


06 Jan 2017     1,427 Views




RELATED

Most Popular of Special or Others

Most Popular of Life Style