BEC-TERO TV

အစာမကြေဖြစ်ခြင်း အကြောင်းအရင်း

06 Jan 2017     1,345 Views


မိမိစားသောက်လိုက်သည့် အစားအစာများကြောင့် တစ်ခါတစ်ရံ အစာမကြေခြင်း ၊ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်းနှင့်အတူ မအီမသာ ဖြစ်နေတက်သည့်ကို လူတိုင်းခံစားနာကျင်မိကြမှာပါ ။ အစာမကြေဖြစ်ပါလာပါ ဝမ်းဗိုက်နာကျင်လာမည် ၊ ရင်တွေပူလာမည် ၊ လေတက်လေပွ ဖြစ်ပြီး လေချဉ်တွေတက်လာတက်ပါသည် ။ အစာအိမ်အတွင်း အက်ဆစ်ဓာတ်များလွန်ကဲမူ့ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါဘူး ။ အစာမကြေခြင်း ( indigestion ) ဖြစ်ရခြင်းသည် အစာ လမ်းကြောင်းတွင်းရှိ အစားအစာများချေဖျက်ရန်အတွက် အစာချေအင်ဇိုင်များ လုံလောက်မူ့မရှိ ခြင်းကြောင့်ဖြစ်ပါသည် ။
 
တစ်ချို့အစားသောက်ကို စားသည့်အခါ ဗိုက်အပြည့်စားသောက်တက်ရုံတွင် မကဘဲ ထပ်မံ စားသောက် တက်ခြင်းသည် မကောင်းပါ ။ အစားသောက်စားပြီးတိုင်း အရည်တစ်မျိုးမျိုး သောက်ဖို့အတွက် ချိန်ဆ စားဖို့လည်း အထူးသတိထားသင့်ပါသည် ။ စားကောင်းလိုက်တာဆိုတာနဲ့ အတင်းစားသောက်နေ ရင် အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်လာတက်ပါသည် ။ ဒီလိုဘာကြောင့်ဖြစ်ကြတာပါလဲ အစားအစာကို လွန်ကဲစွာစားတက်ခြင်း၊ အရက်ကို အလွန် အကျွံသောက်သုံးတက်ခြင်း ၊ အစာမကြေလွယ်သော အစားအစာများကို စားသုံးမိခြင်း ၊ ဆေးလိပ် အသောက်များခြင်း ၊ စိတ်ဖိစီးမှု့များ ပြီး အစားအစာများကို စားသုံးမိခြင်း ၊ မိမိ စားသောက်နေသည့် အစာများကို ကြေညက်အောင် ဝါးမစားခြင်း နှင့် လက်ဖက်ရည် ကော်ဖီ လက်ဖက်များ လွန်ကဲစွာ စားသောက်ခြင်း တို့ပင်ဖြစ်ပါသည် ။
 
တစ်ချို့တွေမှာ အစာလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့်လည်း ဖြစ်တက်ကြပါသည် ။ အသက်ငယ်သူတွေထက် အသက်အရွယ်ကြီးသူတွေမှာ လှုပ်ရှားမူ့နည်းပါးလာသောကြောင့် အစာချေအင်ဇိုင်းထုတ်လုပ်မှု့ကျဆင်းခြင်းကြောင့် အဖြစ်များကြပါသည် ။ အစာမကြေမဖြစ်ဖို့ အကောင်းဆုံးကတော့ အစာမကြေခြင်းကို ဖြစ်ပေါ်စေနိုင်သည့် အစားသောက်များကို ရှောင်ကျဉ်စားသောက်ခြင်းပင် ဖြစ်ပါသည် ။
 
ဒါကြောင့် ကုသခြင်းထက် ကာကွယ်ခြင်းသည် အကောင်းဆုံးပါလို့ဆိုချင်ပါသည် ။
 
Credit

06 Jan 2017     1,345 Views




RELATED

Most Popular of Special or Others

Most Popular of Life Style