BEC-TERO TV

ဘယ်တော့မှ မရိုးသွားတဲ့ Jean Style

09 Jan 2017     1,351 Views


Undone Overalls

ဒီ ဒီဇိုင်းလေးကတော့ သက်တောင့်သက်သာရှိပြီး ပေါ့ပါးလတ်ဆတ်တဲ့ စတိုင်လ်ဖြစ်စေမှာပါ။ အရေးကြီးတာက အပေါ်အင်္ကျီFitting ကျကျနဲ့  တွဲဝတ်ပါမှဖက်ရှင်နဲ့  တသားတည်းဖြစ်ပြီး ပေါ်လွင်နေမှာပါ။

Trench Coat

Classicဖြစ်တဲ့ ဒီ ဒီဇိုင်းက ဂျင်းသားနဲ့ ဆိုတော့ ခေတ်ဆန်တဲ့ ပုံပေါက်သွားပါတယ်။ ဂျင်းဘောင်းဘီအဖြူရောင်နဲ့ တွဲဝတ်လိုက်ရင် ပြီးပြည့်စုံသွားပါပြီ။

Ripped & Repaird Jeans

အ၀တ်စတွေ ထပ်ပိုးချုပ်ထားပြီး ဒီဇိုင်းလုပ်ထားတဲ့ ဂျင်းထည်တွေကလည်း မတူညီတဲ့ ဖက်ရှင်ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။

Paper-Bag Pants

ခါးမြင့်ကြိုးစည်း ဒီဇိုင်းဘောင်းဘီရှည်က နည်းနည်းတော့ရှားပါတယ်။ ဒါက ယောကျာ်းလေးဆန်တဲ့ Boyfriend Jeans ကို မိန်းကလေးဆန်တဲ့ ခါးမြင့်ဒီဇိုင်းလေးနဲ့  ပေါင်းစပ်ထားတာပါ။

Fitted Jumpsuit

အပေါ်အောက် တစ်ဆက်တည်း ဂျင်းဝတ်စုံက ခပ်ထက်ထက် ၊ ခပ်မိုက်မိုက် မိန်းကလေးတစ်ဦးအဖြစ် ပုံဖော်ပေးမှာပါ။

Faded Jacket

အောက်က ဘယ်လိုဝတ်စုံပဲဝတ်ထား ၀တ်ထား ၊ အပေါ်ကနေ အရောင်လွင့်လွင့် ဂျင်းဂျက်ကက် ထပ်ဝတ်လိုက်တာနဲ့ ခေတ်နဲ့  တစ်သားတည်း လိုက်ပါစီးမျောနိုင်ပါပြီ။

Boxy Dress

တစ်ဆက်တည်း ဂျင်းဂါဝန်ဝတ်စုံတိုက ချစ်စရာကောင်းပြီး နေ့ လယ်ပိုင်းအချိန်တွေကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်ပါတယ်။ ဖက်ရှင်ပိုကျအောင်လို့  ကြိုးသိုင်းဖိနပ် အပါးလေးနဲ့ သာ တွဲဖက်လိုက်ပါ။

Credit :  T-club Myanmar


09 Jan 2017     1,351 Views




RELATED

Most Popular of Special or Others

Most Popular of Life Style