BEC-TERO TV

ကြက်ဟင်းခါးပင်​ ဆေးဘက်ဝင်

12 Jan 2017     1,842 Views


မြန်မာနိုင်ငံ နေရာ အနှံ့အပြား၌ စိုက်ပျိုးသည်။ သဘာဝ အလျောက် ပေါက်ရောက်သော ကြက်ဟင်းခါးငယ်မျိုးလည်း ရှိသည်။စိုက်ပျိုးပင် ဖြစ်သည်။အစေ့ကို တိုက်ရိုက်ချ၍ စိုက်ပျိုးနိုင်သည်။ စိုက်ချိန်မှာ မိုးဦးတွင် တန်ခူးမှ နယုန် ၊ မိုးနှောင်းတွင် သီတင်းကျွတ်မှ တန်ဆောင်မုန်းဖြစ်သည်။ စိုက်ခင်းမြေအား ကောင်းစွာပြုပြင်ပြီး မြေဆွေးနှင့် နွားချေးရော၍ ချပေးကာ တစ်ပင်နှင့် တစ်ပင် ၂ ပေ ၊ တစ်တန်းနှင် တစ်တန်း ၃ ပေ ခြား၍ စင်ခံပေးရမည်။
 
ခြံစည်းရိုးများတွင်လည်း စိုက်နိုင်သည်။ စိုက်ကျင်းတစ်ကျင်းလျှင် ၃ စေ့မှ ၅ စေ့အထိ ချပြီး စိုက်နိုင်သည် ။ မြန်မာနိုင်ငံ အလယ်ပိုင်း တွင်မူ လယ်ကွင်းများ၌ တစ်ကျင်းနှင့် တစ်ကျင်း ၄ ပေ ခွာ၍ စိုက်ကြသည်။ ပေါင်းလိုက်ခြင်း ၊ မြေဆွခြင်း လုပ်ငန်းများကို လိုအပ်သလို ပြုလုပ်ပေးရမည်။ ခဝဲ ၊ သခွားကဲ့သို့ အညွန့် များကို ဆိတ်ပစ်နိုင်လျှင် အသီးများသည်။ စိုက်ပြီး ရက်ပေါင်း ၇၅ မှ ၉၀ ရက်အတွင်း အသီး သီးသဖြင့် ခူးယူသုံးစွဲနိုင်သည်။

Item Name ------- Bitter Gourd (ၾကက္ဟင္းခါး)

Category ---------- Raw Material

Botany Term ------ Momordica charantia Linn

Species Family ---- Cucurbitaceae

►အသုံးဝင်ပုံ အရွက် ၊ အသီ ။

►အာနိသင်

မြန်မာဆေးကျမ်း များ အလိုအရ ခါး၏ ၊ စပ်ရှားရှားရှိ၏ ။ အေး၏ ၊ ကြေကျက်လွယ်၏ ၊ ဝမ်းကို သက်စေ၏ ၊ ပိုးကို နိုင်၏ ၊ ဆာလောင်ခြင်းကို ဖြစ်စေတတ်၏ ၊ သည်းခြေသလိပ်ကို နိုင်၏ ။ မျက်စိရောဂါ ၊ ယောနိ၌ ဖြစ်သောရောဂါများ ၊ သွေးအားနည်းခြင်း ၊ ဆီးနှင့် စပ်သောရောဂါများကို ပျောက်စေသည်။

►အရွက်အသုံးပြုပုံ

၁။ ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက်ထည့်၍ ၃ ခွက် တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။ ၂။ အရွက်ကြိတ်ညှစ်ရည်ကို သောက်လျှင် အူတွင်းရှိ ရောဂါပိုးများကို သေကြေပျက်စီး၏ ။ ၃။ ကြက်ဟင်းခါးရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသည်းရောင်၍ အသားဝါသောရောဂါ ပျောက်ကင်း၏။ 
 
၄။ မူးမော်ခြင်းလည်း ပျောက်ရန်လည်းကောင်း ၊ညှော်ခံဆေးအဖြစ်လည်းကောင်း ၊ ကြက်ဟင်းခါးရွက်ကိုချေ၍ ရှူပေးရ၏။ ၅။ အဖျားကို နိုင်သော သတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါပျောက်၏။ ၆။ ခွေးရူးကိုက်သောနေရာများတွင် အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ်ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။

►အသီးအသုံးပြုပုံ

၁။ ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်တွင် သွေးလူးသော် လည်ချောင်းရောင်သောရောဂါ ပျောက်ကင်း၏ ။ ၂။ ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလဝမ်းရောဂါ ပျောက်ကင်း ၏ ။ ၎င်းအရည်တွင် ပျားရည် အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။ ၃။ အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။
 
မြန်မာ့ဆေးဖက်ဝင်အပင်များ ♥မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။♥

Credit : health.thithtoolwin


12 Jan 2017     1,842 Views




RELATED

Most Popular of Health Fix

Most Popular of Life Style