BEC-TERO TV

Selena Gomez နဲ့The Weekend တွဲနေကြပြီလား

13 Jan 2017     1,254 Views


Selena Gomez နဲ့The Weeknd တို့ဟာ အချစ်ဟောင်းတွေကို စိတ်ပြတ်သွားပြီး ချစ်ဇာတ်လမ်း စတင်နေပုံရပါတယ်။ဘယ်လိုမှထင်မထားတဲ့ သူတို့နှစ်ဦးဟာ ကယ်လီဖိုးနီး ယားပြည်နယ် Santa Monica မြို့က Giorgio Baldi အီတလီစားသောက် ဆိုင်မှာ dinner date လုပ်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ဖက်နေ၊ နမ်းနေ တဲ့ ပုံတွေဇန်န၀ါရီလ(၁၁)ရက်နေ့က ထွက်ပေါ်လာခဲ့ပါတယ်။ 

ဓါတ်ပုံတွေကိုတော့ TMZ ကနေ တင်လိုက်တာဖြစ်ပါတယ်။အသက်(၂၄)နှစ် အရွယ်ပေါ့စတား Selena Gomez က (၂၆)နှစ်အရွယ်ကနေဒါအဆိုတော် The Weeknd ကိုသိုင်းဖက်ထားပြီး စားသောက်ဆိုင်ထဲကနေ ထွက်လာခဲ့ပါ တယ်။Selena ရဲ့မျက်နှာမှာ အပြုံးပန်းတွေဝေနေသလို၊ အနမ်းပန်းတွေ လည်းခြွေခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးကလည်းဂျင်းနဲ့ဂျက်ကတ်ကိုဝတ်ထားပါတယ်။

The Weeknd ဟာအသက်(၂၀)အရွယ် နာမည်ကျော် မော်ဒယ် Bella Hadid နဲ့နှစ်နှစ်လောက်တွဲခဲ့ပြီး နိုဝင်ဘာလက လမ်းခွဲခဲ့တာပါ။Selena ကလည်းဂျက်စတင်ဘီဘာနဲ့အချိန်အတော်ကြာလက်တွဲခဲ့ပြီး (၂၀၁၄)ခုနှစ်က လက်တွဲဖြုတ်ခဲ့သူပါ။Revival အယ်လ်ဘမ်(2015)နဲ့အောင်မြင်မှုရခဲ့သူ Selena Gomez ဟာ အမေရိကန်ဖက်ရှင် Brand Coach နဲ့ကန်ဒေါ်လာ (၁၀)သန်းတန်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ပြီးခဲ့တဲ့လက သတင်းထွက်ခဲ့ပါတယ်။

The Weeknd ဟာလည်း GQ magazine ရဲ့ဖေဖော်ဝါရီလ မျက်နှာဖုံးမှာ ပါဝင်ခဲ့ပါတယ်။ ဖက်နေ၊နမ်းနေတဲ့ ဓါတ်ပုံတွေထွက်လာပြီးနောက် ဇန်န၀ါရီလ(၁၁) ရက်နေ့ လယ် ပိုင်းလောက်မှာတော့ The Weeknd ရဲ့ချစ်သူဟောင်း Bella Hadid က Selena Gomez ကို Instagram မှာ Unfollow လုပ်ပစ်ခဲ့ တယ်လို့ သိရပါတယ်။

Credit:Shwemom


13 Jan 2017     1,254 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment