BEC-TERO TV

စားသောက်ဆိုင်အတွင်း ၅ နှစ်သမီးလေး အလောင်းကို ဖွက်ထားပြီး ကလေးပျောက်တိုင်ကြား

13 Jan 2017     1,243 Views


အိုဟိုင်းအိုးပြည်နယ် ကန်တုန်မြောက်ပိုင်းရှိ မိဘနှစ်ဦးက သူတို့ရဲ့ ၅ နှစ်အရွယ် သမီးငယ်လေး ပျောက်ဆုံးကြောင်း ရဲဌါနကို လာရောက် လိမ်လည်တိုင်ကြားခဲ့ပြီးနောက် ရဲအဖွဲ့က ရှာဖွေရာတွင် သူတို့ပိုင်ဆိုင်သော စားသောက်ဆိုင်ထဲတွင် ဖွက်ထားသော ကလေးငယ်၏ အလောင်းကို တွေ့ရှိခဲ့သည်။
 
သေဆုံးသူ ကလေးငယ်လေး၏ အမည်မှာ အက်ရှ်လေကျိုး ဖြစ်ပြီး မိခင်ဖြစ်သူ မင်းမင်းချန်း အသက် (၂၉) နှစ်က ဇန်နဝါရီလ ၉ ရက်နေ့တွင် ကလေးကို သူမ၏လက်သီးနှင့် အကြိမ်ကြိမ် ထုရိုက်ခဲ့ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူ လိုင်ကျိုး အသက် (၃၄)နှစ်က သမီးငယ်ကို ထိန်းဖို့လာကြည့်တဲ့အခါတွင် ကလေးငယ်၏ ပါးစပ်ထဲမှ အစိမ်းရောင်အရည်များ အန်ထွက်နေသည်ကို တွေ့ရတဲ့အပြင် အသက်မရှုတော့ကြောင်း သိရ၍ အရေးပေါ်ကယ်ဆယ်နည်း အသက်ရှုအားကူနည်း(CPR) သုံးခဲ့ပေမယ့်လည်း ကလေးမှာ သေဆုံးသွားခဲ့သည်။
 
အဲဒီနေ့ ညနေမှာပဲ ရဲစခန်းသို့ သွားကာ ကလေးပျောက်တိုင်ကြားခဲ့သည်။ ရဲကမေးမြန်ခဲ့ရာတွင် ကလေးမှာ နေ့ခင်းတစ်ရေးအိပ်မည်ဟု ဆိုကာ စာသောက်ဆိုင်ထဲ ဝင်သွားပြီးနောက် ရှာမတွေ့တော့ကြောင်း လိမ်လည်ကာ တိုင်တန်းခဲ့သည်။ ရဲများက စားသောက်ဆိုင်အတွင်း လိုက်လံစစ်ဆေးခဲ့ရာ သိပ်မကြာမီမှာပဲ ရေခဲသေတ္တာနားမှာ ဖွက်ထားတဲ့ ကလေးရဲ့ အလောင်းကို တွေ့ရှိသွားခဲ့ပါတယ်။
 
အဆိုပါအမှုအတွက် လင်မယားနှစ်ဦးစလုံးကို လူသတ်မှု၊ ပြင်ပြင်းထန်ထန် ညှင်းပန်းနှိပ်စက်မှုတို့နှင့် တရားစွဲဆိုခဲ့သည်။ စားသောက်ဆိုင်ကိုလည်း အပြီးတိုင် ပိတ်ပစ်ပြီး အဆိုပါနေရာကို ကလေးငယ် အက်ရှ်လေ အောက့်မေ့ဖွယ်နေရာအဖြစ် ယာယီပြုလုပ်ခဲ့သည်။ စားသောက်ဆိုင်သို့ လာရောက်စားသုံးလေ့ရှိသူများက အက်ရှ်လေဟာ ချစ်စရာကောင်းပြီး ပေါင်းတတ်သင်းတတ်တဲ့ ကလေးတစ်ဦးဖြစ်ကြောင်း စိတ်မကောင်းစွာနဲ့ ပြောဆိုခဲ့ကြသည်။
 

13 Jan 2017     1,243 Views




RELATED

Most Popular of Special or Others

Most Popular of NEWS