BEC-TERO TV

လူကြီးတွေကို ဒုက္ခပေးတာ မဟုတ်ပါဘူး ဆိုပြီး အဖိုးအိုသရုပ်ဆောင်ကို အွန်လိုင်းက ရှာဖွေနေတဲ့ ဒါရိုက်တာညိုမင်းလွင်

16 Jan 2017     1,399 Views


ထူးထူးခြားခြား ဇာတ်လမ်း ဇာတ်ကွက်လေးတွေ ဖန်တီးပြီး ပရိသတ်အခိုင်အမာ ရလာတဲ့ ဒါရိုက်တာ ညိုမင်းလွင်က အခုတစ်ခါ စာရေးဆရာမင်းသိင်္ခရဲ့ နာမည်ကြီး ဝတ္ထုတစ်ခုဖြစ်တဲ့ “မနုစာရီ” ကို ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းရန် စီစဉ်နေပါတယ်။ အဲဒီဇာတ်ကားမှာ အရေးကြီးတဲ့နေရာမှာ ပါဝင်ရမယ့် သရုပ်ဆောင်သစ် အဖိုးအိုတစ်ဦးကို ရှာဖွေနေကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
 
ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမည့် မနုစရီ ဇာတ်ကားတွင် မနုစာရီအကြောင်းရေးထားသည့် စာအုပ်ကြီးကို ဖတ်ပြရမည့် တရုပ်ဘုန်းကြီးအို “ဝဲ့လူဝင်း” ရဲ့ နေရာမှာ ဝင်ရောက်သရုပ်ဆောင်ရမည့် အဖိုးအို အစစါမှန်တစ်ဦးကို ရှာဖွေနေခြင်းဖြစ်သည်။ 
သရုပ်ဆောင်လုပ်ရန် ဝါသနာအခံရှိသော အဖိုးအိုများ၊ ငယ်စဉ်က သရုပ်ဆောင်အလုပ်နဲ့ လွဲချော်ခဲ့ရဖူးတဲ့ အဖိုးများအတွက် ယခုအခွင့်အရေးဟာ သူတို့ရဲ့ ဘဝအိမ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။
 
 
သရုပ်ဆောင်ရွေးချယ်ပွဲအဖြစ် ကျင်းပရွေးချယ်မှာ မဟုတ်ပဲ သရုပ်ဆောင်လိုသူ အဖိုး၏ ဓါတ်ပုံ၊ အမည်၊ နေရပ်လိပ်စာတို့ကို Facebook Messenger ကနေတစ်ဆင့် ဖေဖော်ဝါရီ လကုန် နောက်ဆုံးထားကာ သူ့ထံကို ဆက်သွယ် ပေးပို့လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။ သရုပ်ဆောင်လုပ်ဖို့ အိမ်မက်မက်ဖူးတဲ့ အဖိုးအိုတွေကိုလည်း Titanic ဇာတ်ကားထဲက အသက်ရှစ်ဆယ်ကျော် အဖွားအို သရုပ်ဆောင် Gloria Stuart ကို ဥပမာပြကာ အိမ်မက်တွေကို လက်မလျှော့ကြဖို့ အားပေးထားပါတယ်။ လုပ်လဲ လုပ်တတ်ပ ကိုညိုရာ…။
 

16 Jan 2017     1,399 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS