BEC-TERO TV

သီတင်းကျွတ်မှာ မင်္ဂလာဆောင်တော့ မယ့် ခင်ဇာခြည်ကျော်

16 Jan 2017     1,324 Views


ရုပ်ရှင်သရုပ်ဆောင် ခင်ဇာခြည်ကျော် (ဇာလေး ) ဟာ သူမရဲ့ ချစ်သူ တင်ကိုကိုလတ်နဲ့ ဒီနှစ်သီတင်းကျွတ်လောက်မှာ မင်္ဂလာပွဲ လုပ်ဖို့ စီစဉ်နေတယ်လို့ လဲ သိရပါတယ် ။ ဇာလေးဟာ ချစ်သူ ရှိတဲ့ အမေရိက မှာရောက်ရှိနေပါတယ်။ သိနေတာ ကြာနေပေမယ့် သီချင်းသွားဆိုရင်းတွေ့ ဖြစ်ကြရင်း ဇာလေး သူငယ်ချင်းကနေတဆင့် ရင်းနှီးခဲ့ တာပါလို့ လဲ ပြောထားပါတယ် ။

သူမ ရဲ့ ချစ်သူ တင်ကိုကိုလတ် က မြန်မာနိုင်ငံကို လဲ မပြန်ဖြစ်တာကြာနေပြီ ဖြစ်တဲ့ အတွက် အလည်လာရင်း မြန်မာနိုင်ငံမှာ မင်္ဂလာဆွမ်းကျွေး ပြုလုပ်မှာပါ ။အမေရိကားမှာ မင်္ဂလာဆောင်မယ်လို့ လဲ စိတ်ကူးထားပါတယ်တဲ့ ။ ကလေးတွေ အပေါ်ကိုလဲ ဖိခင် တစ်ယောက်ကို စိတ်ထားပေးနိုင်တဲ့ သူတစ်ယောက်ပါ ကလေးတွေနဲ့ လဲ ရင်းနီးပြီး အမြဲ စကားပြောဖြစ်ပါတယ် ။

အဘက်ဘက် က အဆင်ပြေလို့ မင်္ဂလာ ကိစ္စကို ဇာလေးတို့ စဉ်းစားခဲ့ တာပါလို့ လဲ ပြောသွားခဲ့ ပါတယ် ။ ဒီဇင်ဘာ ၂၉ ထဲက နယူးယောက်ကို ရောက်နေခဲ့ ပြီး ဖေဖော်ဝါရီလောက်မှ ပြန်လာဖြစ်မှာ လဲ ဖြစ်ပါတယ်။ လက်ထပ်ပြီးရင်တော့ ဟိုတစ်လှည့် ဒီတလှည့်နေဖြစ်ကြမှာပါ ။ ခင်ပွန်းလောင်း က ဟိုမှာလဲ အလုပ်ရှိတယ် ဇာလေးက ဒီမှာ အလုပ်ရှိနေတဲ့ အတွက်ကြောင့် အတူတူသွားလိုက်ပြန်လိုက် လုပ်ကြမှာပါလို့ ပြောသွားခဲ့ ပါတယ် ။

Credit:Oasis


16 Jan 2017     1,324 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment