BEC-TERO TV

မြန်မာ့လောက်လေးဂွ အစွမ်းဖြင့် မိခင်ကိုကူညီခဲ့တဲ့ ထိုင်းနိုင်ငံရောက် ကရင်အမွှာညီနောင်

17 Jan 2017     3,157 Views


ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ ကရင်လူမျိုး အမြွှာညီနောင် နှစ်ဦးက ထိုင်းနိုင်ငံရဲ့ Super 10 ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေ လက်ဖျားခါသွားအောင် မြန်မာ့လောက်လေးဂွအစွမ်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ သူတို့ညီနောင် နှစ်ဦးဟာ အသက် ၁၁ နှစ်အရွယ်သာ ရှိသေးပေမယ့် အမေ့အပေါ် အလွန်အလိုက်သိတဲ့ ကလေးများဖြစ်ပါတယ်။
 
မိုးလင်းတာနဲ့ မွေးထားတဲ့ ဝက်တွေကို အစာကျွေး မိခင်ကို ဝိုင်းဝန်းကူညီပြီးတာနဲ့ ညီအစ်ကိုနှစ်ယောက် လောက်လေးဂွ အပြစ်ကျင့်တော့တာပါပဲ။ လောက်လေးဂွ ပစ်ကစားတယ်ဆိုတာကလည်း သူတို့မိသားစုဟာ ဆင်းရဲလွန်းတဲ့အတွက် အခြားကစားစရာ ပစ္စည်းတွေလဲ မဝယ်နိုင်တဲ့အတွက် အဖိုးဖြစ်သူက သစ်သားနဲ့ လုပ်​ပေးထားတဲ့ လောက်လေးဂွလေးကသာ သူတို့အတွက် တစ်ခုတည်းသော ကစားစရာဖြစ်ခဲ့ပါတယ်။
 
အိမ်ခေါင်မိုးကမလုံတာကြောင့် ရေယိုနေရတဲ့ အခန်းလေးထဲမှာ အိပ်စက်ရတဲ့ မိခင်ကို မိုးလုံလေလုံနဲ့ ကောင်းကောင်းမွန်မွန် အိပ်စက်စေချင်တာ သူတို့ရဲ့ အကြီးမားဆုံး ဆန္ဒဖြစ်ပါတယ်။ အဲဒီဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည်လား ဆိုတဲ့မျှေော်လင့်ချက်နဲ့ Super 10 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
 
ခပ်ဝေးဝေးမှာ ထောင်ထားတဲ့ သံဗူးလေးတွေကို မှန်အောင် ပစ်နိုင်ထဲက ဒိုင်တွေ အရမ်းသဘောကျနေပါပြီ၊ ဒါပေမယ့် ၆ စင်တီမီတာလောက်သာ အဝကျယ်တဲ့ ရေဗူးထဲကို ဝင်အောင် ပစ်ပြလိုက်တဲ့အခါမှာတော့ ဒိုင်တွေ မတ်တပ်ရပ်မှင်သက် မိသွားပါတယ်။ ဒီလောက်နဲ့ မကသေးပဲ ရေသန့်ဗူးအဝ ကျဉ်းကျဉ်းလေးကနေ ဗူးထဲကိုဝင်အောင် အဝေးက လှမ်းပစ်သွင်းပြတဲ့အခါမှာတော့  ဒိုင်တွေအားလုံး စင်ပေါ်တက်ပြီး ချီးကျူးခဲ့ကြပါတယ်။
 
ပြိုင်ပွဲပြီးလို့ နှစ်ပတ်ခန့်အကြာမှာ Super 10 အဖွဲ့က သူတို့နေထိုင်ရာ ချွန်ပူလီဒေသကို လာ​ရောက်ခဲ့ပြီးနောက် အိမ်အမိုးကို ပြုပြင်ပေးခဲ့ကြပါတယ်။ မိမိကျွမ်းကျင်တဲ့ အတတ်နဲ့ မိဘကို ကူညီခဲ့တဲ့ ကရင်နွယ်ဖွား အမြွှာက​လေးငယ် နှစ်ဦးကြောင့် မြန်မာ့လောက်လေးဂွအစွမ်းကို ထိုင်းကသာမက ကမ္ဘာကပါ ဗီဒီယို ဖြန့်ဝေမှုကတစ်ဆင့် သိရှိသွားကြပြီဖြစ်ပါတယ်။

17 Jan 2017     3,157 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment