BEC-TERO TV

အိုင်ဖုန်းတစ်လုံးအတွက် အသက်ပေးသွားခဲ့ရသူ

18 Jan 2017     1,304 Views


ဇန်နဝါရီလ ၄ ရက်နေ့ ညသန်းခေါင်ကျော်အချိန်မှာ အသက် ၂၆ နှစ်အရွယ် ဝါဆင်ဆိုသူ လေဆိပ်ဝန်ထမ်းဟောင်းတစ်ဦး အိမ်သို့ လမ်းလျှောက်ပြန်လာရာလမ်းတွင် ဆိုင်ကယ်စီးလားသူ နှစ်ဦးက သူရဲ့  iPhone 7 ကို အတင်းဝင်ရောက် လုယက်ခဲ့ပါတယ်။ ဝါဆင်က ပြန်လည်းခုခံကာကွယ်တဲ့အချိန်မှာ လုယက်သူတစ်ဦးက သူ့ကို ဓါးဖြင့် အကြိမ်ကြိမ် ထိုးသွင်းခဲ့သော်လည်း လက်မလျော့ပဲ ဆက်လက် ကာကွယ်နေသည့်အတွက် လုယက်သူက နောက်ဆုံးမှာ သူ့ရဲ့ လည်မျိုကို ထိုးစိုက်ချလိုက်ပါတယ်။ 
 
အဆိုပါအမှုအတွက် သံသယရှိသူ တရားခံနှစ်ဦးဖြစ်သည့် ကီတီကွန်း ဝီကာဟာ(၂၆ နှစ်) နှင့် ဆူပတ်ချိုင်း ချန်ဆရီ (၂၅ နှစ်) တို့ကို ပြစ်မှု လေးခုနဲ့ ထိုင်းတရားရုံးက တရားစွဲဆိုခဲ့ပါတယ်။ အဖြစ်အပျက်မတိုင်မီက အမျိုးသမီးတစ်ဦး၏ အိတ်ကို ဖြတ်ယူပြေးခဲ့ပြီး ရှစ်မိနစ်ခန့်အကြာတွင် လူသတ်ကာ အိုင်ဖုန်းရယူခဲ့သလို နောက်ထပ် နာရီအနည်းငယ်အကြာမှာတော့ အမျိုးသမီးတစ်ဦးရဲ့ အိုင်ဖုန်းကို ခိုးယူခဲ့ပြန်ပါတယ်။
 
ဝါဆင်ကို ဓါးဖြင့်ထိုးကာ iPhone 7 ကိုယူသွားခဲ့သော်လည်း ပိုက်ဆ့အိတ်ကိုမူချန်ထားခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြခဲ့သည်။ ပြစ်မှုများအတွက် တရားခံနှစ်ဦးမှာ သေဒဏ်ကျခံရဖွယ်ရာရှိကြောင်း သတင်းရရှိသည်။
 
မှတ်ချက်။   ။ သတင်းနှင့်အတူ ပူးတွဲဖော်ပြထားသော ဗီဒီယိုတွင် စိတ်မချမ်းမြေ့စရာများ ပါဝင်သောကြောင်း ကြည့်ရှုသူများ သတိပြုဆင်ခြင်ပါရန်။
 
Source:ဘန်ကောက်ပိုစ့်
 

18 Jan 2017     1,304 Views




RELATED

Most Popular of Special or Others

Most Popular of NEWS