BEC-TERO TV

ကျောက်တည်ခြင်းကင်းဝေးရန် သံပရာရည် သောက်ပါ

18 Jan 2017     1,406 Views


သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့် နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ သံပရာရည် အများအပြား သောက်သုံးပေးခြင်း အားဖြင့် အစားအစာတွင်ပါဝင်သော ကယ်လ်စီယမ်၊ ပရိုတိန်းနှင့် ဆားဓာတ်ပမာဏများကို လျှော့ချပေးသွားနိုင်ကြောင်း ယူစီဆန်ဒီယာဂိုကျောက်တည် ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရိုဂါအယ်လ်ဆာက ပြောကြားလိုက်သည်။ သံပရာရည်တွင် ဆီထရစ်အက်စစ် (အချဉ်ဓာတ်အက်စစ်) ပါဝင်မှုပမာဏမြင့်မားကြောင်း တွေ့ရသည်။

ထိုသံပုရာရည် လေးအောင်စကို ရေနှစ်လီတာဖြင့်ရော၍ နေ့စဉ်သောက်သုံး ပေးခြင်းအားဖြင့် လူနာတစ်ဦးချင်းစီတွင် ကျောက်ကပ်ကျောက်တည်မှု ဖွဲ့စည်းချင်းနှုန်းကို ၁ ဒဿမ ၀၀ မှ ၀ ဒဿမ ၁၃ အထိ လျော့ကျသွားစေနိုင်ကြောင်း သိရသည်။ အခြား သစ်သီးဖျော်ရည်များတွင် ဆီထရစ်အက်စစ်ပါဝင်မှု ပမာဏနည်းပါးပြီး များသောအားဖြင့် ထိုအရည်များတွင် ကျောက်ကပ်ကျောက်တည်မှုဖြစ်စေသည့် အဓိက အစိတ်အပိုင်း တစ်ရပ်ဖြစ်သော အောက်ဆဲလ်လိတ်နှင့် ထုံးဓာတ်များအ ပိုပါဝင်နေကြောင်း သိရသည်။
 
‘ဆာ’၏ အဆိုအရ အချို့သောသူများသည် မိမိတို့၏ ကျောက်ကပ်တဲတွင် သေးငယ်သော ထုံးကျောက် အတုံးကလေးများ ဖွဲ့စည်းဖြစ်ပေါ်နေခြင်းကိုပင် သိရှိခြင်း မရှိကြောင်း၊ ၎င်းတို့သည်ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ကာ ပြင်းထန်သော နာကျင်မှု ဖြစ်ပေါ်လာသည်အထိပင် သိရှိခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ကျောက်ကပ်ထဲတွင် ကျောက်တည်အခါ ဖြစ်ပေါ်လာသည့် အရိပ်လက္ခဏာသုံးရပ်မှာ ကျောနှင့် ဝမ်းဗိုက်ပိုင်းနာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်းနှင့် ပျို့အန်ချင်စိတ်ဖြစ်ခြင်း တို့ဖြစ်ကြောင်း သိရသည်။
 
Credit : health.thithtoolwin

18 Jan 2017     1,406 Views




RELATED

Most Popular of Special or Others

Most Popular of Life Style