BEC-TERO TV

Google Pixel XL က iPhone 7 Plus ထက် ပိုစွမ်းတဲ့ အချက်ငါးချက်

18 Jan 2017     1,228 Views


Google ရဲ့ စမတ်ဖုန်းဖြစ်တဲ့ Pixel XL ရဲ့ Features တွေဟာ iPhone နဲ့ယှဉ်နိုင်ကြောင်းသိရပါတယ်။ ဒီလို ယှဉ်နိုင်တဲ့ အချက်တွေကတော့-

(၁) – Pixel XL မှာ USB-C Port ကို အထောက်အပံ့ပေးထား တာကြောင့် အားသွင်းတဲ့အခါမှာ iPhone 7 Plus ထက်ပိုမိုမြန်ဆန်ကြောင်းသိရပါတယ်။

(၂) – စမ်းသပ်ချက် သတင်းများအရ ဖုန်း၂ခု ယှဉ်ပြီးအားသွင်းတဲ့အခါ ၁နာရီ အတွင်းမှာ Pixel XL က 57% ရှိပြီး 7 Plus က 37% သာ အားဝင်ကြောင်းသိရပါတယ်။

(၃) – Android နဲ့ iOS ၂ ခုလုံးမှာ Low-Battery Power Saving Mode ရှိပါတယ်။ Pixel XL မှာ Battery Saving အတွက် နောက်ထပ် Features တစ်ခု ရှိပါတယ် အဲဒါကိုတော့ “ Doze” လို့ခေါ်ပါတယ်။ ဖုန်း Screen ကို အကြာကြီးဖွင့်ထားမိတဲ့အခါမှာ Doze Features က မပိတ် မိဘဲ ဖွင့်ထားတဲ့ Apps အကုန်လုံး ကို Sleep mode အဖြစ် ပိတ်ပေးပါတယ်။ You May Also Like: “E-Books တွေ Free ဒေါင်းလုတ်ဆွဲနိုင်တဲ့ ဝက်ဆိုဒ်များ”

(၄) – Resolution ပိုင်းအရ Pixel XL ဟာ iphone 7 Plus ထက်ပိုမြင့်တာကိုတွေ့ရပါတယ်။ Pixel XL ရဲ့ Resolution ကတော့ 1440 x 2560 P ရှိပြီး iPhone 7 Plus ကတော့ 1080 x 1920 P သာရှိကြောင်းတွေ့ရပါတယ်။ ဒါ့အပြင် Pixel XL ဟာ AMOLED Capacitive Screen အသုံးပြုထားပါတယ်။

(၅) – iPhone 7 Plus ရဲ့ အလေးချိန်ဟာ 188g ရှိပြီး Pixel XL ကတော့ 168g သာရှိတာကြောင့် သယ်ဆောင်ရတာ ပိုမို ပေါ့ပါးစေပါတယ်။

Credit : akhayar


18 Jan 2017     1,228 Views




RELATED

Most Popular of Special or Others

Most Popular of NEWS