BEC-TERO TV

စွန့်ပစ်ပစ္စည်း ကုမ္ပဏီထောင်ပြီး ကောလိပ်တက်ရန် ငွေစုဆောင်းတဲ့ အသက် ၇ နှစ်သား

18 Jan 2017     1,273 Views


အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှ အသက် ၇ နှစ်သားလေးသည် ယခုအချိန်ကတည်းက ကောလိပ်တက်ရန် ငွေစုဆောင်းသည့် အနေနှင့် စွန့်ပစ်ပစ္စည်းများ စုဆောင်းရောင်းချသည့် ကုမ္ပဏီတစ်ခုကို ထူထောင်ကာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း Inhabitat သတင်းတွင် ဖော်ပြထားသည်။ရိုင်ယန် ဟစ်မန်းအမည်ရသည့် ကလေးသည် အသက်သုံးနှစ်သား ကတည်းက အော်ရင်းကောင်တီ အရပ်တွင် ရေသန့်ဘူးခွံများကို စုဆောင်းသည့် လုပ်ငန်းများကို ဖခင်နှင့်အတူ လုပ်ဆောင်နေခဲ့သူဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။သူသည် အသက် ၇ နှစ်သားလောက် ကတည်းက ရေသန့်ဘူးခွံနှင့် အခြားစွန့်ပစ်ဘူးခွံများကို အိမ်နီးချင်းများထံက စုဆောင်းပြီး လုပ်ငန်းများ စတင်လုပ်ဆောင်နေသူ ဖြစ်သည်။

ရိုင်ယန်သည် Ryan’s Recycling ကုမ္ပဏီကို ထူထောင်ပြီး လုပ်ငန်းကို စတင်လုပ်ကိုင်ရာ၌ စုစုပေါင်း ရေသန့်ဘူးခွံပေါင်း နှစ်သိန်းကျော်ကို ရောင်းချပြီး ဒေါ်လာ ၁၀၀၀၀ ဖြင့် လုပ်ငန်းကို စတင်လည်ပတ်လျက် ရှိကြောင်း Inhabitat တွင် ရေးသားထားသည်။ရိုင်ယန်သည် မိမိတို့ ရပ်ကွက်အတွင်းရှိ အိမ်များသို့ ပလတ်စတစ်အိတ် အလွတ်များ လိုက်လံပို့ဆောင်ကာ ရေသန့်ဘူးခွံနှင့် သံဘူးခွံအလွတ်များကို ထည့်ပေးထားပါရန် မေတ္တာရပ်ခံပြီး စုဆောင်းမှုများကို စတင်လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ယခုအခါ သူစုဆောင်းထားသည့် စွန့်ပစ်ပလတ်စတစ်ဘူးခွံနှင့် သံဘူးခွံပေါင်းမှာ ပေါင် ၄၉၀၀၀ ခန့်ရှိနေပြီး အပတ်စဉ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုရန် လုပ်ဆောင်ပေးနေသည့် စက်ရုံကို ပို့ပေးကာ ငွေရှာလျက်ရှိသည်။

ရိုင်ယန်က သူ၏ Website တွင်လည်း မိမိရှာဖွေနေသော ငွေများမှာ တက္ကသိုလ်တက်ရန် ဖြစ်ပြီး ယခုအခါ ငွေ ဒေါ်လာတစ် သာင်းခန့် စုဆောင်းမိနေပြီ ဖြစ်ကြောင်း၊ မကြာမီ ကိုယ်ပိုင်အမှိုက်ကားတစ်စီးကို ဝယ်ပြီး အိမ်များတွင် လိုက်သိမ်းပေးရန် ရည်ရွယ်ထားကြောင်း ရေးသားထားသဖြင့် သူ့အပေါ် ကရုဏာသက်သူများက လှူဒါန်းထားသည့် ငွေပေါင်းမှာ ၁၆၂၄ ဒေါ်လာရရှိနေပြီ ဖြစ်သည်။သူက ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများကြောင့် ငှက်များစားမိပြီး ဒုက္ခရောက်ကာ သေဆုံးနေကြရကြောင်း၊ လူများစွန့်ပစ်ပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမည့်အစား မိမိက စုဆောင်းကာ ကုသိုလ်လည်းရ ဝမ်းလည်းဝ သဘောဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ရိုင်ယန်သည် မြို့တွင်း၌ အမှိုက်များ စွန့်ပစ်ရန် အမှိုက်ပုံးများ လိုက်ထားပေးခြင်း၊ သူ့ကို ကူညီသူများအား ၁၃ ဒေါ်လာတန် တီရှပ်များ ပေးဝေခြင်းအပြင် ပတ်ဝန်းကျင် သန့်ရှင်းရေးများကို လုပ်ဆောင်နေသောကြောင့် သူ့ကို Pacific Marine Mammal Center ကလည်း လူငယ်သံအမတ်အဖြစ် ခန့်အပ်ထားခြင်း ခံရသူ ဖြစ်သည်

Credit: voice 


18 Jan 2017     1,273 Views




RELATED

Most Popular of Special or Others

Most Popular of NEWS