BEC-TERO TV

ပဲငံပြာရည်နဲ့ အသင့်ချက် ဟင်းအနှစ်ထုတ်တွေကအစ သတိထားရတော့မယ် စားသောက်ကုန်အတုများ

19 Jan 2017     1,566 Views


တရုပ်နိုင်ငံလုပ် စားသောက်ကုန် အတုတွေရဲ့ အန္တရာယ်က တစ်ဖြည်းဖြည်း ပုံစံပြောင်းလဲလာခဲ့ပါတယ်။ အသားအတု၊ ကြက်ဥအတု၊ ဆန်အတု အစရှိသည်ဖြင့်တို့ကနေ ယခုအခါ ပဲငံပြာရည်(soy sauce)၊ အသင့်စား ဟင်းချက်အနှစ်တွေနဲ့ ဆားငရုတ်ကောင်း အမှုန့်ဗူးတွေကိုပါ အရည်အသွေး မပြည့်မီပဲ လူတွေအတွက် အန္တရာယ်ရှိစေမယ့် ပစ္စည်းများနဲ့ ထုတ်လုပ်ကာ ဈေးကွက်အတွင်းကို နာမည်ကျော် အမှတ်တံဆိပ်များကို တုပကာ တင်သွင်းလျှက်ရှိကြောင်း ပေကျင်း သတင်းစာတွင် ဖော်ပြထားသည်။
 
 
စာသောက်ကုန်ပစ္စည်း အတုများကို တန်ကျင်းဒေသရှိ စက်မှုဇုံများတွင် အကြီးစား ထုတ်လုပ်လျှက်ရှိပြီး နာမည်ကျော် အမှတ်တံဆိပ်များကို အလွဲသုံးစားပြုကာ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ အစားအသောက် အတုများ ထုတ်လာပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းနှင့် ရေများမှာ လူများစားသုံးရန် မသင့်လျော်သည့် မသန့်စင်သောရေ၊ အသုံးပြုပြီးသား ဟင်းခပ်အမွှေးအကြိုင်များကို အခြားစက်ရုံများမှ အောက်ဈေးနှင့် ပြန်လည်ဝယ်ယူခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
 
သတင်းဌါန၏ ခန့်မှန်းချက်အရ အစားအစာ အတုလုပ်သည့် စက်ရုံများကို မိသားစုပေါင်း ၅၀ ကျော်က ဦးစီးလုပ်ကိုင်နေကြပြီး သူတို့၏ နှစ်စဉ်ဝင်ငွေမှာ ယွမ်သန်းတစ်ရာခန့် ရှိကြောင်းဖော်ပြထားသည်။ နာမည်ကျော် အမှတ်တ့ဆိပ်တစ်ခုဖြစ်သည့် “Nestle” က သူ့ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကို အတုအပပြုလုပ်ခံထားရကြောင်း တိုင်ကြားထားသည်။  သက်ဆိုင်ရာအာဏာပိုင်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ကာ စာသုံးသူများအတွက် ကာကွဘ်ရေးကို လုပ်ဆောင်နေကြောင်း တရုပ်နိုင်ငံ နတ်စ်လေ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ လွီယင်းက ပြောကြားခဲ့သည်။
 
 
တရုပ်နိုင်ငံ၏ စားသောက်ကုန် အတုထုတ်လုပ်မှုဟာ ပလိပ်ရောဂါသဖွယ် ပျံ့နှံ့နေပြီး တရုပ်ပြည်ရှိ စက်ရုံတစ်ဝက်ကျော်က နိုင်ငံတစ်ကာ စံချိန်စံညွှန်းများနှင့် မကိုက်ညီကြောင်း ၂၀၁၅ ခုနှစ်မှတ်တမ်းများတွင် တွေ့ရှိခဲ့ရသည်။ ပြီးခဲ့တဲ့နှစ်က ၁၉၇၀ ခုနှစ်များထဲက သိုလှောင်အေးခဲထားတဲ့ အသားတန်ချိန်ပေါင်းများစွာကို ဖမ်းဆီးရမိခဲ့သည်။
 
တရုပ်ပြည် စားသောက်ကုန်နှင့်ဆေးဝါးကြီးကြပ်ရေးဌါန၏ ဒီဇင်ဘာလထုတ်ပြန်ခဲ့သော စစ်တမ်းများအရ ၂၀၁၆ ခုနှစ်၏ ပထမ သုံးလပတ်တွင်း စစ်ဆေးမှုပေါင်း ၁၅ သန်းပြုလုပ်ခဲ့ရာတွင် ၅ သိန်းကျော်တွင် တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေမှုများ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
 
တရုပ်နိုင်ငံရဲ့ အစားအစာ အတုအပတွေကြောင့် နာမည်ကြီး စားသောက်ကုန်တွေကိုပါ သတိထားရတော့မယ့် အခြေအနေကို ရောက်ရှိနေပါတယ်။ တရုပ်ပြည်စားသောက်ကုန်လုပ်ငန်း နယ်ပယ်ထဲမှ လုပ်ငန်းရှင်တစ်ဦးက စားသုံးသူတွေကို စူပါမားကတ်တွေမှာ ဝယ်ယူကြဖို့ တိုက်တွန်းဖို့လိုကြောင်းနှင့် စားသောက်ကုန်အတု အများစုဟာ လမ်းဘေးဈေးဆိုင်များနှင့် လက္ကားဆိုင်ကြီးများတွင် ရောင်းချကြောင်း သူ၏အတွေ့အကြုံကို ပြောပြခဲ့သည်။
 
Source:CNN

19 Jan 2017     1,566 Views




RELATED

Most Popular of International News

Most Popular of NEWS