BEC-TERO TV

မန္တလေးမြို့ တွင် အမျိုးသမီးတစ်ဦးကို ဓါးဖြင့်အပိုင်းပိုင်းခုတ်သတ်ပြီး၊ ကလေးငယ်တစ်ဦးကို မီးရှို့သတ်မှု ဖြစ်ပွား

20 Jan 2017     1,274 Views


- မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရွာမကြီး အကွက်( ၅၈၉ )မေဇင်သိန်းလမ်းကြား အိမ်ရှင် ဦးတင်ထွန်းဝင်း နေအိမ်တွင် ဇန်န၀ါရီလ (၁၉) ရက်နေ့ မွန်းလွဲ ၂နာရီ၄၅မိနစ်ခန့်က အမျိုးသမီးတစ်ဦးကို ဓါးဖြင့်အပိုင်းပိုင်းခုတ်သတ်ပြီး၊ ကလေးငယ်တစ်ဦးကို မီးရှို့သတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။အဆိုပါ နေအိမ် အိပ်ခန်းအတွင်း အိမ်ရှင်ဇနီးဖြစ်သူ အသက် ၃၅နှစ် မနန်းခင်ထွေးဝင်း ၉/မရမ (နိုင်)၀၉၀၀၃၂ အား ဓါးဖြင့် အပိုင်းပိုင်းခုတ်ပြီး အဝတ်အစားထည့် ပလပ်စတစ်ပုံးအတွင်း ခွေခေါက်ထည့်ထားပြီး ၃နှစ်၂လ အရွယ် မနန်းဝင်းရွှေရည်မှုံ ကို ခရီးဆောင်အိတ်အတွင်း ထည့်ကာ မီးရှို့သတ်မှုဖြစ်ပွားခဲ့သည်။

- ဖြစ်စဉ်နှင့်ပတ်သက်ပြီး တစ်အိမ်တည်းနေသူ လူသတ်တရားခံ သံသယရှိသူမှာ အသတ်ခံရတဲ့ အမျိုးသမီးရဲ့ အမဖြစ်သူ၏ သမီးကြီးယောကျာ်းဖြစ်ပြီး အိမ်ပေါ်ခေါ်တင်ထားတဲ့သူဖြစ်ကြောင်း သိရပြီး အဆင့်မြင့်ရဲစခန်းတွင် စစ်ဆေးလျက်ရှိသည်။အမျိုးသမီးတစ်ဦး ကို ဓါးဖြင့်အပိုင်းပိုင်းခုတ်ပြီး ကလေးငယ်တစ်ဦးမီးရှို့သူ လူသတ်တရားခံ ဝန်ခံသွားပါပြီး ၊ cctv မှတ်တမ်းများအရ သေဆုံးသူ၏ တူမယောက်ကျား အသက် ၂၀ခန့် ဒုတိယနှစ်ကျောင်းသား ဟုဆိုပါသည်။

Credit : thithtoolwin

ဓါတ်ပုံ - Ko A Tar


20 Jan 2017     1,274 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS