BEC-TERO TV

အနာဂတ်ရန်ကုန်ကို နေချင်စဖွယ် စီးပွားမြို့တော်ဖြစ်အောင် ဆောင်ရွက်မည်

20 Jan 2017     1,227 Views


အနာဂတ် ရန်ကုန်မြို့ တော်အတွက် ကားတင်သွင်းခွင့်တွေ၊ အငှားယာဉ် (TAXI) ၊ ဘတ်စ်ကားစနစ်၊ စက်မှု ဇုန်နဲ့ လူနေအိမ်ရာတွေကို မဟာ စီမံကိန်းချမှတ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ အနာဂတ်စိတ်ကူးထဲက ရန်ကုန် မြို့က ဘယ်လိုရှိလဲဆိုတဲ့ သတင်း မီဒီယာတွေရဲ့ မေးမြန်းချက်ကို အထက်ပါ စီမံကိန်းတွေဆောင်ရွက်ပြီး ရန်ကုန်မြို့ကို ရှေးဟောင်း အမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး နေ ချင်စဖွယ် စီးပွားရေးမြို့တော်အဖြစ် ဆောင်ရွက်သွားမယ်လို့ ဖြေ ကြားပါတယ်။ ကားတင်သွင်းခွင့် ယာဉ်သွားလာမှုနဲ့ ပတ်သက် ပြီး စနစ်တကျဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သည်လို စနစ်တကျဖြစ်ဖို့ ကားတင်သွင်းခွင့်နဲ့ပတ်သက်ပြီး မူဝါဒတစ်ရပ်ချမှတ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက

“လွယ်လွယ်ကူကူနဲ့ ရှင်းရှင်းလင်းလင်း ပြောမယ်ဆိုရင်တော့ ရန်ကုန်မှာ လိုအပ်တဲ့ ကားအရေအတွက်အတိုင်းပဲ ရန်ကုန်လိုင်စင်ထုတ် ပေးနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်မယ်၊ မလိုအပ်ဘဲ ဖောင်းပွနေအောင်ပေးဖို့ အစီအစဉ်မရှိပါဘူး”လို့ ပြောပါတယ်။

ကားတင်သွင်းခွင့်ကို(င်္ံCOE) တင်ဒါစနစ်နဲ့ ပြောင်းလဲလုပ်ကိုင်ဖို့ ကြိုးစားနေပါတယ်။ ကားသစ်တွေ သုံးစွဲနိုင်ဖို့ကိုလည်း အဓိကရည်ရွယ်ပါတယ်။ ပြည်တွင်းမှာ နာ မည်ကြီး ကားကုမဏီတွေက ထုတ်လုပ်တဲ့ကားတွေ ဝယ်ယူသူ တွေကို အခွင့်အရေးပိုပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လာ ရောက်ထုတ်လုပ်တဲ့ နာမည်ကြီး ကုမဏီတွေရဲ့ ကားတွေ ဥပမာတိုရိုတာ (Toyota) ကားကို ဂျပန်က ဝယ်မှာလား မြန်မာနိုင်ငံက ထုတ် တဲ့ တိုရိုတာ (Toyota) ကားကို ဝယ်မလားဆိုတဲ့အပေါ် အခွင့်အရေးတွေပြောင်းလဲသွားမှာဖြစ်ပါတယ်။ မြန်မာပြည်မှာထုတ်ပြီး မြန်မာလူထုကို အလုပ်အကိုင်ပေးတဲ့ ကားတွေစီးနိုင်ဖို့ ဆောင်ရွက်မှာဖြစ်တယ်။

ရန်ကုန် မာစတာပလန်

ရန်ကုန်မြို့ရဲ့ မာစတာပလန်ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ကနေ အကူအညီပေး ရေးဆွဲနေပါတယ်။ ဒါ့အပြင် ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOI CA) ကလည်း ရန်ကုန်မြို့ရဲ့မာစတာပလန်ကို ပူးပေါင်းကူညီရေးဆွဲနေပါတယ်။ ရန်ကုန် မြစ် ကြောင်းတစ်လျှောက်ကနေ ရှေးဟောင်းအဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ (AFD) ပြင်သစ်နိုင်ငံကနေ ရေးဆွဲ ကူညီပေးနေပါတယ်။ရန်ကုန်မြို့ရဲ့စက်မှုဇုန်တွေ၊လူနေအိမ်ရာတွေအဆင့်မြှင့်တင်ဖို့ကူညီဖို့ ဆွေးနွေးပြီး ဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ သည်မာစတာပလန်တွေကို ပေါင်းစုံပြီး ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးပလန် ရေးဆွဲမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော် မာစတာပလန်မှာ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်းနဲ့ ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်ပြင်ပဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းကိုတော့ စည်ပင်သာယာနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာ  ရေးကော်မတီ နယ်နိမိတ်ပြင်ပကို စည်ပင်ပြင်ပ ၁၂ မြို့နယ်အတွက် မြို့ပြစီမံကိန်းတွေ ရေးဆွဲမယ့် အပြင် စည်ပင်ပြင်ပ ကျေးရွာ ၂၂၀ဝ ကျော်ကိုလည်း စနစ်တကျ အဆင့် မြှင့်တင်ဖို့ စီမံကိန်းအသေးလေးတွေ ရေးဆွဲဖို့ပြင်ဆင်နေပါတယ်။

ဘတ်စ်ကားစနစ်

ရန်ကုန်မြို့ရဲ့ ဘတ်စ်ကား စနစ်ကိုတော့ သည်လ ၁၆ ရက် နေ့က စတင်ပြောင်းလဲလိုက်ပြီဖြစ် ပါတယ်။ စုပေါင်းပြီး ပြေးဆွဲတဲ့ စနစ်ကနေ အများပိုင်အခြေအနေ ကို ပြောင်းလဲမှာဖြစ်ပါတယ်။ လက်ရှိ အများပိုင်ကုမဏီ ယာဉ်လိုင်းမရောက်ခင် စုပေါင်းပြေးဆွဲတာကို အချိန်သုံးလ ပြေးဆွဲပေးမှာဖြစ်တယ်။ သည်သုံးလအတွင်းမှာပဲ ကားအသစ်တွေဝယ်ယူပြီးတော့ ဝန်ဆောင်မှုအပြည့်ပေးနိုင်တဲ့ အခြေအနေကို ဆောင်ရွက်မှာပါ။ စီစီတီဗီကင်မရာတွေ ၊ ဂျီပီအက်စ်စနစ်တွေနဲ့ ယာဉ်ကြောပိတ်ဆို့မှု ထိန်းချုပ်ဖြေ ရှင်းပေး မယ့် စင်တာကနေ တိုက် ရိုက် ထိန်းချုပ်တဲ့စနစ်နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ငွေပေးချေရေးစနစ်ကို သည်သုံးလအပြီး နောက်သုံး လမှာ ကတ်စနစ်နဲ့ စတင်မှာပါ။

တက္ကစီ

ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက “တက္ကစီတွေ စနစ်တကျဖြစ်ဖို့ ကြိုးပမ်း နေပါတယ်၊ ကားပါကင်တွေ စနစ်တကျဖြစ်ဖို့လဲ ကြိုးပမ်းနေပြီး ကားတွေ၊ ရထားတွေ၊ ရေကြောင်း လမ်းတွေ ချိတ်ဆက်ဖို့ ကြိုးပမ်း နေ တယ်”လို့ ရှင်းပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေတဲ့ တက္ကစီတွေကို ရာသက်ပန်အဖြစ်သတ်မှတ်ထား တဲ့ (AA’ BB) စတဲ့ နံပါတ်တွေက လွဲပြီး ကျန်တဲ့အနီနံပါတ်အငှားယာဉ်တွေကို စီးနင်းမယ့်လူအချိုးနဲ့ တွက်ချက်ပြီး အိမ်စီးနံပါတ်အမည်းအဖြစ် ပြန်ပြောင်းလဲဖို့ အစီအစဉ်ရှိပါတယ်။

Credit :  kumudarnews


20 Jan 2017     1,227 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS