BEC-TERO TV

အကြွေးဆပ်ရန် အဒေါ်ဖြစ်သူနှင့် ၃ နှစ်သမီးလေးကို ရက်စက်စွာ ခုတ်ထစ်မီးရှို့ သတ်ခဲ့သူ

20 Jan 2017     1,296 Views


သမဝါယမချေးငွေ ၁၀ သိန်းကျပ် အကြွေးဆပ်ရန် ဇနီး၏အဒေါ်အရင်းဖြစ်သူနှင့် ၃ နှစ်သမီးအား ဓါးဖြင့်ခုတ်ပိုင်းကာ မီးရှို့ခဲ့မှု မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်တွင် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။
 
 
ဖြစ်စဉ်မှာ ၂၀၁၆ ဇန်နဝါရီ ၁၀ ရက်နေ့တွင် သေဆုံးသူ ဒေါ်နန်းခင်ထွေးဝင်းက ၎င်းတူမ၏ ယောက်ျားဖြစ်သူ ဒုတိယနှစ်တက္ကသိုလ်ကျောင်းသာ ကိုခိုင်ဝေ (၂၀ နှစ်)အား စာရင်းလုပ်ကိုင်ရန် ခေါ်ယူသဖြင့် အတူနေထိုင်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင် အဒေါ်ဖြစ်သူ၏ခင်ပွန်း အိမ်တွင်မရှိခိုက် ဒေါ်နန်းခင်ထွေးဝင်းအား ဓားဖြင့် အပိုင်းပိုင်းခုတ်ကာ သတ်ခဲ့ပြီး ၃ နှစ်အရွယ် ကလေးငယ်ဖြစ်သူ မနန်းဝင်းရွှေရည်မှုံကိုလည်း ထပ်မံသတ်ဖြတ်ခဲ့ကာ အိတ်ထဲထည့်၍ မီးရှို့ခဲ့ခြင်းဖြစ်သည်။
 
 
သမဝါယမချေးငွေ ၁၀ သိန်းကျပ် အကြွေးဆပ်ရန် အတွက် သတ်ဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း တရားခံမှ ထွက်ဆိုခဲ့ပြီး သက်သေခံ ပစ္စည်းရွှေဆွဲကြိုး ၂ ကုံး၊ ရွှေဟန်းချိန်း ၁ ခု၊ ရွှေလက်စွပ် ၂ ကွင်း၊ ဆွဲသီး ၁ ခု၊ GAUGAR တံဆိပ်ပါ အရိုးအသွား ၇.၅ လက်မခန့်ရှိ အဝါရောင်ကော်ရိုးတပ်ဟင်း လှီးဓါး ၁ ချောင်း၊ အစိမ်းရောင် ပလပ်စတစ်ပုံး ၁ ပုံးစသည်တို့အားသိမ်းဆည်းကာ ပြစ်မှုကျူးလွန်သူ ခိုင်ဝေ (၂၀)နှစ်အား မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းက(ပ)၅၅/၂၀၁၇ ရာဇသတ်ကြီးပုဒ် ၃၀၂/၄၃၆ အရ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
Source:MandalayPolice

20 Jan 2017     1,296 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS