BEC-TERO TV

လူ (၈ ဦး) သေဆုံးခဲ့သည့် အမြန်လမ်းကားမီးလောင်မှု အဖြစ်မှန်ကို ဖော်ထုတ်မည့် သေဆုံးသူ၏ ခင်ပွန်း

23 Jan 2017     2,808 Views


ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲခန့် အချိန်က ပုဂံညောင်ဦးမှ ရန်ကုန်သို့ ပြန်လည်မောင်းနှင်လာသော HiAce (အန်စာတုံး) မော်တော်ယာဉ်သည် အမြန်လမ်း မိုင်တိုင် ၄ မိုင် ၂ ဖာလုံတွင် ကားဘီးပေါက်ကာ လမ်းဘေးတွင် ကာရံထားသော သံတိုင်များကို ဝင်တိုက်ပွတ်ဆွဲခဲ့ပြီးနောက် မီးလောင်ကျွမ်းခဲ့ရာမှ ကားပေါ်တွင် ပါလာသော အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၇)ဦးတို့ မီးလောင်ကျွမ်းကာသေဆုံးခဲ့ကြပြီး ကားရှေ့ခန်းတွင် လိုက်ပါလာသော အောင်ခန့် ဆိုသော အမျိုးသားတစ်ဦးသာ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
 
ယင်းဖြစ်စဉ်နှင့် ပက်သက်၍ သေဆုံးခဲ့သူ အမျိုးသမီးများထဲမှ တစ်ဦးဖြစ်သူ မသင်းသင်းမော် (၂၇ နှစ်)၏ ခင်ပွန်း ကိုအောင်ကိုကိုဦးက သင်္ကာမကင်းဖြစ်ခဲ့ပြီး လုပ်ကြံခံရသည်ဟု ယူဆခဲ့ပြီးနောက် သူ၏ အပေါင်းအသင်းများ၏ အကူအညီနှင့် ဖြစ်ပွားခဲ့သည့် နေရာသို့ သွားရောက်စုံးစမ်း၍ အမှုမှန်ပေါ်ပေါက်ရန် ကြိုးစားမည်ဟု သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရုပ်သံဖိုင်ဖြန့်ဝေကာ ပြောကြားခဲ့သည်။ 
ကိုအောင်ကိုကိုဦး၏ ပြောကြားချက်များအရ လူမှုရေးပြဿနာများ၊ အရှုပ်အရှင်းများကိုလည်း ဖော်ထုတ်သွားမည်ဟု ပြောဆိုခဲ့သည့်အတွက် မီးလောင်သေဆုံးခဲ့ရမှု၏ နောက်ကွယ်တွင် ပဟေဋိဆန်ဆန် အကြောင်းအရာများ ရှိနေမည်လားဆိုသည်ကို စိတ်ဝင်စားမှုများ၊ အာရုံစိုက်မှုများ မြင့်တက်နေခဲ့ရပြီး ဖြစ်စဉ်အမှန်ကို အားလုံးက သိချင်နေလျှက်ရှိကြသည့်အတွက် အောင်ကိုကိုဦး၏ ပြောကြားချက်နှင့် ဖြစ်စဉ်ဗီဒီယိုတို့ကို စုဆောင်း တင်ပြလိုက်ရပါသည်။
 
 

23 Jan 2017     2,808 Views




RELATED

Most Popular of Special or Others

Most Popular of NEWS