BEC-TERO TV

Running Man ကို ဆက်လက်ရိုက်ကူးသွားမည်ဟု SBS တရားဝင်ကြေညာ

24 Jan 2017     1,316 Views


တောင်ကိုရီးယားမှာသာမက အာရှတစ်ဝန်းမှာပါ နာမည်ကြီးနေတဲ့ variety show တစ်ခုဖြစ်တဲ့ Running Man ကို မဖျက်သိမ်းပဲ ဆက်လက်ရိုက်ကူး သွားမယ်လို့ SBS ကနေဇန်န၀ါရီလ(၂၄)ရက်နေ့မှာ တရားဝင်ကြေညာလိုက် ပါတယ်။ တောင်ကိုရီးယားမှာသာမကတခြားနိုင်ငံတွေမှာရှိတဲ့ Running Man ချစ်သူေ တွရဲ့ စိတ်ပျက်၊စိတ်ထိခိုက်မှုတွေအပေး တုံ့ပြန်ဖို့အတွက် SBS နဲ့ အဖွဲ့ဝင် (၆)ဦးက Running Man ကိုမဖျက်သိမ်းတော့ပဲ ဆက်လက်ရိုက်ကူးသွားဖို့ ဆုံးဖြတ်လိုက်ပြီလို့ ကြေညာလိုက်တာဖြစ်ပါတယ်။Running Man ကိုပထမ ဆုံးဦးဆောင် ဖန်တီးခဲ့တဲ့SBS variety director Nam Seung Yong က အဖွဲ့ဝင်တွေနဲ့နှစ်စလောက်တည်းကစပြီး ပွင့်ပွင့်လင်းဆွေးနွေးမှုတွေ လုပ်ခဲ့ ပါတယ်။

အဆိုပါဆွေးနွေးမှုများအတွင်း Running Man ရဲ့ဖွဲ့စည်းမှု အစီအ စဉ်တွေနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ အငြင်းပွားဖွယ် ကိစ္စတွေအ တွက် အဖွဲ့ဝင်တွေ ကို တောင်းပန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Running Man ကိုဆက်ရိုက်ပေးမယ်လို့ အဖွဲ့ဝင်တွေက သဘောတူခဲ့ကြတာဖြစ်ပါ တယ်။ အခုလိုဆုံးဖြတ်ပေးတဲ့အတွက် အဖွဲ့ဝင်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ချနိုင်ဖို့ တကယ်ကိုခက်ခဲခဲ့ပါတယ်။ (၇)နှစ်တိုင်အောင် အားပေးလာကြတဲ့ ပြည်တွင်း ပြည်ပမှ ပရိသတ်တွေကို ကြိုဆိုနှုတ်ဆက်ဖို့ အကောင်းဆုံးကြိုးစားသွားမယ်လို့ ဒါရိုက်တာ Nam Seung Yong ကပြောခဲ့ပါတယ်။အဖွဲ့ထဲကနေ အရင်ထွက်နှင့်သွားတဲ့ ဂယ်ရီကလွဲရင် ပုံမှန်အဖွဲ့ဝင်တွေအဖြစ် ကျန်နေခဲ့တဲ့ Yoo Jae Suk ၊Ji Suk Jin ၊HaHa ၊Lee Kwang Soo၊ Kim Jong Kook ၊Song Ji Hyo တို့နဲ့အတူ ပုံမှန်ရိုက်ကူးမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Credit : shwemom


24 Jan 2017     1,316 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment