BEC-TERO TV

လူသိနည်းတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်

06 Feb 2017     1,276 Views


လူသိနည်းတဲ့ ဖြစ်ရပ်မှန် ဒရမ်မာ ရုပ်ရှင် Hidden Figures ဟာအာဖရိကုန် -အမေရိကန် သင်္ချာပညာရှင်အမျိုးသမီး သုံးဦးရဲ့ အာကာသ ခရီးစဉ် ကို ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ် ။ စိတ်ကူး ယဉ် ဇာတ်ကား မဟုတ်ပဲ သူတို့ သုံးယောက်ဟာ အပြင်လောကမှာ တကယ်ရှိခဲ့ ကြတာပါ ။

၁၉၆၀ ခုနစ်လောက်က အလွန်ထူးချွန်တဲ့ အာဖရိက - အမေရိကန် လူမျိုး အမျိုးသမီး ၃ ဦးရှိပါတယ်။ Katherine Johnson ဟာသင်္ချာဘာသာနဲ့ ဘွဲ့ရထားပြီး နာဆာအဖွဲ့ ထဲ ရောက်ရှိလာပြီး Dorothy Vaughan ၊ Mary Jackson တို့ နဲ့ လုပ်ဖော်ကိုင်ဖတ်ဖြစ်လာခဲ့ ပါတယ်။ အမျိုးသမီး သုံးယောက်ပေါင်းပြီး သူတို့ ရဲ့ သင်္ချာဥာဏ်စွမ်းတွေ နဲ့ လူသားကွန်ပျူတာလို့ ခေါ်ရလောက်အောင် သူတို့ ရဲ့ တွက်ချက်မှုတွေ က အလွန်မြင့်ပြီးမှန်ကန်နေပါတယ်။

လုပ်ငန်းခွင်ထဲ ကြုံတွေ့ရမြဲ ဖြစ်တဲ့ ကျားမခွဲခြားမှု ၊ အသားအရောင်ခွဲခြားမှု တွေကို ရင်ဆိုင်လာရပါတယ်။ သူတို့ သုံးယောက် ဟာ ဘယ်လို အခက်အခဲပဲ ရှိရှိ သင်္ချာပညာရပ်တွေကို အသုံးချပြီး အမေရိကန်သမိုင်းမှာထင်ကျန်ရစ်မယ့် လုပ်ငန်းကိုပဲ အောင်မြင်အောင် မလျှော့သော ဇွဲလုံးလတွေနဲ့ ကြိုးပမ်းခဲ့ ကြပါတယ် ။ လကမ္ဘာမှာ အာကာသ ယာဉ်တွေ ခြေချ နိုင်ခဲ့ ပါတယ်။

ဒီလိုအောင်မြင်မှု ရအောင် နောက်ကွယ်က လူတွေ အများကြီးရှိတာကိုတော့ သိပ်မသိကြပါဘူး ။နောက်ကွယ်က သူရဲကောင်းတွေကို သိစေနိုင်ဖို့ ဇာတ်ကားလေးကို ဖော်ညွှန်းထားတာ လဲ ဖြစ်ပါတယ်။ စိတ်ဝင်စား စရာကောင်းတဲ့ ရသ တမျိုးရအောင် ဒီဇာတ်ကားလေးကို ပုံဖော်ထားတာလဲ ဖြစ်ပါတယ် ။

Credit:Oasis


06 Feb 2017     1,276 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment