BEC-TERO TV

ခန္ဓာကိုယ်တွင်းအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သော အစားအစာများ

09 Feb 2017     1,683 Views


ခန္ဓာကိုယ်တွင်းအဆိပ်ဖယ်ရှားခြင်းဆိုတာဟာ အသည်းရဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး သွေးတွင်းက အဆိပ်ဓာတ်တွေကို ဖယ်ရှားခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များကင်းစင်နေမှ ကျန်းမာရေး ဒေါင်ဒေါင်မြည်တဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။အခု ဒီမှာတော့ သင်ရဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အဆိပ်ဓာတ်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစားအစာ(၅) များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ကြက်သွန်ဖြူ
 
ကြက်သွန်ဖြူ မှာ Allicin ဆိုတဲ့ ဓာတ်ပါဝင်တဲ့အတွက် နှလုံးရောဂါအတွက် ကောင်းမွန်ပြီး ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကို ဖယ်ရှားပေးတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။Allicin ဟာ အဆိပ်တွေကို ဖယ်ရှားနိုင်တဲ့ သွေးဖြူဥတွေကို ထုတ်လုပ်ခြင်းကို အားပေးတဲ့ ဓာတ်ဖြစ်ပြီး ကြက်သွန်ဖြူမှာ ဗီတာမင် A,B,B2နဲ့ C တို့ပါဝင်တဲ့ အတွက်နှလုံးကျန်းမာရေးနဲ့ ကိုယ်ခန္ဓာအားစနစ်ကို ကောင်းမွန်စေတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။

၂။ လက်ဖက်ရည်ကြမ်း
 
ရေနွေးကြမ်းကိုနေ့စဉ်ပုံမှန်သောက်သုံးပေးခြင်းဟာ သင်ရဲ့ ခန္ဓာကိုယ်တွင်း အဆိပ်ဓာတ်တွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးနည်းတစ်ခုဖြစ်ပါတယ်။လက်ဖက်ရည်ကြမ်း ကိုသောက်သုံးခြင်းဟာ အသည်းကိုလည်းကာကွယ်ပေးပြီးတော့ အရွယ်တင်စေပါတယ်။လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းဟာခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုတွေကို ကောင်းမွန်စေပါတယ်။

၃။ ဂျင်း
 
ဂျင်း ဟာ ခန္ဓာကိုယ်အတွက် အညစ်အကြေးတွေကို စွန့်ထုတ်ပေးနိုင်တဲ့ အစားအစာ တစ်ခုဖြစ်ပြီး အူမကြီး အသည်းနဲ့ တခြား ခန္ဓာကိုယ်အင်္ဂါတွေမှာ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။ဂျင်းဖျော်ရည်ကိုသောက်သုံးခြင်းဟာ ပျို့အန်ခြင်းနဲ့ ဖောသွပ်ခြင်းကို ကာကွယ်ပေးပြီး အစောခြေစနစ်ကို အားပေးတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။

၄။ သံပုရာသီး
 
သံပုရာသီး မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်းအဆိပ်အတောက်များကို ကင်းစင်စေတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။မနက်ပိုင်းမှာ သံပုရာဖျော်ရည်တစ်ခွက်သောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်း အစာခြေလမ်းကြောင်းတစ်လျှောက်နဲ့ အသည်းကို အဆိပ်အတောက်ကင်းစင်စေတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ၅။ မုန်လာဥနီ မုန်လာဥနီ ဟာ ကျန်းမာရေးအတွက်အထူးသင့်တော်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။မုန်လာဥနီမှ မက်ဂနီဆီယမ်၊သံဓာတ်နဲ့ ဗီတာမင် C တို့ ပါဝင်ပြီး ခန္ဓာကိုယ် ကိုလက်စထရော ပမာဏကို ထိန်းညှိပေးပြီး အသည်းကိုလည်း အဆိပ်အတောက် ဖယ်ရှားပေးနိုင်တဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။မုန်လာဥနီကို အစိမ်းပဲ စားစား၊မကျက်မကျက်ပဲ စားရုံသာမက ဖျော်ရည်လုပ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။

(ပိုပိုလေး)


09 Feb 2017     1,683 Views




RELATED

Most Popular of Health Fix

Most Popular of Life Style