BEC-TERO TV

Folic acid ဖေါလစ်-အက်စစ်

16 Feb 2017     3,160 Views


၁။ မင်္ဂလာပါ ဆရာရှင့် ကျွန်မ ကိုယ်ဝန်ရှိမှန်းသိထဲက ကိုယ်ဝန် ၃ လထိ BBI ကထုတ်တဲ့ folic acid ကို တနေ့တလုံးပဲ သောက်ခဲ့မိပါတယ်ဆရာ။ ကိုယ်ဝန် ၃ လကနေ ခုချိန်ထိကတော့ တနေ့နှစ်လုံးသောက် ပါတယ်ဆရာ ။ ကိုယ်ဝန်နုစဉ် folic acid ကို တနေ့တလုံးပဲ သောက်ခဲ့တာ ကလေးအတွက် အဆင်ပြေန်ိုင်ပါ့ မလားလို့ စိတ်ပူမိနေပါတယ်ဆရာ။
 
၂။ ဆရာရှင့် သမီးက ကိုယ်ဝန် ငါးပတ်ရှိပါပြီ။ OG တော့မအပ်ရသေးပါဘူးရှင့်။ လောလောဆယ် folic acid BPI က ထုတ်တဲ့ဟာတမျိုးပဲသောက်ရသေးပါတယ်။ folic acid ကိုလဲ ကိုယ်ဝန်ရှိတယ်လို့သိရတဲ့ ၄ ပတ်ကျော်ကမှစသောက်တော့ ခုမှ ၃ ရက်လောက်ပဲသောက်ရသေးတယ်။ 
 
အဲဒါ တနေ့တလုံးပဲသောက်ရင် လုံလောက်လားရှင့်။ တခြားဘာဆေးတွေ သောက်ရမလဲ။ သားဦးဆိုတော့စိုးရိမ်လို့ ဖြေပေးပါဦးနော်။ ဆေးဗူးမှာ folic acid BP 5 mg လို့ ရေးထားပါတယ်ရှင့်။ သမီးအသက်က လာမဲ့ September ဆို ၃ဝ ပြည့်မှာပါရှင့်။
 
ပြန်ဖြေ ။ ။ကိုယ်ဝန်ဆောင်ချိန်မှာ ဖေါလစ်အက်စစ်နည်းနေရင် အထဲကကလေး ဦးနှောက်ဖြစ်ပေါ်တာကို အားနည်းစေမယ်။ Spina bifida ခေါ်တဲ့ ခါးရိုးဆစ်ကနေ မွေးကတည်းက အနာလိုဖြစ်နေတာမျိုးကို တားဆီးနိုင်တယ်။ ကိုယ်ဝန် ပဌမ ၃ လ အတွင်း Folic acid 400 (mcg) လိုအပ်တယ်။ ကလေးပျက်ကျမှာကိုလည်း တာဆီးပေးမယ်။ ကလေးနို့တိုက်ချိန် ၆ လအထိ သောက်သင့်တယ်။ 
 
အထဲကကလေးမှာ NTD ဆိုတာရှိနေတာကိုသိရင် ဆေးကိုများများပေးမယ်။ ကိုယ်ဝန်ဆောင်တွေ 1000 (UL) က လိုပြီး၊ ကလေးတွေ 150-800 (IU) နဲ့ လူကြီးတွေ 400 (UL) လိုနိုင်တယ်။ ဖေါလစ်အက်စစ်ကို ကိုယ်ဝန်မယူခင် ၃ လကတည်းကနေစသောက်သင့်တယ်။ တနေ့မှာ 400 micrograms သောက်ပါ။ တကယ်လို့ သင့်မိသားစုထဲမှာ မွေးရာပါချို့ယွင်းချက်နဲ့ မွေးဘူးတဲ့ရာဇဝင်ရှိနေရင် 4000 micrograms အထိပေးနိုင်တယ်။

၃။ မင်္ဂလာပါဆရာ ကျွန်မမေးစရာလေးရှိလို့ပါဆရာ။ ကျွန်မကလေးက အခု ၁၁ လကျော်နေပါပြီ။ သူကိုလူတိုင်းက ပျော့ဖတ်နေတာပဲလို့ အမြဲပြောပါတယ်။ ကလေးကို Folic acid တိုက်ခိုင်းပါတယ်ဆရာ။ အဲဒါတိုက်လို့ရလား သိချင်လို့ပါ။ ကလေး အခုသိပ်မထွားဘူးဖြစ်နေလို့ပါ။
 
(ဖေါလစ်-အက်စစ်)
 
ဆိုတာဗီတာမင် ဘီအုပ်စုဝင်ဆေး ဖြစ်တယ်။ Vitamin B9, Vitamin Bc, Folacinနဲ့ Folate လို့လဲ ခေါ်တယ်။ (ဖေါလစ်-အက်စစ်) နည်းတဲ့ သွေးအားနည်းတာနဲ့ သံဓါတ်နည်း-သွေးအားနည်းရောဂါတွေ ဖြစ်နေသူဟာ မောပန်းနေမယ်။ အားယုတ်နေမယ်။ အစာခြေတာ မကောင်းလို့ ဝမ်းပျက်တတ်တယ်။ စားချင်စိတ် နည်းနေမယ်။ ကိုယ်အလေးချိန် ကျမယ်။ လျှာနာမယ်။ ခေါင်းကိုက်မယ်။ ရင်တုန်မယ်။ သတိမေ့တတ်ပြီး အမူအယာပါ ပြောင်းလာတတ်တယ်။ (အလာဂျီ) အတွက်လဲ သုံးတယ်။
 
စိတ်ကျနေသူတွေကိုလဲပေးနိုင်တယ်။ Schizophrenia စိတ်ရောဂါရှိသူ၊ သတိမေ့တတ်သူတွေကိုလဲပေးတယ်။ အဝလွန်သူတွေ အဆီချဘို့အတွက်လည်းသုံးတယ်။ ဆီးချိုကိုလဲ ပေးတယ်။ သွေးဆုံးချိန်မှာလဲ အသုံးကျတယ်။ ကျောက်ကပ်ရောဂါ၊ အရိုးရောဂါ၊ လေးဘက်နာသူတွေကိုလဲ ပေးတယ်။ လူတွေမှာသွေးနီဥနဲ့ DNA ခေါ်တဲ့ မျိုးဗီဇတည်ဆာက်ဘို့ (ဖေါလစ်-အက်စစ်) လိုတယ်။ ဦးနှောက်-အာရုံကြောတွေ အတွက်လဲအသုံးဝင်တယ်။
 

ယေဘုယျဆိုရင် တနေ့မှာ 0.5-1.0 mg/daily စားဆေး-ထိုးဆေးအဖြစ်ပေးတယ်။ သွေးနီဥ နဲ့ DNA တည်ဆောက်ဘို့ (ဖေါလစ်-အက်စစ်) လိုတယ်။ ဦးနှောက်-အာရုံကြောတွေ အတွက်လဲ အသုံးဝင်တယ်။ အားနည်းချက်တွေလဲသိဘို့လိုတယ်။ Folic acid ဆေးပေးလို့ ဗီတာမင် ဘီ ၁၂ နည်းတာကို ဖုံးနေစေတတ်တယ်။ Folic acid ဆေးပေးတာများရင် ငှက်ဖျားဆေးပေးတာကို သက်ရောက်စေတယ်။ ငှက်ဖျားဖြစ်ရာနေရာက ၅ နှစ်အောက် ကလေးတွေပေးလို့ Iron-folic acid supplementation အားဆေးပေးတာ အသေအပျောက် ပိုများတာတွေ့ရတယ်။
 
ပဲနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေထဲမှာ (ဖေါလစ်-အက်စစ်) ပါနေတယ်။ လိမ္မော်သီးတလုံး = 54mcg; ကြက်ဥပြုတ်တလုံး = 22mcg; သင်္ဘောသီး အလတ်စားတလုံး = 115mcg; ပဲပြုတ် တခွက် = 280 mcg; ဟင်းနုနွယ်ရွက် တခွက် = 260 mcg; ထမင်းဖြူ 3/4 cup = 60mcg; ခရမ်းချဉ်သီးရည် 1 cup = 50mcg; ခေါက်ဆွဲပြုတ် 1 cup = 160mcg ပါတယ်။ အစာထဲက (ဖေါလစ်-အက်စစ်) ကို မပျက်စီးအောင် နူးနပ်သွားအောင် မချက်ပြုပ်သင့်ဘူး။ 
 
အသီးအရွက်စားတာကနေ ကင်ဆာကိုကာကွယ်နိုင်တယ်ဆိုတာဟာ လိုတာထက် ပိုပြောနေတယ်လို့လဲ နောက် လေ့လာမှုတွေက ထောက်ပြလာတယ်။ (ဖေါလစ်အက်စစ်) က ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာတွေအတွက် ကောင်းတယ်လို့ အဲဒီသုတေသနက ဆိုလာတယ်။ ဖေါလစ်အက်စစ်ဟာ ကိုယ်ဝန်-ကလေးရစေတဲ့ဆေးမဟုတ်ပါ။ ကိုယ်ဝန်ရတဲ့အခါ သန္ဓေသားဦးနှောက်ချို့ယွင်းချက် မရှိစေဘို့ဖြစ်တယ်။
 
Credit : health.thithtoolwin

16 Feb 2017     3,160 Views




RELATED

Most Popular of Health Fix

Most Popular of Life Style