BEC-TERO TV

မလေးရှားတွင် လုပ်ကြံခံရသည့် ကင်ဂျုံနမ်ဟာ ဘယ်လိုလူစားမျိုးပါလိမ့်..?

16 Feb 2017     1,285 Views


အသက် ၄၅ နှစ်အရွယ် မစ္စတာ ကင်ဂျုံနမ်ဟာ လက်ရှိမြောက်ကိုရီးယားခေါင်းဆောင် အင်ဂျုံပန်းနှင့် ဖအေတူမအေကွဲ ညီအစ်ကို တော်စပ်သူဖြစ်ပြီး ညီဖြစ်သူ ကင်ဂျုံကအန်းနဲ့ ဆက်ဆံရေးမကောင်းတော့တဲ့အတွက် မြောက်ကိုရီးယားကို စွန့်ခွာကာ ပြည်ပနိုင်ငံတွေမှာ အခြေချနေထိုင်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ကထဲက ဖြစ်ပါတယ်။ 
 
ပျော်ပျော်နေတတ်ပြီး အကောင်းမြင်ဝါရှိသူလို့ သိထားကြတဲ့ မစ္စတာ ကင်ဂျုံနမ်ဟာ သူ့ရဲ့ညီဖြစ်သူ ကင်ဂျုံအန် မြောက်ကိုရီးယာကို အုပ်ချုပ်ပြီး ငါးနှစ်ခန့်အကြာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က  မလေးရှားနိုင်ငံ ကွလာလမ်ပူမြို့မှာ လုပ်ကြံခံခဲ့ရပါတယ်။
 
လုပ်ကြံခံရသူ မစ္စတာ ကင်ဂျုံနမ်ဟာ ယခင်မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီနဲ့ မင်းသမီးဖြစ်သူ ဆောင်းဟေရင် တို့က မွေးဖွားခဲ့တဲ့ အကြီးဆုံးသားဖြစ်ပြီး မေလ(၁၀)ရက် ၁၉၇၁ မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဖိုးအေဖြစ်သူ ကင်အီဆောင်က မင်္ဂလာပွဲကို အသိအမှတ်မပြုခဲ့တဲ့အတွက် သူ့ရဲ့အမေ ဆောင်းဟေရင်ဟာ တရားမဝင် ဇနီးဖြစ်ခဲ့ပါတယ်။ 
 
မိခင် ဆောင်းဟေရင်
 
ဖခင် ကင်ဂျုံအီ
 
ကင်ဂျုံအီရဲ့ ဖခင် ကင်အီဆောင်ဟာ မြောက်ကိုရီးယားရဲ့ အထွဋ်အထိပ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး သူ့ရဲ့ အာဏာကို သားဖြစ်သူ အင်ဂျုံအီက နောက်ပိုင်းမှာ ဆက်ခံခဲ့ပါတယ်။ ကင်ဂျုံအီဟာ သားကြီးဖြစ်သူ ကင်ဂျုံမန်ကို သနားချစ်ခင်ပေမယ့် သူ့ရဲ့ တရားမဝင်ဇနီး ဆောင်ဟေရင်တို့နဲ့ သိုသိုသိပ်သိပ်သာ ဆက်ဆံခဲ့ပါတယ်။
 
အဖိုး ကင်အီဆောင်
 
ကင်ဂျုံနမ်ကို မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်အမွေဆက်ခံဖို့ ကင်ဂျုံအီက ရည်ရွယ်ပျိုထောင်ခဲ့ပေမယ့် ၂၀၀၁ ခုနှစ် ဂျပန်နိုင်ငံ လေဆိပ်မှာ ဒိုမီနီကန် ရီပတ်ဘလစ် နိုင်ငံကူးလက်မှတ်အတုနဲ့ အဖမ်းခံခဲ့ရချိန်မှာ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက မစ္စတာကင်ဂျုံနမ်က ဂျပန်မှာရှိတဲ့ ဒစ်စနေကမ္ဘာကို အလည်သွားချင်လို့ အကြံအဖန်လုပ်ခဲ့တာဖြစ်ပါတယ်။
 
မစ္စတာကင်ဂျုံနမ်ဟာ သူ့ဖခင် ကင်ဂျုံအီရဲ့ အမွေကို ဆက်ခံဖို့ စိတ်မဝင်စားကြောင်း ၂၀၀၉ ခုနှစ်ကအင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ် ။ မစ္စတာကင်ဂျုံနမ် ရဲ့ သားဖြစ်သူ ကင်ဟန်ဆိုကလည်း သူ့အဖေဟာ နိုင်ငံရေးကို လုံးဝစိတ်မဝင်စားကြောင်း ၂၀၁၂ ခုနှစ်က တီဗီအင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါသေးတယ်။ ကင်ဟန်ဆိုကို ၁၉၉၅ ခုနှစ်က ပြုံယမ်းမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
 
ဘီဘီစီသတင်းအရ မစ္စတာကင်ဂျုံနမ်ကို ၂၀၁၂ ခုနှစ်က လုပ်ကြံဖို့ ကြိုးစားခဲ့ရာမှာ မအောင်မြင်ခဲ့ဘူးလို့ မြောက်ကိုရီးယားစပိုင် အဖွဲ့က ဝန်ခံထွက်ဆိုကြောင်း သိရှိရသည်။ 
မစ္စတာကင်ဂျုံနမ်က မြောက်ကိုရီယား ပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးသူဖြစ်ပြီး ၂၀၁၁ ခုနှစ်က ဂျပန်သတင်းဌါနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ကင်ဂျုံအန်းဟာ မြောက်ကိုရီးယားပြည်သူတွေရဲ့ ဘဝကို တိုးတက်အောင် ဖော်ဆောင်ပေးနိုင်ပုံရတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီမတိုင်ခင် အင်တာဗျူးတစ်ခုမှာတော့ သူ့အနေနဲ့ မြောက်ကိုရီးယားရဲ့ အုပ်ချုပ်ပုံမှာ ဘုရင်စနစ်လို ဆက်ခံနေတာကို သူကိုယ်တိုင်ကန့်ကွက်ပါတယ်လို့ ပြောကြားခဲ့ပြီး သူ့ရဲ့အဖိုး ကင်အီဆောင် လက်ထက်ကစပြီး မျိုးဆက်သုံးဆက် အာဏာလက်ဆင့်ကမ်းခဲ့တဲ့အပေါ် မေးခွန်းထုတ်ခဲ့ပါသေးတယ်။
 
အဲဒီအချိန်က မြောက်ကိုရီးယားမှာ ဒုတိယသြဇာအကြီးမားဆုံးလည်းဖြစ်သူ၊ သူနဲ့ ထဲထဲဝင်ဝင်ရှိခဲ့တဲ့ ဦးလေးဖြစ်သူ ဂျန်ဆောင်တိက်ကို သူယုံကြည်ခဲ့ပါတယ်။  ဂျန်ဆောင်တိက်ဟာ တရုပ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး မြောက်ကိုရီးယားကို စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ထောက်ခံအားပေးခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ နိုင်ငံတော်သစ္စာဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ကင်ဂျုံအန်းက ကွပ်မျက်ခဲ့ပါတယ်။
 
မစ္စတာကင်ဂျုံနမ် မြောက်ကိုရီးယားကို စွန့်ခွာခဲ့ပြီးနောက် မကာအိုမှာ လူမသိသူမသိ အနေများပြီး နောက်ပိုင်းမှာ စင်ကာပူ၊ မလေးရှားတို့မှာလည်း ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ ပေကျင်း၊ ဘန်ကောက်၊ မော်ကိုနဲ့ ပဲရစ်တို့ကို မကြာခဏခရီးသွားလေ့ရှိသူဖြစ်ပါတယ်။
 
 
မစ္စတာကင်ဂျုံနမ်ဟာ ကွန်ပျူတာ ဝါဿနာအိုးဖြစ်ပြီး ဂျပန်စကားကိုလည်း မွှတ်နေအောင် ပြောတတ်ပါတယ်။ သူ ၁၀ နှစ်သားအရွယ်မှာ မြောက်ကိုရီးယားကနေ အမေနဲ့ အဒေါ် ဖြစ်သူတို့နဲ့အတူ ထွက်လာပြီး ဂျနီဗာနဲ့မော်စကိုတို့မှာ ပညာသင်ကြားခဲ့သူဖြစ်ပါတယ်။
မကာအိုကို ထွက်မလာခင်ရှေ့ပိုင်းမှ သူဟာ ပြုံရမ်းမှာ နည်ပညာပိုင်းဆိုင်ရာ အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းခဲ့ဖူးသူဖြစ်ပါတယ်။
 
သူဟာ ဈေးကြီးတဲ့ ဟိုတယ်၊ စားသောက်ဆိုင်တွေတင်မက လမ်းဘေး အစားအသောက်များကိုလည်း နှစ်ချိုက်တတ်သူဖြစ်ပါတယ်။ နံပြားဦးထုတ်နဲ့ သရေဖိနတ် ဝတ်ဆင်ရတာကို ကြိုက်တဲ့လူလဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မကာအို သင်္ဘောဆိပ်နားက မန်ဒရင်းအိုရီရန်တယ် ဟိုတယ်မှာ တောက်လျှောက်အကြာကြီး နေထိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။
 
သူဟာ သူရဲ့မိသားစုဝင်တွေနဲ့ ရံဖန်ရံခါလောက်သာ တွေ့ပြီး သူရဲ့ အရင်မိန်းမ၊ လက်ရှိမိန်းမနဲ့ ကလေး သုံးယောက်က မကာအိုမှာပဲ နေထိုင်နေကြဆဲလို့ ယူဆရပါတယ်။
 
Ref:stomp

16 Feb 2017     1,285 Views




RELATED

Most Popular of International News

Most Popular of NEWS