BEC-TERO TV

ဒေါက်ဖိနပ်ဝတ်လျှင် ရရှိနိုင်သော ဆိုးကျိုးနှင့် ကောင်းတာလေးများ

16 Feb 2017     1,794 Views


အမျိုးသမီးအများစုဒေါက်ဖိနပ်ကို ဘာလို့ဝတ်တာလဲဆိုရင် စတိုင်လ်ကျချင်တာရယ်၊ ဒေါက်ဖိနပ်ဝတ်တော့ အရပ်အနည်းငယ် ပိုရှည်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေ ရှိလာတာရယ်ကြောင့်ပါ။ ဒါပေမယ့်ကြာရင် ခါးကို ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ဒေါက်ဖိနပ်ဝတ်ခြင်းရဲ့ဆိုးကျိုးနှင့်ကောင်းကျိုးများကို လေ့လာသင့်ပါတယ်။တချို့တွေဟာ မွေးရာပါ အရပ်ရှည်ကြတော့ ကံကောင်းတာပေါ့။ ခန္ဓာကိုယ်အချိုးအဆစ်ကို လှပပေါ်လွင်စေတာပေါ့။

အရပ်မရှည်သူတွေအတွက်ကတော့ ဒေါက်မြင့်ဖိနပ်ကူမှသာ ဖြစ်မယ် ဆိုရင် အခုနောက်ပိုင်းထွက်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာ ပြုလုပ်ထားတဲ့ ဒေါက်မြင့်ဖိနပ ်များကို ရွေးချယ်ဝတ်သင့်ပါတယ်။တစ်နေကုန် ဒေါက်မြင့်ဖိနပ်စီးရသောသူတွေအတွက် သိပ်ကို အရေးကြီးပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ဒေါက်မြင့်ဖိနပ်ဟာ ကိုယ့်ခန္ဓာကိုယ်ကို ခံနိုင်ရည် အားရှိသလား၊ ကြာကြာဝတ်ရင် ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်လဲကို အရင်တွေးသင့်ပါတယ်။

လှတာလေးပဲ ရွေးဝယ်မယ် ဆိုတာထက်ပေါ့နော်။ ဒေါက်ကို အချွန်၊အတုံး၊ အထူအပါး စသည်ဖြင့် ကိုယ်ရဲ့ခန္ဓာကိုယ်၊ ကိုယ့်ရဲ့စတိုင်လ်နဲ့ လိုက်ဖက်ညီအောင် ရွေးချယ်သင့်ပါတယ်။ ဒေါက်မြင့်ဖိနပ်ရဲ့ ကောင်းတာလေးတွေကတော့ လှပချွန်ထက်တဲ့ ဒေါက်မြင့်ဖိနပ်တစ်ရံဟာ အမျိုးသမီးတွေရဲ့ သူငယ်ချင်းကောင်း တစ်ယောက်လို ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာထဲကပါ။

အရပ်ကို ပိုရှည်စေတယ်
 
- ဒေါက်ဖိနပ်လေးစီးလိုက်တော့ ကိုယ့်ရဲ့အရပ်က ၅-၆ လက်မ လောက် ရှည်သွားပြီး ပိုကြည့်ကောင်းသွားတာပေါ့။ အရပ်ရှည်ချင်သူတွေအတွက် ဒေါက်ဖိနပ် စီးလိုက်တာနဲ့ ဆွဲဆောင်မှုရှိပြီး ကြည့်လို့အရမ်းလှလို့ စီးကြပါတယ်။ လုပ်ငန်းခွင်မှာ ဒေါက်မြင့်ဖိနပ် စီးခြင်းဖြင့်လည်း ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ရှိလာပါတယ်။
 
စတိုင်လ်
 
- ဒေါက်မြင့်ဖိနပ် ဝတ်လိုက်တာနဲ့ အမျိုးသမီးများရဲ့ စတိုင်လ်ဟာ စမတ်ကြတာကို ခံစားတွေ့ရှိရပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းဖြင့်လည်း လမ်းလျှောက်တဲ့အခါ ဆွဲဆောင်မှု ကောင်းအောင် စတိုင်လ်ကျပါတယ်။ ခြေချောင်းလေးတွေကို ပေါ်လွင်စေတဲ့ ကြိုးသိုင်း ဒေါက်မြင့် ဖိနပ်ဆို ပိုလို့တောင် ဆွဲဆောင်မှုကောင်းပြီး အဝတ်အထည် တော်တော်များများနဲ့ လိုက်ဖက်ပြီး သိပ်ကို စတိုင်လ်ကျပါတယ်။

ခန္ဓာကိုယ် ဟန်နေအထား အဆင်ပြေခြင်း
 
- အမျိုးသမီးများဟာ ဒေါက်မြင့်ဖိနပ်စီးပြီးတာနဲ့ ကိုယ်နေဟန်ထား လှပအဆင်ပြေတယ်လို့ ခံစားကြရမှာပါ။ ဒေါက်ဖိနပ်ရဲ့ အမြင့်ဟာ ခန္ဓာကိုယ်ပေါ်က အကွေ့ကောက်လေးတွေကို ဆွဲဆောင်မှုအပြည့်နဲ့ ပေါ်လွင်စေပါတယ်။ ဒေါက်မြင့်ဖိနပ်စီးလိုက်တာနဲ့ ခန္ဓာကိုယ်က အလိုလို မတ်သွားတယ်၊ ခါး၊ ရင်၊ တင်တွေ ပိုပေါ်လွင်စေတယ။် ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်ဝလာတယ်။ ပထမဦးဆုံး(သို့) တစ်ခါတလေမှ ဒေါက်မြင့်ဖိနပ်ဝတ်တဲ့ မမများကတော့ တမျိုးဖြစ်နေလိမ့်မယ်။ အပြင်သွားရင် အခက်အခဲမဖြစ်အောင် အိမ်မှာ ဒေါက်မြင့်ဖိနပ်ဝတ်ပြီး လမ်းလျှောက် လေ့ကျင့်သင့်ပါတယ်။ ဒါမှသာ အပြင်ထွက်လျှင် ဆွဲဆောင်မှု အပြည့်နဲ့ စတိုင်လ်ကျကျ လျှောက်နိုင်မှာပေါ့။

ခြေထောက်ကို ပိုရှည်စေပါတယ် 
 
- ဒေါက်မြင့်ဖိနပ်ရဲ့အထောက်အကူနဲ့ ခြေတံလေးတွေ ပိုရှည်သွားစေလို့ စကဒ်အတို၊ ဘောင်းဘီအတို ဝတ်လျှင် ငေးမောလောက်စရာ ကောင်း အောင်ကို အလွန်လှပသွယ်လျှတဲ့ ခြေတံလေးတွေတောင် ထင်နိုင်ပါတယ်။ အဝတ်အစားတိုင်းနဲ့လည်း လိုက်ဖက်ပါတယ်။ ဒေါက်မြင့်ဖိနပ်ကို ဘယ်လို အဝတ်အစားနဲ့ပဲ တွဲဝတ်လိုက် ဆွဲဆောင်မှု အပြည့်အဝရှိတာကို တွေ့ရပါတယ်။ ဘယ်လိုဖိနပ် အမြင့်မျိုးလေး တွေကို ဘယ်လိုဝတ်ရင်လှမလဲဆိုရင် ဒေါက်အတုံး ဖိနပ်ကတော့ ဘာနဲ့ဖြစ်ဖြစ် လိုက်ဖက် ပါတယ်။ ခဲတံအချွန်လို ဒေါက်မြင့်ဖိနပ်ကျတော့ တင်ပါးဖုံးရုံအကျီၤကို တစ်ဖြောင့်တည်းစကဒ် (သို့) တစ်ဖြောင့်တည်းဘောင်းဘီနဲ့တွဲဝတ်လျှင် သိသာထင်ရှား ပေါ်လွင်သောအလှကို ခံစားရမှာပါ။ ခုံထူနဲ့ မြင့်မြင့်ဖိနပ်ဆိုရင် ဘောင်းဘီအောက်နားပွပွ(သို့) ခေါင်းလောင်း ဂျင်းဘောင်းဘီမျိုးနဲ့ တွဲဝတ်မယ်ဆိုရင် ခတ်မိုက်မိုက် စတိုင်လ်မျိုးလေးပေါ့။ တချို့ကြတော့ ဒေါက်ဖိနပ် ဝတ်ထားတာကို မသိစေချင်ဘူး။ ဒါပေမယ့် အရပ်ရှည်တဲ့ ပုံသဏ္ဍန်တော့ ဖမ်းချင်တယ် ဒါဆိုရင်တော့ ဖိနပ်ဖုံးအောင် စကဒ်အရှည်၊ ဂါဝန်ရှည်၊ ဘောင်းဘီအပွအရှည်နဲ့ တွဲဝတ်သင့်ပါတယ်။ ဒေါက်မြင့်ဖိနပ်ရဲ့ဆိုးကျိုးလေးတွေကတော့ ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီး တွေဟာ ကြည့်လို့လှသလောက် မျိုးစုံသော အသားအရေ ပေါက်ပြဲ နာကျင်ကိုက်ခဲမှုမျိုးကို ခံစားရတတ်ပါတယ်။
 

ခြေထောက်တွေ နာကျင်ခြင်း
 
- ဒေါက်မြင့်ဖိနပ် ဝတ်ပြီးလမ်းလျှောက်လျှင် အမျိုးသမီး အများစုဟာ ခြေထောက်နာကျင်ခြင်းကို ခံစားရကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါက်အမြင့်ကြောင့် ခန္ဓာကိုယ်တစ်ကိုယ်လုံးရဲ့ဖိအားက ခြေထောက်မှာ သွားစုစည်းတာ ကြောင့်ပါ။ အဲဒီလို နာတာကြာရင် တင်ပါးစုံရိုးတွေပါ နာလာတတ်ပါတယ်။
 
လှမ်းလျှောက်ရတာ အဆင်မပြေခြင်း
 
- အမျိုးသမီး အတော်များများမှာ ဒေါက်မြင့်ဖိနပ်နဲ့ လှမ်းလျှောက်ရတာ တော်တော် အဆင်မပြေဖြစ်တတ်ပါတယ်။ ခရီးဝေးဝေး လျှောက်ရမယ့် နေရာမျိုးတွေမှာဆို လမ်းလျှောက်ရတာ နှေးကွေးတာတို့ အကြာကြီးမတ်တပ် မရပ်နိုင်တာတို့လည်း ဖြစ်တတ်ပါတယ်။ အဲဒီအခါမျိုးတွေမှာဆို ဒေါက်မြင့်ဖိနပ်ကြီး ဝတ်ပြီးလမ်းလျှောက်တဲ့ပုံက ရယ်စရာကြီး ဖြစ်နေပါလိမ်မယ်။ တစ်ခါတလေဆို ဟိုယိုင်ဒီယိုင်နဲ့ ချော်လဲနိုင်တဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်သေးတယ်။

ခါးနာခြင်း

 
- ဒေါက်မြင့်ဖိနပ်ကို ဝတ်ခြင်းဖြင့် တစ်ကိုယ်လုံးရဲ့ ဖိအားကြောင့် နောက်ကြောရိုးနှင့် ခါးရိုးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်းနှင့် တခြားခါးလေ့ကျင့်ခန်းများကို ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ခါးနာခြင်း ကို ကာကွယ်ပေးနိုင်ပါတယ်။ အဆစ်လွဲခြင်း - ဒေါက်ဖိနပ်အမြင့်ကြောင့် အမျိုးသမီးတွေ အများဆုံး ဖြစ်လေ့ဖြစ်ထ ရှိတာက တော့ ခြေဆစ်လွဲခြင်းကို အမြဲမြင်နေ ကြားနေရပါတယ်။ ဒေါက်မြင့်နဲ့ လမ်းလျှောက်တော့မယ် ဆိုရင် ဖြည်းဖြည်းနဲ့ အမြဲသတိရှိရှိ လျှောက်ပါ။ ဒေါက်မြင့်ကို နေ့စဉ် ဝတ်တတ်သော သူများ ဟာ အသက်အရွယ်ရလာတာနဲ့ တစ်ပြိုင်တည်း ခြေထောက်၊ ခြေချောင်းတွေမှာ နာကျင် ကိုက်ခဲပြီး အရိုးများ ပုံမှန်မရှိတာကို ခံစားရတတ်ပါတယ်။

Credit “health.thithtoolwin”


16 Feb 2017     1,794 Views




RELATED

Most Popular of Special or Others

Most Popular of Life Style