BEC-TERO TV

Kelvin kate နဲ့ အချစ်ရေးကို ပြောတဲ့ ငွေမှုန်ရတီ

17 Feb 2017     1,299 Views


ဆယ်ကျော်သက် ညီမတွေအဖြစ် နာမည်ကြီး ကြတဲ့ ရွှေမှုန်ရတီရဲ့ ညီမ ငွေမှုန်ရတီ ဟာ သူမရဲ့ အွန်လိုင်းပေါ် နာမည်ကြီးနေတဲ့ Kelvin kate နဲ့ အချစ်ရေးကို ထုတ်ပြောလိုက်ပြီ ဖြစ်ပါတယ် ။

ငွေမှုန်ရဲ့ အချစ်ရေးကတော့ Single ပါ ရည်းစားမထားတာ သုံးလလောက်ရှိပါပြီ comment မှာရေးထားတဲ့ ကိုကိုရာမဟုတ်ပါဘူး ဆိုတာပဲ သူ့စော်နဲ့ ပြသနာတက်အောင် သပ်သပ်လုပ်တာတခုပါပဲ ။ အမှန်တော့ Kelvin Kate နဲ့ ကတော်တော်လေးခင်တဲ့ သူငယ်ချင်းတွေပါ ။ Kelvin ဗီဒီယိုတွေမရိုက်ခင်ထဲက ခင်ကြတာပါ ။ မောင်နှမ တွေလိုတောင်ဖြစ်နေပါပြီ ။ Kal Kal + Kate ဆိုပြီးတင်တာကလဲ နောက်ပြောင်ပြီးတင်ထားတာပါလို့ ပြောသွားခဲ့ ပါတယ် ။

ပညာရေးမှာတော့ ဒီနှစ်အတွက် ဆယ်တန်းကို မဖြေတော့ ပါ ဘူး နောက်နှစ်မှဖြေတော့ မယ်လို့ ပြောထားပါတယ်။ အမေ ကတော့ အမဖြစ်သူ ရွှေမှုန်ကကော သဘောတူကြပါတယ်လို့ ပြောထားပါတယ်။ စာမေးပွဲ မဖြေတော့ ဘူးဆိုတာကို ဝေဖန် သူတွေလဲ ရှိသလို ဝေဖန်ကြပါ ဝေဖန်တယ်ဆိုတာကောင်းစေချင်လို့ ဝေဖန်တာလေ ။ သူတို့ကောင်းမယ်ထင်လို့ ဝေဖန်မှု အပေါ်ကိုလဲ အားတင်းထားပါတယ်လို့ ပြောထားပါတယ် ။

Credit:lwin pyin 


17 Feb 2017     1,299 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment