BEC-TERO TV

အပြာဝဘ်ဆိုက်များကြောင့် အိမ်ထောင်ရေးပျက်ဆီးခဲ့သူ အမျိုသမီးက ညစ်ညမ်းဝဘ်ဆိုက်များ ပိတ်ပေးရန်တောင်းဆို

19 Feb 2017     1,517 Views


ခင်ပွန်းဖြစ်သူ ညစ်ညမ်းဝဘ်ဆိုက်စွဲလမ်းပြီး မိသားစုဘဝ ပြိုကွဲခဲ့ရသောကြောင့် ညစ်ညမ်း ဝဘ်ဆိုက်များ ချက်ချင်းပိတ်ပေးရန် အန္ဒိယအမျိုးသမီးတစ်ဦးက တရားရုံးချုပ် သို့ ဦးတိုက်ရေးလျှောက်ထားမှုတစ်ခု နယူးဒေလီတွင် ဖြစ်ပျက်ခဲ့သည်။ 
 
အဆိုပါ အမျိုးသမီး၏ခင်ပွန်းသည် ညစ်ညမ်းဝက်ဆိုက်များကိုသာ စွဲလမ်းနေပြီး တန်ဖိုးရှိသော အချိန်များကို ညစ်ညမ်းဝဘ်ဆိုက်များကြည့်ရှုရင်း အချိန်ကုန်ဆုံးနေခဲ့ရာ နောက်ဆုံးတွင် မိသားစုဘဝ ပြိုကွဲခဲ့ရသည်ထိ ဖြစ်ခဲ့ရသောကြောင့် သောကြောင့် ညစ်ညမ်းဝဘ်ဆိုက်များကို ချက်ချင်းပိတ်ပေးရန် တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ 
 
အိမ်ထောင်သက် ၃၂ နှစ်တာရှိခဲ့သော်လည်း ခင်ပွန်းဖြစ်သူသည် ညစ်ညမ်းဝက်ဆိုက်များကို စွဲလန်းလပြီးနောက် သူ၏စိတ်အခြေအနေများလည်း ပြောင်းလဲလာခဲ့ပြီး အိမ်ထောင်ရေး ချိုးဖောက်မှုများရှိလာရုံသာမက 
အိမ်တွင်း အကြမ်းဖက်မူပုံစံများရှိလာခဲ့သသည်။
 
သူမ၏ ခင်ပွန်းသည်ကဲ့သို့ ရင့်ကျက်သည့် အသက်အရွယ်ရှိသူတောင် ညစ်ညမ်းဝဘ်ဆိုက်များကြောင့် လမ်းမှားရောက်ခဲ့ရသဖြင့် ရင့်ကျင့်မှုမရှိသေးသော ကလေးငယ်များ၏ စိတ်ကို မည်သို့မည်ပုံ ပြောင်းလဲမည်ဆိုသည်ကို မခန့်မှန်းနိုင်သည့်အတွက် အဆိုပါညစ်ညမ်းဝဘ်ဆိုက်များကို ပိတ်ပေးရန် တောင်ဆိုကြောင်း ဖေဖော်ပြပါရှိသည်။
 
ယခုကဲ့သို့ ညစ်ညမ်းဝဘ်ဆိုက်များ ပိတ်ပင်ရန် တောင်းဆွုလျှေဦက်ထားမှုမျိုးကို ၂၀၀၅ ခုနှစ်ကလည်း အမျိုး သမီးတစ်ဦး ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်း၏ ဦးတိုက်လျှောက်ထားမူကြောင့် အိန္ဒိယအစိုးရသည် ညစ်ညမ်းဝဘ်ဆိုက်များကို ပိတ်ပေးခဲ့ပြီးနောက် နိုင်ငံတကာဝေဖန်မှုများ မြဝ့်ကက်လာသဖြင့် ပြန်လည်၍ ဖွင့်ပေးခဲ့ရကြောင်း သိရသည်။
 
Credit:MyanmarAlin

19 Feb 2017     1,517 Views




RELATED

Most Popular of International News

Most Popular of NEWS