BEC-TERO TV

ကင်ဂျုံနမ်လုပ်ကြံသတ်ဖြတ်သူ အမျိုးသမီးကို ဟာသရုပ်သံအစီစဉ်အတွက်ဟု အယုံသွင်းခဲ့ခြင်းဖြစ်

20 Feb 2017     1,277 Views


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ကင်ဂျုံနမ် မလေးရှားလေးဆိပ်တွင် အဆိပ်နှင့် မျက်နှာကို ပက်ဖျန်းခံရကာ သေဆုံးခဲ့မှုအတွက် သံသယရှိသူအဖြစ် ဖမ်းဆီးထားသော အင်ဒိုနီးရှား အမျိုးသမီးက တီဗီဟာသအစီစဉ် ရိုက်ကူးနေသည်ဟု ယူဆကာ လုပ်ခဲ့မိခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားရဲချုပ်က  မလေးရှားအာဏာပိုင်များ၏ သတင်းအချက်အလက်ကို ကိုးကား၍ သောကြာနေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။
 
 
အသက် (၂၅ နှစ်)အရွယ် စီတီအိုင်စီယာက ကမ္ဘာကျော် ဟာသရုပ်သံအစီအစဉ်တစ်ခုဖြစ်သည့် “Just For Laught” အစီစဉ်ကဲ့သို့ အလားတူအစီစဉ်တစ်ခုတွင် ပါဝင်ရန်အတွက် ငှားရမ်းခံခဲ့ရခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားရဲချုပ်က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
စီတီနှင့်အတူ အခြားအမျိုးသမီး တစ်ဦးက သူစိမ်းအမျိုးသား တစ်ယောက်ရဲ့ မျက်လုံးကို မပြောမဆို ရုတ်တရက်ပိတ်ပြီး မျက်နှာကို ရေနဲ့ဖြန်းရတဲ့ ပုံစံမျိုးကို ပါဝင်သရုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
 
“သူတို့ ဒီလိုပုံစံမျိုးကိုလည်း အရင်က သုံးလေးကြိမ်လောက် လုပ်ပြီးပါပြီ၊ အဲဒီအတွက် သူတို့ ပိုက်ဆံရပါတယ်။ ကင်ဂျုံနမ်အလှည့်မှာတော့ ရေဗူးထဲမှာ အန္တရာယ်ဖြစ်စေမယ့် အရည်တွေ ထည့်ပေးလိုက်တာပါ။ လူသတ်လုပ်ကြံမှုမှန်း အမျိုးသမီးက မသိခဲ့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
 
စီတီဟာ ယခင်ကလည်း ဟာသရုပ်ရှင် ဇာတ်လမ်းတိုတစ်ခုအတွက် ငှားရမ်းခံရဖူးပြီး တရုပ်ပြည်ကိုတောင် ခရီးသွားခဲ့ရဖူးကြောင်း သူမ၏ ဆွေမျိုးတစ်ဦးက အင်ဒိုနီးရှားရုပ်သံနှင့် အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ 
စီတီဟာ မလေးရှားနှင့် အခြားနိုင်ငံများကိုလည်း ခရီးသွားခဲ့ကြောင်း အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးက အတည်ပြုပေးခဲ့ပါတယ်။
 
ကင်ဂျုံနမ်ကို လုပ်ကြံတာဟာ မြောက်ကိုရီးယားမှာရှိတဲ့ သူ့ရဲ့ရန်သူတွေ ဖြစ်တိုင်တယ်လို့ တောင်ကိုရီးယားက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ကင်ဂျုံနမ်ဟာ မကာအိုကို သွားဖို့ လေယာဉ်စောင့်ဆိုင်းနေစဉ် မျက်နှာကို အဆိပ်ရည်အဖြန်းခံခဲ့ရပြီး မူးဝေနာကျင်လာသဖြင့် လေဆိပ်ကျမ်းမာရေးဝန်ထမ်းများ ပြုစုမှုခံယူနေစဉ် နှစ်နာရီအတွင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
 
ဘေဂျင်းနှင့် မကာအိုတွင် ကင်ဂျုံနမ်၏ ဇနီးနှစ်ဦးနှင့် သားနှစ်ယောက် သမီးတစ်ယောက် ရှိနေသည်ဟု ယုံကြည်ရသော်လည်း လုပ်ကြံခဲရပြီးနောက် အလောင်းအား လာထုတ်ယူခဲ့သူ၊ DNA နမူနာ ပေးမည့်သူမရှိကြောင်း မလေးရှားရဲအဖွဲ့က ထုတ်ပြန်ခဲ့သည်။
 
ကင်ဂျုံနမ် မြောက်ကိုရီးယား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူဖြစ်သဖြင့် မြောက်ကိုရီးယားသံရုံးမှ ကင်ဂျုံနမ်၏ အလောင်းကို မြောက်ကိုရီးယားသို့ ပြန်လည်သယ်ဆောင်ရန် မလေးရှားအစိုရအား တောင်းဆိုထားသကဲ့သို့ ရင်ခွဲစမ်းသပ်မှုမလုပ်ရန်လည်း ကန့်ကွက်ထားခဲ့သည်။ သို့သော် တရားဝင်ကန့်ကွက်စာ မပေးပိုးခဲ့သည့်အတွက် မလေးရှားအာဏာပိုင်များက အလောင်းကို ရင်ခွဲ စမ်းသပ်မှုများ ဆင်လင်လုပ်ဆောင်နေကြာင်း သတင်းရရှိသည်။
 

20 Feb 2017     1,277 Views




RELATED

Most Popular of International News

Most Popular of NEWS