BEC-TERO TV

အီးစီးကရက်ပြောင်းလဲ သောက်သုံးခြင်း၏အားသာချက်များကို သုတေသနပြုဖော်ထုတ်နိုင်

20 Feb 2017     1,305 Views


အီးစီးကရက်ဟာ မီးလောင်ကျွမ်းနိုင်တဲ့အမျိုးအစားဖြစ်တဲ့ သမားရိုးကျဆေးလိပ်နဲ့ စီးရက်တွေသောက်သုံးတာထက် အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးကြောင်းကို ပြီးခဲ့တဲ့ရက်သတ္တပတ်က Annals of Medicine ဆေးပညာဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ရပ်ကအတည်ပြုခဲ့ပါတယ်။လန်ဒန်တက္ကသိုလ်ကစိတ်ကျန်းမာရေးပညာရှင် လီယွန်ရှာဟတ်ဘ် ဦးဆောင်တဲ့ သုတေသနပညာရှင်တစ်စုဟာ စမ်းသပ်ခံလူ ၁၈၁ ယောက်ပါဝင်တဲ့ အုပ်စုအမျိုးအစား ငါးစုခွဲပြီး အဲဒီလူတွေရဲ့ ဆီးနဲ့တံတွေးကို စမ်းသပ်စစ်ဆေးကာ အဖြေရှာခဲ့ကြပါတယ်။

အုပ်စုအမျိုးအစား ငါးစုကတော့ လတ်တလောဆေးလိပ်သောက်သုံးနေသူအများအုပ်စု၊ လတ်တလော အီးစီးကရက်သောက်သုံးနေသူများအုပ်စု ဥပမာ-ပီကေ၊ ယခင်ကဆေးလိပ်သောက်သုံးခဲ့ပြီး အီးစီးရက်ပြောင်းလဲသောက်သုံးနေတဲ့အုပ်စု၊ ယခင်က ဆေးလိပ်သောက်သုံးခဲ့ပြီး နီကိုတင်းအစားထိုးပစ္စည်းသုံးစွဲနေတဲ့ အုပ်ဆိုပြီးခွဲခြားထားပါတယ်။အုပ်စုငါးခုလုံးဟာတူညီတဲ့ နီကိုတင်းပမဏကို လက်ခံမှုရှိကြောင်းတွေ့ရပါတယ်။

ဆေးလိပ်ကနေအခြား ပြောင်းလဲသောက်သုံးတဲ့သူတွေကတော့ ကင်ဆာဖြစ်ပွားစေတဲ့ ကာစီနိုဂျင်နဲ့ အဆိပ်သင့်ပစ္စည်းပါဝင်မှုနှုန်း သိသိသာသာ ကျဆင်းသွားတာကိုဖော်ပြခဲ့ပါတယ်။အီးစီးရက်သောက်သုံးသူတွေနဲ့ ဆေးလိပ်၊စီးရက်သောက်သုံးသူတွေရဲ့ ခြားနားချက်ကတော့ အံ့မခန်းလောက် စရာပါပဲ။အငွေ့အဖြစ်ပြောင်းလဲနိုင်တဲ့ အီသိုင်လင်းအောက်ဆိုက်၊ အခရိုင်လိုနီထရီလိနဲ့ ဗီနိုင်းကလိုရိုက်အော်ဂဲနစ် ဓာတ်ပေါင်းပစ္စည်း သုံးမျိုးပါဝင်မှုဟာ ၅၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး အာနိသင်ပြင်းတဲ့ ကာစီနိုဂျင်နဲ့ နိုက်ထရိုဆာမင်း ပါဝင်မှု ၉၇ ရာခိုင်နှုန်းလျော့ကျသွားပါတယ်။ယခုအခါမှာ ဆေးလိပ်နဲ့ စီးကရက် သောက်သုံးမှုကနေ ဘေးကင်းစိတ်ချရတဲ့ နီကိုတင်းအစားထိုးပစ္စည်းတွေကို သုံးစွဲခြင်းက တွင်ကျယ်စွာ လက်ခံအသုံးပြုလျက်ရှိလာပါတယ်။

Soure: Health News


20 Feb 2017     1,305 Views




RELATED

Most Popular of Special or Others

Most Popular of Life Style