BEC-TERO TV

ထွန်းထွန်းကို အကယ်ဒမီရစေချင်တဲ့ နေဒွေး

20 Feb 2017     1,249 Views


အကယ်ဒမီနဲ့ ပတ်သတ်ပြီး ကျွန်တော်အတွက်တော့ ရင်ခုန်မှုသိပ်မရှိပါဘူးလို ပြောလာတဲ့ နေဒွေး တစ်ယောက်ကတော့ ဒီနှစ်အကယ်ဒမီအတွက် ထွန်းထွန်းကိုတော့ ရစေချင်ပါတယ်လို့ ပြောသွားခဲ့ ပါတယ်။

ခိုးဆိုးလုနှိုက် ဇာတ်ကားကြီးနဲ့ အကယ်ဒမီမှန်းပေးနေကြတဲ့ ထွန်းထွန်းအတွက် ကျွန်တော်ကတော့ ထွန်းထွန်းကိုရစေချင်ပါတယ် ။ သူရမယ်လို့လဲ ယုံကြည်တယ် ။ ကျွန်တော့ ကိုတော့ ပရိတ်သတ်တွေ မှန်းပေးတာနဲ့တင်ကျေးဇူးတင်ပါတယ် ။ အများကြီးကြိုးစားဖို့လိုပါသေးတယ် ။

နောက် သုံး လေးငါးနှစ်နေမှ အကယ်ဒမီ မျှော်လင့်ထားပါတယ် ။ ကိုထွန်းရခဲ့ရင် သူ့ကိုချီမယ် လုပ်ချင်တာတွေလုပ်ခိုင်းမယ် ၀ယ်ချင်တာတွေဝယ်ခိုင်းမယ် သူရဖို့အတွက်ပဲ အားပေးတယ်လို့ ပြောသွားခဲ့ပါတယ်။ ခိုးဆိုးလုနှိုက်က ဇာတ်ကောင်တွေကို ဇာတ်ဆောင်အဖြစ်အကုန်တင်ထားတဲ့အတွက် ဒီနှစ်အတွက် ခိုးဆိုးလှုနှိုက်ထဲက တဆုဆုတော့ သေချာသလောက်ဖြစ်နေပါပြီ ။

Credit:Oasis


20 Feb 2017     1,249 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment