BEC-TERO TV

၃နှစ်ကြာမှ အနာပညာလောက ကိုပြန်ရောက်လာတဲ့ မေကဗျာ

20 Feb 2017     1,348 Views


သုံးနှစ်လောက် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားတဲ့ သရုပ်ဆောင်မေကဗျာကတော့ ဗီဇဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကနေစတင်ပြီး ပြန် လည်ဝင်ရောက်လာပါပြီ ။ ဇာတ်ကားတွေ အရိုက်နည်းသွားတာဟာ ဇာတ်ရုပ်ရွေးချယ်ခြင်းကြောင့် မဟုတ်ဘဲ သူမကို ဇာတ်ကား ရိုက်ကူးဖို့ လာရောက်ကမ်းလှမ်းခြင်းကြောင့် ဖြစ်တယ်လို့ ပြောထားပါတယ် ။

‘‘ကံပေါ့။ ကဗျာက ကားကြီး နဲ့ ကံမစပ်တာလည်း ပါတယ်။ ကိုယ်ရွေးချယ်တာမဟုတ်ဘူး။ ကိုယ့်ဆီလာတာကိုက နည်းတာ။ နည်းတဲ့အတွက်ကြောင့် အခု နောက်ပိုင်းဆိုရင် အခန်းနည်းတာ၊ များတာကိုမရွေးချယ်ပါဘူး။ တစ် ခန်းပဲပါပါ၊ နှစ်ခန်းပဲပါပါ ကိုယ့် အတွက် လုပ်ကွက်ရှိမယ်ဆိုရင် ရိုက်ပါတယ်’’လို့ ပြောထားပါတယ် ။

ဗီဇဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မိဘမဲ့ ဂေဟာမှာနေတဲ့ ကောင်မလေး တစ်ယောက် သူငယ်ချင်းအတွက် အနစ်နာခံလိုက်ရတဲ့ ကောင်မလေး နေရာက ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပြီး ဇာတ်ကားမှာ ပါဝင်ရတဲ့ အခန်းမများပေမယ့် ပါဝင်ရတဲ့ အခန်းဟာ သူမအတွက် လုပ်ကွက်ရသလို ဒါရိုက်တာ ဝင်းထွန်းထွန်းကို ယုံကြည့်တာကြောင့် လက်ခံရိုက်ကူးဖြစ်ခဲ့တာပါလို့လဲပြောထားပါတယ် ။

စီးပွားရေးအနေနဲ့ အင်္ကျီချုပ်ဆိုင်နဲ့ ကွန်ပျူတာ ပန်းထိုးလုပ်ငန်းကို လုပ်ကိုင်နေပြီး သမီးဖြစ်သူ ဂင်္ဂါမေကိုလည်း သူမလို အနုပညာရှင်တစ်ယောက်မဖြစ်စေချင်တဲ့အတွက် အနုပညာလောကနဲ့ အဆက်အသွယ်ဖြစ်ထားပြီး ပညာရေးဘက်ကိုပဲ ဦးစားပေးထားခိုင်းတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

Credit:7Day


20 Feb 2017     1,348 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment