BEC-TERO TV

ကမ္ဘာ့အသက်ကြီးဆုံး ဂရင်းနစ်မှတ်တမ်းဝင်နိုင်မည့် အဘိုးဦးမိုးအေး အသက် ၁၁၆ နှစ် သက်ရှိထင်းရှားရှိနေ

22 Feb 2017     1,325 Views


မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၊ ကျွန်းရင်းအုပ်စု၊ လေးအိမ်စုကျေးရွာတွင် အသက် ၁၁၆ နှစ် ကိုးလနှင့် ဆယ်ရက် အရွယ်ရှိ အဘိုး ဦးမိုးအေးမှာ ကျန်းမာစွာဖြင့် သက်ရှိထင်ရှား နေထိုင်လျှက်ရှိသည်။
 
 
အဘိုးအို၏ ဇာတာခွင် စစ်တမ်းအရ မြန်မာသက္ကရာဇ် ၁၂၆၂ ခုနှစ် ကဆုန်လဆုတ် ၂ ရက် (ခရစ်သက္ကရာဇ် ၁၈၉၉ ခုနှစ် ဧပြီလ)တွင် မွေးဖွားခဲ့သူဖြစ်သဖြင့် အသက် ၁၁၆ နှစ်ကျော်ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အဘိုး ဦးမိုးအေး အသက် ၁၀၀ ပြည့်ချိန် ၂၀၀၀ ခုနှစ်က မြန်မာနိုင်ငံတော်အစိုးရက ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်၍ ထောက်ပံ့ငွေ ကျပ်နှစ်သိန်း လက်ခံရရှိဖူးကြောင်း သိရှိရသည်။
 
 
ငယ်စဉ်က ဂျပန်ခေတ်တွင် ချွေးတပ်ဆွဲရာတွင် ပါသွားခဲ့ဖူးသူဖြစ်ပြီး အမ်းတောင်ကြားလမ်းဖောက်ရာ၌ အလုပ်လုပ်ခဲ့ရပြီး ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရပြီးနောက် ချွေးတပ်ပြန်ဘဝနှင့် မိမိဒေသတွင် တောင်သူလယ်လုပ်ငန်းကို ပြန်လည်၍ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
 
လက်ရှိတွင် သားသမီးသုံးယောက်၊ မြေးဆယ်ယောက်၊ မြစ်ခြောက်ယောက်တို့ဖြင့် မျိုးဆက် သုံးဆက်တိုင် ကျန်းမာစွာနေထိုင်လျှက်ရှိသည်။ 
ကမ္ဘာ့ဂရင်းနစ်စံချိန်တွင် ယခုအသက်အကြီးဆုံးအဖြစ် သတ်မှတ်ခံထားရသူ အီတလီနိုင်ငံ ဗာစီလီမြို့မှ Ms Emma Martina Luiguia Morano မှာ ခရစ်နှစ် ၁၈၉၉ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့က မွေးဖွားခဲ့ကြောင်း ဂရင်းနှစ်မှတ်တမ်းတွင် ဖော်ပြခဲ့သည်။
 
အဘိုး ဦးမိုးအေးမှာ ခရစ်နှစ် ၁၈၉၉ ခုနှစ် ဧပြီလတွင် မွေးဖွားခဲ့သူဖြစ်ရာ လက်ရှိ အသက်ကြီးဆုံးအဖြစ် သတ်မှတ်ခံထားရသည့်  Ms Emma Martina Luiguia Morano ထက် ခုနှစ်လခန့် ပိုအသက်ကြီးနေသည်ဖြစ်သဖြင့် အထောက်အထား ခိုင်ခိုင်လုံလုံနှင့် တင်ပြနိုင်ပါက ကမ္ဘာ့ဂရင်းနစ်မှတ်တမ်းတွင် အသက်အရှည်ဆုံးလူသားအဖြစ် အဘိုးဦးမိုးအေး မှတ်တမ်းဝင်နိုင်မည်မှာ အသေအချာပင် ဖြစ်ပါတော့သည်။
 
Ref:Myanmar alin
 

22 Feb 2017     1,325 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS