BEC-TERO TV

ပြောမရလို့သာ လွှတ်ထားတာ သိပ်ချစ်တော့လည်း သဝန်တိုမိတာပေါ့

22 Feb 2017     1,288 Views


ချစ်သူ၊ လင်မယားစုံတွဲတွေမှာ မည်မျှပင် တစ်ဦးကိုတစ်ဦး သိပ်ချစ်ကြစေဦးတော့ ကိုယ့်ချစ်သူမှာ ကိုယ်မကြိုက်တဲ့ အချက်လေးတွေ အချို့တော့ ရှိနေကြဆဲဖြစ်ပါတယ်။ တစ်ခါတစ်ရံ ချစ်လွန်းလို့သာ အလိုလိုက်ထားတာ မပြောချင်လို့ ကြည့်နေတာကြာပြီဆိုတဲ့ အခြေအနေမျိုးရောက်လာရင် သီးမခံချင်တော့ပါဘူး။ သင့်ချစ်သူအပေါ်မှာရော အဲလိုဖြစ်မိတာတွေရှိလား..?
 
ဖိလစ်ပိုင်နိုင်ငံက ဂျွန် နဲ့ ဂျယ်လီဆိုတဲ့ ချစ်သူနှစ်ဦးမှာ မိန်းကလေးဖြစ်တဲ့ ဂျယ်လီက လူမှုကွန်ယက် ဗီဒီယိုကနေတစ်ဆင့်  အလှကုန်ပစ္စည်းအညွှန်းလေးတွေကို ပြောပြာညွှန်းပြတတ်တဲ့ ဝါသနာကြီးသူတစ်ယောက် ဖြစ်ပါတယ်။
 
 
သဝန်တိုတတ်တဲ့ သူမရဲ့ချစ်သူ ဂျွန်က အခြားယောက်ျားလေးတွေ ဗီဒီယိုမှာ ကြည့်ပြီး သူ့ချစ်သူကို ငမ်းမှာ မကြိုက်တဲ့အတွက် သူမ ဒီလို ဗီဒီယိုတွေတင်နေတာကို ကြိုက်လှတယ်မဟုတ်ပေမယ့် ချစ်လွန်းလို့ ခွင့်ပြုထားရတာဖြစ်ပါတယ်။
ကိုယ့်ချစ်သူ မကြိုက်မှန်းသိတော့ ဂျယ်လီကလည်း သူမရှိတဲ့အချိန်တွေမှာ ဗီဒီယိုတွေ ရိုက်ပြီး တင်တတ်ပါတယ်။ တစ်နေ့တော့ ထုံးစံအတိုင်း အလှကုန်တစ်ခု အကြောင်း သုံးစွဲပုံသုံးစွဲနည်းကို ဗီဒီယိုရိုက်နေတုန်း ဂျွန်ပြန်ရောက်လာတာ မသိလိုက်ပါဘူး။
 
ဂျွန်က သူမလုပ်နေတာတွေကို နောက်ကနေ တစ်ချက် လှမ်းအကဲခတ်လိုက်ပြီး၊ မပြောမဆိုနဲ့ သူမဆီကိုလျှောက်လာပြီး အနည်းငယ်ဟပြီး ရင်နှစ်မွှာပေါ်နေတဲ့ အင်္ကျီနေရာကို ဆွဲတင်ကာ စက္ကူတိတ်နဲ့ ကပ်လိုက်ပါတယ်။
သူမက အံ့သြသွားပြီး ဒီမှာ အလုပ်လုပ်နေတယ်လေ ဘာလုပ်တာလဲလို့ ပြန်မေးတာကို ဂရုမစိုက်ပဲ နောက်ထပ် စက္ကူတိတ်ထပ်ယူပြီး စောစောနေရာမှာပဲ ပိုခိုင်သွားအောင် ထပ်ကပ်လိုက်ပါတယ်။
 
 
 
ဗီဒီယိုတိုက်ရိုက်လွှင့်နေချိန်ဖြစ်လို့ ဂျွန်ရဲ့ အပြုအမူကြောင့် ဂျယ်လီက စိတ်ဆိုးပြီး စကားများခဲ့ကြပေမယ့် ဒီအဖြစ်အပျက်ကို အစဆုံး တွေ့ခဲ့ကြရတဲ့ သူမရဲ့ ပရီသတ်တွေကတော့ ဂျွန်ရဲ့ လုပ်ရပ်ကို စိတ်မဆိုးပဲ ကိုယ့်ချစ်သူကို အစိုးရိမ်ကြီးပြီး ကာကွယ်ပေးတတ်တဲ့ ချစ်စရာအပြုအမူဖြစ်တယ်လို့ မှတ်ချက်ပေးကြပြီး သူတို့ စုံတွဲကို အရမ်းအားကျခဲ့ကြပါတယ်။ သူတို့ရဲ့ချစ်သူကိုလည်း ဂျွန့်လိုပဲ အရမ်းချစ်စေချင်တဲ့ ဆန္ဒတွေ ဖြစ်လာကြပါတယ်။
 
ဂျွန်နဲ့ ဂျယ်လီတို့ စုံတွဲဟာ အဆိုပါ ဗီဒီယိုကြောင့် စုံတွဲတွေ အားကျခဲ့ရတဲ့ စုံတွဲတစ်တွဲအဖြစ် လူမှုကွန်ယက်မှာ ပြောဆိုချီးမွမ်းခံနေကြရပါတယ်။
သင့်ရဲ့ ချစ်သူကရော သင့်အပေါ်မှာ ဘယ်လိုသဘောထားပါလိမ့်..? 

 


22 Feb 2017     1,288 Views




RELATED

Most Popular of Special or Others

Most Popular of Life Style