BEC-TERO TV

ကင်ဂျုံနမ်ကို လုပ်ကြံခဲ့သူအမျိုးသမီးတစ်ဦးမှာ ဗီယက်နမ်အိုင်ဒေါ ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ကြောင်း အခိုင်အမာပြောဆို

26 Feb 2017     1,276 Views


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ကင်ဂျုံနမ် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်၌ လုပ်ကြံခံရမှုတွင် ပါဝင်ပက်သက်ခဲ့သူဟု သံသယရှိသူ ဖမ်းဆီးထားသော အမျိုးသမီးတစ်ဦးမှာ ဗီယက်နမ်ပေါ့ပ်အိုင်ဒေါလ် သီဆိုယှဉ်ပြိုင်ခဲ့ဖူးသူ တစ်ဦးဖြစ်နိုင်ကြောင်း အခိုင်အမာပြောဆိုထားသည်။
 
လက်ရှိတွင် မလေးရှားရဲများက ဖမ်းဆီးထိန်းသိမ်းထားသော Doan Thi Huong ၂၀၁၆ ခုနှစ် ဇွန်လက ပြုလုပ်ခဲ့သည့် ရှိုးတွင် ပါဝင်ခဲ့သူဟု ဖော်ပြထားသည်။ အသက် ၂၈ နှစ်အရွယ် ဗီယက်နမ်အဆိုတော်က ကင်ဂျုံနမ် လုပ်ကြံမခံရခင်အထိ သူမ၏ လူမှုကွန်ယက်ပေါ်တွင် သူမ၏ ဓါတ်ပုံများကို တောက်လျှောက်တင်နေခဲ့သည်။ ကင်ဂျုံနမ် လုပ်ကြံခံရသည့်နေ့က စီစီတီဗီမှတ်တမ်းအရ "LOL" ဒီဇိုင်းပါ တီရှပ်ကို ဝတ်ဆင်ခဲ့ပြီး ထွက်ပေးသွားခဲ့သူမှာ သူမပင်ဖြစ်ကြောင်း စွပ်စွဲထားသည်။
 
မြောက်ကိုရီးယား သံတမန်အဖွဲ့မှ ကင်ဂျုံနမ် လုပ်ကြံခံရမှုနှင့် ပက်သက်၍ ဖမ်းဆီးထားသည့် အပြစ်မရှိသော အမျိုးသမီးများကို  ချက်ခြင်းပြန်လွှတ်ပေးရန် မလေးရှားရဲအဖွဲ့ထံ တောင်းဆိုထားသည်။ ကွာလာကမ်ပူလေဆိပ်ရှိ စီစီတီဗီ ပုံရိပ်များ ရရှိခဲ့ပြီးနောက် Ms Doan နှင့်အတူ အခြား အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးတို့ကိုလည်း မလေးရှားရဲအဖွဲ့က ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါအမျိုးသမီးနှစ်ဦးမှာ "Just For Laught" ကဲ့သို့သော ဟာသတီဗီရှိုးတစ်ခုအတွက် သရုပ်ဆောင်ရမည်ဟု လိမ်ညာခံခဲ့ရပြီးနောက် ကင်ဂျုံနမ်ကို လုပ်ကြံမှု ဖြစ်ရသည်ထိ အယုံသွင်းခံခဲ့ရသူများဖြစ်ကြောင်း သတင်းမီဒီယာအချို့က ရေးသားဖော်ပြခဲ့ကြသော်လည်း မလေးရှားရဲမှုးချုပ် Khalid Abu Bakar က ငြင်းပယ်ခဲ့ပြီး သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသူများမှာ မြို့လည်ကောင် လူမြင်ကွင်း မည်သည့်နေရာမဆို တိုက်ခိုက်နိုင်အောင် အပြည့်အဝလေ့ကျင့်ထားကြသူများဖြစ်ကြောင်း ပြောဆိုခဲ့သည်။
 
 
"သူတို့မှာပါလာတဲ့ အရည်တွေဟာ အဆိပ်ရည်တွေဆိုတာကို ဒီအမျိုးသမ်းနှစ်ယောက်လုံးက သိပြီးသားဖြစ်တယ်" လို့ ရဲမှုးက ဆိုပါတယ်။ "ဘယ်လို ဓါတုဗေဒပစ္စည်းဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မသိပေမယ့် အဲ့ဒါတွေကို သူတို့က သုံးပြီး တိုက်ခိုက်ခဲ့တာပါ" အဲ့လိုတိုက်ခိုက်ပြီးတာနဲ့ သူတို့ရဲ့လက်ကို ဘယ်လိုစင်ကြယ်အောင် ဆေးရမယ်ဆိုတာလည်း သူတို့ညွှန်ကြားထားခံရပြီးသားဖြစ်တယ်လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
 
မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်က လတ်တလောလေဆိပ်မှာ သေဆုံးခဲ့တဲ့ အမျိုးသားဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူဆိုတာ မဟုတ်ကြောင်း အပြင်းအထန် ငြင်းဆိုခဲ့ပြီး မလေးရှားနိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ ယုံကြည်လို့မရဘူးလို့ ပြောဆိုခဲ့ပါတယ်။
 
သေဆုံးခဲ့သူ ကင်ဂျုံနမ်ဟာ မြောက်ကိုရီးယားရဲ့ အုပ်ချုပ်နေမှုပုံစံနဲ့ ပက်သက်ပြီး မိသားစုတွေနဲ့ သဘောထားကွဲခဲ့ပြီးနောက် ညီဖြစ်သူ ကင်ဂျုံအန်နဲ့ ခပ်ကင်းကင်းနေခဲ့ပြီး တရုပ်နိုင်ငံ တောင်ဘက်ကမ်းရှိးတန်းရှိ မကာအိုမှာ ဇနီးနဖြစ်သူနှင့် သားသမီးနှစ်ယောက်တို့နဲ့အတူ နေထိုင်ခဲ့သူဖြစ်ပါတယ်။
 
သူမသေဆုံးမီမှာ မြောက်ကိုရီးယားက သူ့ရဲ့ ညီဖြစ်သူက သူကိုလုပ်ကြံခိုင်းတာ ဖြစ်နိုင်ကြောင်း အကယ်၍ မဟုတ်ခဲ့ရင်တောင် သူ့ကို လုပ်ကြံခဲ့သူဟာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ချီးကျူးထောပနာပြုတာကို ခံချင်လို့ ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ မစ္စတာ ကင်ဂျုံနမ်သည် အဆိပ်ရည်နှင့် မျက်နှာကို ပက်ဖျန်းခံရပြီး စောင့်ရှောက်မှုခံယူနေစဉ် နှဏ်နာရီခန့်အကြာမှာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ 
 

26 Feb 2017     1,276 Views




RELATED

Most Popular of International News

Most Popular of NEWS