BEC-TERO TV

ရွှေဈေး၉သိန်းကျော်အထိမြင့်တက်နေ

27 Feb 2017     1,233 Views


ရွှေဈေးဟာသည်ကနေ့ မှာငွေကျပ်၉သိန်းကျော်အထိမြင့်တက်လာပါတယ်။ “အခုညနေမှစတက်တာအခေါက်ရွှေကတော့၉သိန်းကျော်ရှိနေတယ်။၁၅ပဲရည်က၈သိန်းခွဲလောက်ဘဲရှိ တယ်။ဒီလိုချိန်တွေမှာတော့အ၀ယ်နည်းတယ်သုံးလပိုင်းလေးလပိုင်းလောက်မှပြန်တက်လာမှာဆိုတော့အခုချိန် ဈေးတက်လဲဝယ်တဲ့သူကနည်းတယ်။”လို့ချောက်မြို့နယ်ကိုကျေုာ်ဇေယျရွှေဆိုင်ကပိုင်ရှင်ကိုကျော်ဇေယျက ပြောပါတယ်။

ရွှေဈေးကဖေဖော်ဝါရီလ ၂၆ရက်နေ့ညနေပိုင်းကစပြီးတက်ခဲ့တာဖြစ်ပြီးအခုချိန်မှာတော့၉သိန်းကျော် အထိမြင့်တက်နေတာဖြစ်ပါတယ်။အခုချိန်မှစတက်တာကြောင့်ဘယ်လိုပြဿနာတစ်စုံတစ်ရာမှမရှိနိုင်သေးပါဘူး။ မုံရွာကမြသီဂီရွှေဆိုင်ကပိုင်ရှင်ကိုကျော်ကျော်ဝင်းက

”အခုချိန်ကအ၀ယ်နည်းတော့ဘာမှထွေထွေ ထူးထူးတော့မရှိဘူးအကိုတို့ပိုင်ရှင်တွေအနေနဲ့ကတော့ဈေးငြိမ်နေတာကိုသဘောကျတယ်။နယ်ဘက်ကလူ တွေဆိုတော့ ဈေးနှုန်းတွေကိုတော့သိပ်မကြည့်ဘူး။သူတို့ရာသီချိန်ဆိုရင်တော့ဝယ်ကြတာပဲ”လို့ပြောပါတယ်။

 ရွှေဈေးတက်လာတဲ့အပေါ်မှာနယ်ဘက်ကလူတွေကတော့ဘယ်လိုမှမဖြစ်ပေမယ့်မြို့ဘက်ကလူတွေက တော့အ၀ယ်နည်းသွားနိုင်တယ်လို့သိရပါတယ်။ဆိုင်ပိုင်ရှင်တွေကလဲရွှေဈေးငြိမ်နေရင်အရောင်းဝယ်တွေပိုဖြစ် လာနိုင်ပြီးဈေးမငြိမ်တာတွေကြောင့်ရောင်းချမှုအပိုင်းတွေမှာအခက်ခဲတွေရှိလာနိုင်တာဖြစ်တယ်လို့သိရပါတယ်။

Credit ; kumudranews


27 Feb 2017     1,233 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS