BEC-TERO TV

တာဝန်မကျေသလိုခံစားနေရတဲ့ အိန္ဒြာကျော်ဇင်

27 Feb 2017     1,261 Views


မောင့်အိမ်သူ ရုပ်ရှင်ကားကြီးရုံတင်နေပြီ ရီလေးနွယ်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး အူဝဲ ရဲ့ သရုပ်ဆောင်ပုံကိုကြည့်ပြီး အကယ်ဒမီနဲ့ လွဲခဲ့တာကို နှမြောတသဖြစ်နေကြတဲ့ Feedback တွေလဲရှိနေပါတယ်။ မောင့်အိမ်သူ ဇာတ်ကားဟာ အူဝဲအတွက် လုပ်ခွင့်ရသလို တကယ်ကောင်းတဲ့ ကာတစ်ကားပါ ။အဓိကသိစေချင်တာကတော့ မိန်းမသားတွေရဲ့ဘ၀ ၊ မိန်းမသားတွေရဲ့ခံစားချက် နဲ့ အိမ်ထောင်ရှင်အမျိုးသမီးတို့က ကိုယ့်ရဲ့လင်သားအပေါ် ဘယ်လောက်ထိစွဲလမ်းမှုရှိတယ် စသဖြင့် အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်ရဲ့ ခံစားချက် အမျိုးသမီးတွေ အတွက် ပညာပေးလဲပါသလို အမျိုးသားတွေအတွက် ပညာပေးလဲပါပါတယ် ။ ပညာပေး ကားကောင်းတခုလဲဖြစ်ပါတယ် ။feedback ကောင်းတွေ ပြန်ရလို့လဲ အရမ်းဝမ်းသာရသလို ပရိတ်သတ်ကိုလဲ ကျေးဇူးတက်ပါတယ်လို့ ပြောထားပါတယ်။

အကယ်ဒမီနဲ့ လွဲခဲ့တဲ့ အပေါ်ကိုလဲ အူဝဲ ညံ့လို့ အူဝဲကြိုးစားဖို့လိုသေးတယ်လို့ပဲ ထင်ပါတယ် ။ အခုလိုဝိုင်းချစ်ပေးလို့လဲ ကျေးဇူးတင်ပါတယ် လို့ပြောထားပါတယ် ။

၂၀၁၆ မှာကားရိုက်တွေ များခဲ့ တဲ့ အတွက် ၂၀၁၇ ပလန်မှာ သေချာတာကတော့ ကားရိုက်နည်းသွားမယ်လို့ လဲ ပြောထားပါတယ် ။ ကားရိုက်နည်းတယ် ဆိုတာ တမင်လျှော့ရိုက်ဖြစ်တာပါ အူဝဲရဲ့ မိသားစု ကို အချိန်ပေးချင်တယ် အမှန်တိုင်းပြောရရင် အူဝဲ သားနဲ့ သမီး အပေါ် တာဝန်မကျေသလို ခံစားရတယ် အချိန်တွေ အများကြီး မပေးနိုင်ခဲ့ ဘူး ဒါကြောင့် ဒီနှစ်မှာ မိသားစု ကို အချိန်ပိုပေးပြီး ကလေးတွေနဲ့ နီးနီးကပ်ကပ်နေပေးမယ်လို့ ပြောသွားခဲ့ပါတယ် ။

Credit:Oasis 


27 Feb 2017     1,261 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment