BEC-TERO TV

ကလေးအသေတွေကို စားသောက်တဲ့ အနုပညာပြပွဲတင်ဆက်ခဲ့သူ ပြင်းထန်းစွာဝေဖန်ခံနေရ

08 Mar 2017     1,442 Views


အင်ဒိုနီးရှားလို “မာကန် မာရစ်” ဆိုတာ “အလောင်းကောင်တွေကို စားကြစို့” အဓိပ္ပါယ်ရပါတယ်။ ဒီလိုရွံစရာနံမည်မျိုးပေးထားတဲ့ ပရောဂျက်ကို ဦးဆောင်ဖန်တီးသူကတော့ အင်ဒိုနီးရှားနိုင်ငံမှ အနုပညာသမားတစ်ဦးလို့ ခံယူထားတဲ့ “နာတာရှာ ဂါဘရီလာတွန်တေး” ဆိုသူ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ သူမဟာ အဆိုပါ ပရောဂျက်ကြောင့် အစိုးရအသိုင်းအဝိုင်းနဲ့ လူထုရဲ့ ပြစ်တင်ဝေဖန်မှုကို ခံနေရပါတယ်။
 
 
သူမရဲ့ “အလောင်းကောင်တွေကို စားကြစို့” ဆိုတဲ့ အနုပညာပြပွဲကို ဂျကတာမြို့တောင်ပိုင်းက စားသောက်ဆိုင်တစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။ သူမရဲ့ အနုပညာကတော့ ကလေးအသေလေးတွေရဲ့ ခန္ဓာကိုယ်နဲ့ ဥဏှောက်တို့ကို စားရတဲ့ ပုံစံဖြစ်ပါတယ်။
 
 
 
ပလပ်စတစ်ကော်ပတ်ရုပ် ကလေးတွေကို ဗိုက်နေရာနဲ့ ဦးခေါင်းနေရာတွေမှာ လှီးဖြတ်ဖောက်ထားပြီး အဆိုပါအရုပ်တွေထဲမှာ အစားအစာတွေ သွပ်ထားပြီး ပန်းကန်ပြားပေါ်တင်ပေးထားတာဖြစ်ပါတယ်။ 
 
 
 
နောက်ဆုံးစားရတဲ့ အချိုပွဲမုန့်ကိုလည်း သွေးသံရဲရဲနဲ့ တုံးလုံးလေး သေဆုံးနေတဲ့ ကလေးငယ်ပုံလေးတွေအဖြစ် ပြုလုပ်ထားတာ ဖြစ်လို့ အသည်းယားစရာ ရွံစရာအတိဖြစ်ခဲ့ပါတယ်။
 
 
သူမရဲ့ အနုပညာပြကွက်ကို အွန်လိုင်းပေါ်မှာ ချပြလိုက်တဲ့ အခါမှာတော့ ပြစ်တင်ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီး အချို့က သူမဟာ စိတ်ဝေဒနာခံစားနေရသသူဖြစ်နိုင်ကြောင်း ပြောဆိုသကဲ့သို့ အချို့ကလည်း အနုပညာဆိုတိုင်း လုပ်သင့်သာ မလုပ်သင့်တာဆိုတဲ့ အတိုင်းအထွာရှိကြောင်း ပြစ်တင်ဝေဖန်မှု အပြင်းအထန်ခံနေရပါတယ်။
 
 
အဆိုပါကိစ္စနဲ့ ပက်သက်ပြီး သူမကိုမေးမြန်ခဲ့ရာမှာတော့ “လူသားစားတာနဲ့ ပက်သက်ပြီး အများရဲ့အမြင်က ဘယ်လိုရှိတယ်ဆိုတာ စူးစမ်းချင်လို့ပါလို့ ဖြေကြားခဲ့ပါတယ်။
စာဖတ်သူကရော အဲဒီအနုပညာဖန်တီးမှုအပေါ် ဘယ်လိုများ ရှုမြင်မိပါသလဲ..?
 

08 Mar 2017     1,442 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment