BEC-TERO TV

အွန်လိုင်းမှာ ပေါက်နေတဲ့ Beauty and The Beast ဇာတ်ဝင်တေး MTV

14 Mar 2017     1,352 Views


ဝေါ့လ်ဒစ္စနေ အန်နီမေးရှင်း ရုပ်ရှင် ၃၀ နှစ်ပတ်လည် အဖြစ် ၁၉၉၁ ခုနှစ်က ရိုက်ကူးခဲ့တဲ့ “Beauty and The Beast” ကာတွန်းရုပ်ရှင်ကို ၂၀၁၇ ခုနှစ်မှာ တစ်ဖန်ပြန်လည် ဆန်းသစ်ကာ မတ်လ ၁၇ ရက်နေ့တွင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
 
ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေး “Beauty and The Beast” တေးသွားကို အယ်လန် မန်ကန်(Alan Menken)က သီဖွဲ့ခဲ့ပြီး သီချင်းစာသားကို ဟောဝဒ် အက်ရှ်မန်(Howard Ashman) ကရေးသားခဲ့ပါတယ်။ ဒီသီချင်းကို ၁၉၉၁ ခုနှစ်တုန်းက စီလင်းဒီယွန်(Celine Dion) နဲ့ ပီဘို ဘရိုင်စန်(Peabo Bryson) တို့ စုံတွဲသီဆိုခဲ့ကြပြီး ရုပ်ရှင်ဇာတ်ကားနဲ့အတူ အလွန်အောင်မြင်ခဲ့တဲ့ သီချင်းလေးဖြစ်ပါတယ်။
 
၂၀၁၇ ခုနှစ်မှာတော့ ဂျွန်လဲးဂျန့်(John Legend) နဲ့ နရီယာနာ ဂရန်ဒီ(Ariana Grande) တို့က အသံပါဝါကောင်းကောင်း၊ သီချင်းပုံစံတစ်မျိုးနဲ့ ပြန်လည်သီဆိုခဲ့ပြီး လတ်တစ်လော ဟစ်ဖြစ်နေတဲ့ MTV သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
 
“Beauty and The Beast 2107” မှာတော့ ဟဲရီပေါ်တာမင်းသမီးလေး အီမာဝပ်စန်(Emma Watson) နဲ့ ဒန်စတီဗင်(Dan Stevens) တို့က ခေါင်းဆောင်ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
“Beauty and The Beast” ရုပ်ရှင်နမူနာကို ခံစားကြည့်ပါဦး…။
 

14 Mar 2017     1,352 Views




RELATED

Most Popular of Movies

Most Popular of Entertainment