BEC-TERO TV

ရုံဝင်ကြေးအခမဲ့ ကြည့်ရှုနိုင်မည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ သိမ်ဖြူကွင်းတွင် ကျင်းပမည်

16 Mar 2017     1,522 Views


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌါနနှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ ကြီးမှူး၍ Great Tiger Group တစ်နှစ်ပြည့် အထူးအစီစဉ်အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ မတ်လ ၂၆ ရက်နေ့တွင် ဝင်ကြေးအခမဲ့ဖြင့် ကျင်းပပြုလုပ်သွားည်ဖြစ်ကြောင်း သိရှိရသည်။
 
 
အဆိုပါပွဲစဉ်တွင် ပရိသတ်အကြိုက် နာမည်ကြီးလက်ဝှေ့သမား အတွဲများပါဝင်ပြီး ငါးချီစိန်ခေါ်ပွဲများ ဖြစ်သည်။ ယှဉ်ပြိုင်ထိုးသတ်မည့် တွဲဆိုင်းမျာမှာ -
 
- ရွှေတံဆိပ်ဆုရှင် ကျော်စွာဝင်း(United မန္တလေး) နှင့် လင်းထက်အောင်(တောင်ကလေး)
- ရွှေတံဆိပ်ဆုရှင် ဒေါင်းဖြူ(Adventure) နှင့် ကျော်ဝင်းအောင်(အဖြူရောင်သွေးသစ်)
- ရာဇာ(ရွှေမိုးထိငြိမ်းချမ်းရေး) နှင့် ကရင်ပြည်နယ်နေ့ အောင်လံဆုရှင် သက်ဆိုးပေ(United)
- ရွှေခါးပတ်ချန်ပီယံ မိုက်ရိုင်း(ရွှေဖူး) နှင့် နက္ခတ်အောင်(တောင်ကလေး)
- စိုးထက်ဦး (S.T.L) နှင့် ကရင်ပြည်နယ်နေ့ အောင်လံဆုရှင် မင်းမောင်မောင်(တောင်ကလေး)
- ရွှေခါးပတ်ချန်ပီယံ ရဲသွေးနီ(တောင်ကလေး) နှင့် ထွန်းလွင်မိုး(နဂါးမာန်)
- ရွှေခါးပတ်ချန်ပီယံ ထွန်းနိုင်ဦး(S.T.L) နှင့် မင်းထက်အောင်(တောင်ကလေး)
- ရွှေခါးပတ်ချန်ပီယံ သားအသဲတစ်ပွင့်(ဗမာ့သွေး) နှင့် စောမင်းအောင်(တောင်ကလေး)
- ရွှေခါးပတ်ချန်ပီယံ သွေးသစ်ဝင်းလှိုင်(Adventure) နှင့် ရွှေရာမာဉ်(Mandalay 1886)
- ရွှေခါးပတ်ချန်ပီယံ စိုးလင်းဦး(ဒို့ရိုးရာ) နှင့် ရွှေခါးပတ်ချန်ပီယံ ဖျံသွေး(ရွှေမိုးထိငြိမ်းချမ်းရေး)
တို့ဖြစ်ကြကြောင်း သိရှိရသည်။
 
အနိုင်ရရှိသူများအား ထပ်လောင်းအပိုဆု ချီးမြှင့်မှုနှင့်အတူ ၂၀၁၆ မြန်မာရိုးရာလက်ဝှေ့ထူးချွန်ဆု ပေးအပ်ပွဲကိုလည်း ပူးတွဲကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
 
Ref:မြန်မာ့အလင်း
 

16 Mar 2017     1,522 Views




RELATED

Most Popular of Boxing

Most Popular of NEWS