BEC-TERO TV

ဆံပင်ဆိုးဆေးတွေနဲ့ သန္ဓေတားဆေးတွေဟာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်

16 Mar 2017     1,858 Views


ဆံပင်ဆေးဆိုးခြင်း ၊ ဟော်မုန်းပါဝင်တဲ့ သန္ဓေတားဆေးတွေ သုံးခြင်းကြောင့် ရင်သားကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားသဖြင့် အမျိုးသမီးများ သတိပြုသင့် တယ်လို့ သုတေသီတွေက ပြောထားပါတယ် ။ ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီတက္ကသိုလ် သုတေသီများက ဟော်မုန်းပါဝင်တဲ့ သန္ဓေတားဆေးများသုံးခြင်း ၊ ဆံပင်ဆိုးဆေးများ အသုံးပြုခြင်းကြောင့် ရင်သားကင်ဆာဖြစ်ပွားမှုကြား ဆက်စပ်ပုံကို လေ့လာခဲ့ ကြပါတယ် ။

ရင်သားကင်ဆာဖြစ်ပွားနိုင်သော အကြီးမားဆုံး အန္တရာယ်များတွင် အသက်အရွယ်ကြီးခြင်း ၊ အသက်ကြီးမှ ပထမဆုံးကလေးမွေးခြင်း ၊ သားသမီးနည်းခြင်း ၊ အရက်သောက်သုံးမှုမြင့်မားခြင်း မှင့် လှုပ်ရှားမှုနည်းသော နေထိုင်ပုံတို့ အပါအ၀င် လူနေမှု ဘ၀ ပုံစံနှင့် ဆက်စပ်သော အခြေအနေများ ဖြစ်တယ်လို့ သုတေသီတွေကပြောထားပါတယ် ။

သုတေသီတွေက ရင်သား ကင်ဆာရောဂါသည် အယောက် ၈၀၀၀ နှင့် ထိန်းချုပ်ထားငော အမျိုးသမီး ဦးရေ ၂၀၀၀၀ ထံမှ အချက်အလက်တွေကို လေ့ လာဆန်းစစ်ခဲ့ ကြပါတယ်။ လေ့လာမှု အရ ဟော်မုန်းပါဝင်သော သန္ဓေတားဆေးများ အသုံး မပြုသည့် အမျိုးသမီးများထက် ဆေးဝါးများ သုံးသော အသက် ၅၀ အောက်အမျိုးသမီးများ ဟာ ရင်သား ကင်ဆာ ဖြစ်ပွားနိုင်ခြေ ၃၂ ရာခိုင်နှုန်းပိုမိုမြင့်မားကြောင်းကိုလဲ တွေ့ရှိခဲ့ ကြပါတယ် ။

သုတေသီတွေက ရင်သားကင်ဆာရောဂါအတွက် စစ်ဆေးမှုခံယူသူ ဦးရေကိုလဲ လေ့လာခဲ့ ပြီး လေ့လာမှုတွင် ပါဝင်သူ ၆၀ ရာခိုင်နှုန်း ဟာ အသက် ၅၀ မတိုင်မီ စစ်ဆေးမှု ခံယူခဲ့ ကြကြောင်း လေ့လာတွေ့ရှိခဲ့ ကြပါတယ် ။ ဆယ်ကျော်သက်အရွယ် ကျန်းမာရေးနဲ့ မညီသော အစားအစာ များစားသုံးမှုများသော အမျိုးသမီးများ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေပိုများကြောင်းကိုလဲ ဖော်ပြထားကြပါတယ်။ ရင်သားကင်ဆာအတွက်ပုံမှန်စစ်ဆေးမှုများပြုလုပ်ရန်လိုအပ်ပြီး စောစော စီးစီးစစ်ဆေးတွေ့ရှိပါက ကုသရလွယ်ကူပါတယ်လို့ လဲ ပြောထားကြပါတယ် ။


16 Mar 2017     1,858 Views




RELATED

Most Popular of Special or Others

Most Popular of Life Style